September 16, 2024

ဆရာကြီး Ock Soo Park ၊ Eswatini သုံးဆက်မြောက် ဘုရင် Mswati နှင့် တွေ့ဆုံခြင်း

Eswatini သုံးဆက်မြောက် ဘုရင် Mswati နှင့် Good News Mission အသင်းတော်နှင့် IYF တည်ထောင်သူ ဆရာကြီး Ock Soo Park တို့သည် မတ်လ ၂၈ ရက် ညနေပိုင်း တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။ ဆရာကြီး Ock Soo Park သည် အာဖရိကတောင်ပိုင်း ၆ နိုင်ငံ၏ တရားဝင်ဖိတ်ခေါ်ခြင်းခံခဲ့ရပြီး Malawi, Zambia, Zimbabwe နိုင်ငံများသို့ သွားရောက်ပြီးနောက် Eswatini သို့ ရောက်ရှိလည်ပတ်နေသည်။

ယခုတစ်ကြိမ် ဘုရင် Mswati နှင့် ဆရာကြီး Ock Soo Park တို့၏ တွေ့ဆုံမှုသည် ခုနစ်ကြိမ်မြောက် ဖြစ်ခဲ့သည်။

ပထမဦးဆုံး တွေ့ဆုံမှုသည် ၂၀၁၆ ခုနှစ် Eswatini အမျိုးသားတက္ကသိုလ် ဘွဲ့နှင်းသဘင်၌ ဒေသခံဘာသာစကားဖြင့် သီချင်းဆိုပေးသော Saesori ဂီတကျောင်းမှ ကျောင်းသူ/သားများကို သဘောကျသွားပြီး၊ ကျောင်းသူ/သားများ၏ စိတ်ဝိညာဥ်ပိုင်းဆိုင်ရာ ဆရာဖြစ်သော ဆရာကြီး Ock Soo Park ကို နန်းတော်သို့ ဖိတ်ခေါ်ကာ တွေ့ဆုံဖို့ရန် ဖြစ်လာခဲ့သည်။

ပထမဦးဆုံး တွေ့ဆုံခြင်းသည် အစပိုင်းတွင် မိနစ် ၄၀ သာဖြစ်မည်ဟု ခန့်မှန်းထားသော်လည်း၊ ဆရာကြီး Ock Soo Park ၏ ဆွေးနွေးခြင်းအားဖြင့် ဘုရင်က သတ်မှတ်ထားတဲ့အချိန်ထက် ပိုပေးသည့်အတွက်ကြောင့် စုစုပေါင်း မိနစ် ၉၀ အချိန်ရခဲ့ပါသည်။ ထိုအချိန်မှစတင်၍ ဘုရင်သည် ဘုရင့်ဆုတောင်းပွဲအစီအစဥ်၊ တော်ဝင်မိသားစု ဆက်ဆံရေး စသည့်အရာများတွင် ဆရာကြီး Ock Soo Park နှင့် ဆက်လက်တွေ့ဆုံခဲ့ကြပြီးနောက် ပိုမို ခိုင်မာသောဆက်ဆံရေးဖြစ်ခဲ့ပါသည်။ ၂၀၁၈ ၊ မတ်လတွင် ဘုရင်ကြီးသည် Manzini မြို့တွင် ၂၄ ဧကရှိသော မြေကြီးကို IYF သို့ လှူဒါန်းခဲ့ပြီး၊ ယခုလက်ရှိ Eswatini အခြေစိုက် IYF ဌာနခွဲက ယင်းမြေကြီးတွင် လူငယ် Center ကို တည်ဆောက်နေဆဲဖြစ်ပါသည်။

 

ယခုတစ်ခေါက်တွေ့ဆုံမှု အပါအဝင် စုစုပေါင်း ခုနစ်ကြိမ်တွေ့ဆုံခြင်း အကျဥ်းချုပ်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။

  • ၂၀၁၆ ခုနှစ် ၉ လပိုင်း/ ၂၀၁၇ ခုနှစ် ၁၀ လပိုင်း/ ၂၀၁၈ ခုနှစ် ၃ လပိုင်း/ ၂၀၁၉ ခုနှစ် ၃ လပိုင်း/ ၂၀၂၂ ခုနှစ် ၃ လပိုင်း – ဘုရင်ကြီး ဖိတ်ခေါ်ခြင်းအားဖြင့် တွေ့ဆုံခြင်း
  • ၂၀၁၆ ခုနှစ် ၁၀ လပိုင်း – Eswatini (Swaziland) ဘုရင့်ဆုတောင်းပွဲအစီအစဥ် ဆရာကြီး Ock Soo Park အား ဖိတ်ခေါ်တွေ့ဆုံခြင်း
  • ၂၀၁၈ ခုနှစ် ၉ လပိုင်း – UN အထွေထွေညီလာခံ ထိပ်သီးအစည်းအဝေး တက်ရောက်ရန် အမေရိကန်သို့ ရောက်ရှိနေသော ဘုရင်ကြီးနှင့် တွေ့ဆုံခဲ့ခြင်း

 

ကိုရိုနာကပ်ရောဂါကြောင့် ခဏတာ ဘုရင်ကြီးနှင့် တွေ့ဆုံခွင့်မရခဲ့ပါ။ များမကြာမီအချိန်အတောအတွင်း ဆရာကြီး Ock Soo Park ၏ အစ္စရေးခရီးစဥ်အပြီး တောင်အာဖရိကသို့ လည်ပတ်မည်ဆိုသော သတင်းကို ကြားသည့် ဘုရင်ကြီးသည် ဆရာကြီး Ock Soo Park ကို တရားဝင် ဖိတ်ခေါ်ခဲ့ပါသည်။ သို့ဖြစ်ရာ ၃ နှစ်ကြာမှ ပြန်လည်ဆုံတွေ့ခွင့်ရရှိခဲ့ခြင်း ဖြစ်သည်။

 

၃ ဆက်မြောက် ဘုရင် Mswati က “တွေ့ဆုံရတာ ဝမ်းသာပါတယ်။ နောက်တစ်ခေါက် ကိုရီးယားမှ ရောက်ရှိလာပေးလို့ ကျေးဇူးတင်ပါတယ်။ “ ဆိုပြီး ဆရာကြီး Ock Soo Park နှင့် အဖွဲ့ဝင်များကို ဝမ်းမြောက်ဝမ်းသာစွာ ကြိုဆိုခဲ့ပါသည်။ ၃ နှစ်ကြာရှိသွားပြီဆိုသော်လည်း ရင်းနှီးသောမိတ်ဆွေကို ဆက်ဆံသကဲ့သို့ ခင်မင်ရင်းနှီးစွာ ပြန်လည်ဆုံဆည်းခဲ့ကြသည်။ ဆရာကြီး Ock Soo Park သည် အစ္စရေးခရီးစဥ်မှစတင်ပြီး Eswatini အပါအဝင် အာဖရိကတောင်ပိုင်းနိုင်ငံများသို့ လာရောက်လည်ပတ်ခဲ့ပြီး ဘုရင်ကြီးနှင့် ပြန်လည်ဆုံတွေ့ခြင်းအတွက် ဝမ်းမြောက်ကြောင်း ပြောကြားခဲ့သည်။ ဘုရင်ကြီးက “ ဆရာကြီး Ock Soo Park ဟောပြောတဲ့ နှုတ်ကပတ်တော်ကို သတိရနေခဲ့ပါတယ်“ဟုဆိုပြီး အာဖရိက၊ အထူးသဖြင့် Eswatini သို့ လာရောက်ပေးခြင်းကို ကျေးဇူးတင်ခဲ့သည်။

ပြီးနောက် Center ဆောက်လုပ်ရေးလုပ်ငန်းစဥ်နှင့် Mind ကျောင်း၊ ဗိသုကာကျောင်း စသည့် Center အသုံးပြုပုံ အစီအစဥ်နှင့် အမြင်များကို ဆွေးနွေးခဲ့ကြပြီး၊ လိုင်ဘေးရီးယား၌ တစ်နှစ်သာသနာပြုနေစဥ် ကင်းမြီးကောက် ကိုက်ခံရ၍ သေလုမြောပါးဖြစ်ခဲ့သော လူငယ်တစ်ယောက်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့် ခွန်အားရရှိပြီး အသက်ရှင်ခွင့်ရခဲ့သည့်အကြောင်းအရာနှင့် ဘုရားသခင် ကူညီမစပေးသည့် ကမ္ဘာအကြောင်းကို ဆရာကြီး Ock Soo Park က ပြောပြပေးခဲ့သည်။ ထို့ပြင် “ကျမ်းစာမှာကတော့ ဘယ်အချိန်မဆို ရဟောဝါကို မျှော်လင့်လော့လို့ ပြောပါတယ်။ သို့ပြုလျှင် ဘုရားသခင်က သင့်အား ခွန်အားသစ် ပေးပါတယ်“ ဟုဆို၍ ယေဟောဝါကို အားကိုးရန် အကြံပေးခဲ့ပါသည်။ ဘုရင်ကြီးက ဆရာကြီး Ock Soo Park ကို “အရမ်းဝမ်းမြောက်ပါတယ်။ မြင့်မြတ်တဲ့ Pastor က အားပေးလှုံ့ဆော်တဲ့သတင်းစကားတွေနဲ့အတူ အမြဲရောက်လာတယ်“ “ဆရာ့လို ပုဂ္ဂိုလ်နဲ့ တွေ့ဆုံခွင့်ရတာ အရမ်းကောင်းပါတယ်။ ဒီနိုင်ငံအတွက်၊ ကျွန်တော်တို့ နိုင်ငံသူ/သားတွေအတွက်၊ ဆုတောင်းဖို့ မမေ့ပါနဲ့” ဟု တောင်းဆိုခဲ့ပါသည်။ ဆက်လက်၍ “ကျွန်တော်တို့ နိုင်ငံသူ/သားတွေအနေနဲ့ ယုံကြည်ခြင်းနဲ့ ဘုရားသခင်ရဲ့ သတင်းစကားကို လက်ဆင့်ကမ်းပေးနိုင်တဲ့ ဆရာကြီးလိုလူတွေဆီက သင်ယူနိုင်မယ့်ကျောင်းကို အရမ်းမျှော်လင့်နေပါတယ်။“ ဟု ပြောပါသည်။ထို့နောက် ကိုရီးယား ဆေးဘက်ဆိုင်ရာဝန်ထမ်းများ ရောက်ရှိလာသော အစီအစဥ်နှင့် ဆေးဘက်ဆိုင်ရာပစ္စည်းများနှင့် နည်းပညာဖလှယ်ခြင်း၊ ပြီးနောက် အသစ်ဆောက်လုပ်နေဆဲဖြစ်သော ဆေးကုသရေးစင်တာ (Medica Center) လည်ပတ်ဆောင်ရွက်မှု စသည်တို့နှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။

တွေ့ဆုံမှုအပြီးတွင် ဆရာကြီး Ock Soo Park သည် ဆုတောင်းပေးခြင်းအားဖြင့် ဘုရင်ကြီးနှင့် Eswatini ကို ကောင်းကြီးမင်္ဂလာပေးပြီး ဘုရားသခင်နှင့်အတူရှိနေခြင်းအားဖြင့် တိုင်းပြည်၏ ငြိမ်းချမ်းသာယာဝပြောမှုကို တောင်းခံခဲ့ပြီး၊ သူငယ်ချင်းကောင်း၏ အိမ်ကို လာလည်သကဲ့သို့ နွေးထွေးသော နှုတ်ဆက်စကားများနှင့် အပြန်အလှန်ဖလှယ်ကြပြီး နောက်တစ်ကြိမ် တွေ့ဆုံဖို့ရန် ကတိပေးလုပ်ခဲ့ကြသည်။


ထိုနေ့မတိုင်ခင် မနက်ပိုင်းတွင် ဆရာကြီး Ock Soo Park သည် (Cleopas Dlamini) Eswatini ဝန်ကြီးချုပ်နှင့်လည်း တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံချိန်တွင် ဆရာကြီး Ock Soo Park သည် စင်တာအတွက် ပံ့ပိုးမှုအပါအဝင် IYF လှုပ်ရှားမှုအတွက် အပြည့်အဝ ပံ့ပိုးကူညီပေးနေသော ဘုရင်ကြီးအား ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါသည်။ ဝန်ကြီးချုပ်က Eswatini သို့ လူငယ်များရောက်ရှိလာခြင်းကို ကြိုဆိုကြောင်းနှင့် Eswatini နိုင်ငံသူ/သားများအတွက် အလုပ်လုပ်ပေးသည့်အရာကို ကျေးဇူးတင်ကြောင်းပြောကြားခဲ့ပါသည်။ နိုင်ငံတကာ အခြေအနေများနှင့် နိုင်ငံအချင်းချင်း အပြန်အလှန် ဆွေးနွေးဖလှယ်မှုများ လုပ်နေစဥ်၊ ဆရာကြီး Ock Soo Park နှင့် အတူရောက်ရှိလာသော Gracias Choir အဖွဲ့ကို သီချင်းဆိုခိုင်းခဲ့ပါသည်။ Choir အဖွဲ့၏ သီချင်းကို နားထောင်ခဲ့သော ဝန်ကြီးချုပ်က “ဘယ်သူက ဒီလို သင်ကြားပေးခဲ့သလဲ။ အရမ်းကို အံ့သြသွားခဲ့ပါတယ်” ဟုဆိုပြီး “ဘုရင်ကြီးအတွက် သေချာပေါက် သီချင်းဆိုပေးရမယ်။ လေးလေးနက်နက် အကြုံပြုလိုပါတယ်“ ဟူ၍လည်း ခံစားချက်ကို ဖော်ပြခဲ့ပါသည်။

ဆရာကြီး Ock Soo Park သည် စင်တာတည်ဆောက်မှု အခြေအနေကို အသိပေးခြင်း၊ Mind Education နှင့် ယုံကြည်ခြင်းပညာ၊ နိုင်ငံသူ/သားများ၏ ကာယပညာနှင့် အပန်းဖြေလှုပ်ရှားမှုများအတွက် နေရာတစ်ခုအဖြစ် စင်တာကို အသုံးပြုနိုင်ရန် အစီအစဥ်များနှင့် မျှော်မှန်းချက်များကို ပြောခဲ့ပါသည်။ နောက်တစ်ခေါက် ရောက်ရှိလာလျှင် ကိုရီးယားဆေးဘက်ဆိုင်ရာဝန်ထမ်းများနှင့် အတူ နှစ်နိုင်ငံကြား ဆေးဝါးကုသရေးနှင့် နည်းပညာဖလှယ်မှုကို အဆိုပြုခဲ့ပါသည်။ ဝန်ကြီးချုပ်သည် စင်တာဆိုက်ကို သွားရောက်ကြည့်ရှုမည့်အရာနှင့် မီဒီယာများမှ တဆင့် နိုင်ငံသူ/သားတွေကို စင်တာနှင့်ပတ်သက်ပြီး အသိပေးမည်ဟု ကတိပြုခဲ့ပါသည်။ ဆရာကြီး Ock Soo Park က အဆောက်အဦးပြီးစီးရန် ၁ နှစ်ခန့်ကြာမြင့်မည်ဟု မှန်းဆပြီး တိုးချဲ့အဆောက်အဦးများကို ဖြည်းဖြည်းချင်း ဆောက်လုပ်သွားမည်ဟု ဆိုခဲ့ပါသည်။ ထပ်မံ၍ Mind ပညာရေးစာအုပ်ကို မိတ်ဆက်ပေးရင်း Mind Education ကို ရှင်းပြခဲ့ပြီး၊ Eswatini ၌လည်း အသုံးပြုရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။

Eswatini ဘုရင်ကြီး၊ ဝန်ကြီးချုပ်တို့နှင့် တွေ့ဆုံချိန်တွင် Eswatini ကို ကောင်းကြီးမင်္ဂလာပေးရန် ဦးဆောင်သူများ၏ စိတ်နှလုံးသားကို ဘုရားသခင်က လမ်းပြပေးခဲ့ပါသည်။ ဆရာကြီး Ock Soo Park၊ IYF တို့နှင့် သီးသန့်တွေ့ဆုံဖလှယ်မှုများမှတဆင့် Eswatini သည် ပို၍ဖွံ့ဖြိုးတိုးတက်နေပြီး၊ ထိုအရာတို့အပြင် ဘုရားသခင် စောင့်ရှောက်ပေးပြီး ဆွဲခေါ်ပေးသော နိုင်ငံဖြစ်ရန် မျှော်လင့်နေပါသည်။

နောက်ဆုံးတင်ထားသော ပို့စ်များ