September 16, 2024

What We Believe

သမ္မာကျမ်းစာ

သမ္မာကျမ်းစာဆိုသည်မှာ သန့်ရှင်း၍မဖောက်ပြန်နိုင်သည့် ဘုရားသခင်၏ နှုတ်ကပတ်တော်ပင်ဖြစ်သည်။ ထိုနှုတ်ကပတ်တော်သည် သမ္မာတရားဖြစ်ပြီး၊ မှားယွင်းခြင်း၊ ဖောက်လွဲခြင်း အလျဉ်းမရှိပေ။

ဘုရားသခင်

ဘုရားသခင်သည် တစ်ဆူတည်းသာရှိပြီး၊ အဖခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော်ဟူသည့် သုံးပါးတစ်ဆူဘုရားဖြစ်သည်။

ယေရှုခရစ်တော်

ယေရှုခရစ်တော်သည် ဘုရားသခင်၏ သားတော်ဖြစ်ပြီး အသွေးအသား လူဇာတိကိုခံယူခဲ့ကာ အပြစ်နှင့်မစပ်ဆိုင်သော ပြီးပြည့်စုံသည့် လူသားဖြစ်သည်။ ယေရှုခရစ်တော်သည် လက်ဝါးကပ်တိုင်တွင် အသေခံတော်မူခြင်းအားဖြင့် ဤလောက၏ အပြစ်အလုံးစုံကိုဆေးကြော ယူဆောင်သွားခဲ့ပြီး ဖြစ်သည်။ ကားတိုင်တွင် အသေသတ်ခံရပြီးနောက် သုံးရက်မြောက်နေ့တွင် ရှင်ပြန်ထမြောက်ခဲ့သည်။

သန့်ရှင်းသော ဝိညာဉ်တော်

သန့်ရှင်းသော ဝိညာဉ်တော်သည် သန့်ရှင်းဖြောင့်မတ်သူများ၏ စိတ်နှလုံးအတွင်းတွင် ကျိန်းဝပ်စံပယ် လျက် ဦးဆောင်လမ်းပြညွှန်းကြားပေးသည်။

လူ

လူကို ဘုရားသခင်၏ပုံသဏ္ဏာန်နှင့်အညီ ဖန်ဆင်းခဲ့သည်။ စာတန်၏စကားကို နားထောင်ချိန်မှ စတင်ကာဘုရားသခင်ကို ငြင်းဆန်ခဲ့သည့်အလျောက်၊ အပြစ်သည်လည်း ဤလောကအတွင်းသို့ ဝင်ရောက်ခဲ့သည်။အပြစ်သားအဖြစ် မွေးဖွားခဲ့ပြီး ဖြစ်သည့်အလျောက် လူသတ္တဝါများသည် အပြစ်ကို ကျူးလွန်ခြင်းဖြစ်သည်။၎င်းတို့အနေဖြင့် မိမိတို့စိတ်နှလုံးအကြံအစည်မှ နောင်တရတွင်သည့်အခါ ဘုရားသခင်၏နှုတ်ကပတ်တော်ကို နှလုံးသွင်းနိုင်မည်ဖြစ်ပြီး သို့နှင့်အလျောက် ယေရှုခရစ်ရွေးနှုတ်တော်မူခြင်းအားဖြင့် အဖိုးအခကိုမပေးဘဲကယ်တင်တော်မူခြင်းသို့ရောက်ရှိကာ ဘုရားသခင်၏ သား၊သမီးဖြစ်ခွင့်ရလာသည်။

ကယ်တင်ခြင်း

ကယ်တင်ခြင်းသည် လူ့ဖြောင့်မတ်ခြင်းမဟုတ်ဘဲ ယေရှုခရစ်၏အသွေးတော်နှင့် ရွေးနှုတ်တော်မူခြင်းအားဖြင့်ထာ၀ရဘုရား၏ဖြောင့်မတ်ခြင်းပင် ဖြစ်ကာ၊ ထာ၀ရရွေးနှုတ်ကယ်တင်ခဲ့ပြီး ဖြစ်သည်။ ဘုရားသခင်၏ ကျေးဇူးတော်ကြောင့်သာ ရရှိသည့်ဖြောင့်မတ်သန့်ရှင်းခြင်းဖြစ်သည်။

အသင်းတော်

အသင်းတော်ဆိုသည်မှာ ယေရှုခရစ်တော်အားဖြင့် သန့်ရှင်းစေသည့် ဖြောင့်မတ် သန့်ရှင်းသူများစုဝေးခြင်းပင်ဖြစ်သည်။ ထိုသို့ စုဝေးခြင်းသည် ပွဲတော်ပေးခြင်း၊ မိတ်ဿဟာယပြုခြင်းနှင့် နှစ်ခြင်းပေးခြင်းတို့ဖြစ်သည်။

နောက်ဆုံးသောနေ့ရက်

ဘုရားသခင်သတ်မှတ်သည့်အချိန်၊ နည်းလမ်းအားဖြင့် ဤလောကကမ္ဘာသည် အဆုံးသတ်ခြင်းသို့ရောက်မည်ဖြစ်သည်။ ယေရှုခရစ်တော်သည် မြင်နိုင်သော ဘုန်းတန်ခိုး အာနုဘော်နှင့်ပြန်လည် ဆင်းကြွ ဆင်းလာမည်ဖြစ်ကာ သေဆုံးသောသူများသည် ပြန်လည်ထမြောက်လာမည်ဖြစ်သည်။ ဒုတိယမွေးဖွားခြင်းခံပြီး သူများ၏ခန္ဓာကိုယ်သည် ဘုန်းအာနုတော်ခံယူထားသည့် ခန္ဓာကိုယ်ဖြင့် ထမြောက်လာမည်ဖြစ်ကာ ထာ၀ရဘုရားသခင်နှင့်အတူ ကောင်းကင်ဘုံ၌ ထာ၀ရစံစားရမည်ဖြစ်သည်။ ဒုတိယမွေးဖွားခြင်းမခံယူသည့်  အပြစ်သားများ၏အပြစ်စီရင်ရာနေရာတွင် နေရမည်ဖြစ်သည်။

နောက်ဆုံးတင်ထားသော ပို့စ်များ