၂၀၂၂ ခုနှစ် မြန်မာနိုင်ငံအတွက် ကြီးမားသော ကောင်းကြီးမင်္ဂလာ အစပြုခြင်း
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ရက်နေ့တွင် မြန်မာသာသနာပြုဆရာကြီး Kim Jong Ho သည် ရန်ကုန် မြန်မာဂွတ်ဒ်နယူးစ် အသင်းတော်သို့ ရောက်ရှိလာခဲ့ရာ ညီအစ်ကိုမောင်နှမများမှ ဝမ်းမြောက်ပျော်ရွှင်စွာ ကြိုဆိုခဲ့ကြပါသည်။ မြန်မာနိုင်ငံသို့ အသစ်ရောက်ရှိလာသော မြန်မာ သာသနာပြုဆရာကြီး Kim Jong Ho သည် ခရီးရောက် လျှင်ရောက်ချင်း ရန်ကုန်အသင်းတော်၌ ဖေဖော်ဝါရီ ၁၄ ရက်မှ ၁၉ ရက်အထိ Pastor Training Camp ပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံအနှံ့ရှိ Good News Mission အသင်းတော်အသီးသီးမှ အမှုတော်ဆောင်ဆရာ၊ ဆရာမများ တက်ရောက်ပါဝင်ခဲ့ကြပါသည်။ ထိုအချိန်တွင် မြန်မာနိုင်ငံ၌ COVID – 19 စတုတ္ထလှိုင်းဖြစ်သော Omicron ပြင်းထန်နေချိန်ဖြစ်၍ လူစုဝေးရန် အခက်အခဲရှိခဲ့သော်လည်း လွန်ခဲ့သည့် ၂ နှစ်ပတ်လုံး အသင်းတော်၌ လူစုဝေးခြင်း၊ ဝတ်ပြုစည်းဝေးခြင်းများ ပြုလုပ်ခွင့်မရခဲ့ပေ။
သို့သော် ဆရာကြီး Kim Jong Ho သည် ဘုရားသခင်ထံ ကျေးဇူးတော်တောင်းခံကာ Pastor Training Camp ကို ကိုဗစ်စည်းကမ်းချက် များနှင့်အညီ လူစုဝေးကာ Pastor Training Camp ပြုလုပ်ရန် လမ်းပြခဲ့သောကြောင့် အမှုတော်ဆောင် ဆရာ၊ ဆရာမ စုစုပေါင်း အယောက် ၁၀၀ ခန့် ပါဝင်တက်ရောက်ခဲ့ကြပါသည်။ (ကိုဗစ်စည်းကမ်းချက်များအရ လူ ၂၀၀ အောက် စုဝေးခွင့်ရပါသည်) ဖေဖော်ဝါရီလ ၁၄ ရက်မှ ၁၉ ရက်နေ့အထိ Pastor Training Camp အတွက် ဆရာကြီး Kim Jong Ho နှင့် မြန်မာနိုင်ငံရှိ Good News Mission အသင်းတော်အသီးသီးမှ အမှုတော်ဆောင်ဆရာများ စုဝေးခဲ့ကြပါသည်။ Omicron ပြင်းထန်လာသည့်အတွက်ကြောင့် လူစုလူဝေးပြုလုပ်ရန် ခက်ခဲသော်လည်း ထိုသို့ မလုပ် ဖြစ်ခဲ့သည်မှာ ၂ နှစ်ခန့်ကြာပြီဖြစ်သောကြောင့် ဘုရားသခင်ထံမှ ကျေးဇူးတော်ခံစားလိုသော စိတ်ဖြင့် ကျင်းပခဲ့ပါသည်။ မြန်မာတစ်နိုင်ငံလုံးမှ အမှုတော်ဆောင်ဆရာ၊ ဆရာမ စုစုပေါင်း အယောက် ၁၀၀ ခန့် ပါဝင်တက်ရောက်ခဲ့ကြပါသည်။
ည ၇ နာရီအချိန်တွင် အရှေ့တောင်အာရှ တာဝန်ခံဆရာကြီး Rev.Park Hee Jinအား ဖိတ်ခေါ်ခြင်းအားဖြင့် ရုသဝတ္ထုလေ့လာခြင်းအစီအစဉ်ကို ပြုလုပ်ခဲ့ပါသည်။ ဆရာကြီးမှ နောမိသည် မိမိကိုယ်ကို ယုံကြည်ကာ မောဘပြည်သို့ သွားခဲ့သည့်အရာမှာ သေခြင်းတရားဖြစ်ကြောင်းကို နားလည်သဘောပေါက်ခဲ့ပြီးနောက် ဗက်လင်မြို့သို့ ပြန်သွားခဲ့သော အကြောင်းအရာကို ဟောပြောပို့ချပေး ခဲ့ပါသည်။ ရုသသည် ဗက်လင်မြို့သို့သွားရန် မထိုက်တန်ခဲ့သော်လည်း နောမိနောက်လိုက်ကာ ဗက်လင်မြို့သို့ ရောက်ရှိခဲ့သကဲ့သို့ကျွန်ုပ်တို့သည်လည်း ကယ်တင်ခြင်းလက်ခံရန် မထိုက်တန်သော်လည်း ဘုရားသခင်၏ ကျေးဇူးတော်နှင့် ယုံကြည်ခြင်းအားဖြင့်သာ ကယ်တင်ခြင်း လက်ခံရရှိခဲ့ခြင်းဖြစ်ပါသည်။ စပါးကျန်ဆို သည့်အရာမှာ မုဆိုးမနှင့် အားနည်းသော သူများအတွက် ဘုရားသခင် ပြင်ဆင်ထားသည့်အရာဖြစ် သောကြောင့် ရုသသည်လည်း ကျေးဇူးတော် အားဖြင့် စပါးကျန် ကောက်ခွင့် ရရှိခဲ့ပါသည်။ ဘုရားသခင်သည် မပြည့်စုံသော ရုသအတွက် အရာအားလုံးကို ပြင်ဆင်ပြီးသားဖြစ်ပါသည်။ ရုသသည် နောမိအထဲ၌ ရှိသော ဘုရားသခင်ကို ယုံကြည်ပြီး လိုက်သွားသောအခါ ထိုနေရာ၌ ဘုရားသခင်ပြင်ဆင်ထားသော ကျေးဇူးတော်ကို မွေ့လျော်စံစားခွင့် ရရှိခဲ့ကြောင်း ဟောပြောဝေငှပေးခဲ့ပါသည်။
နေ့လယ်ပိုင်းအချိန်တွင် ထိုင်းနိုင်ငံရှိ အမှုတော်ဆောင်ဆရာကြီး Rev.Kim Hak Cheol မှ နှုတ်ကပတ်တော်ခွန်အားပေးခဲ့ပါသည်။ ပေတရုအား ‘ငါသည် သင့်ကို လူကို ဖမ်းသော တံငါသည် ဖြစ်စေမည်’ဟု မိန့်တော်မူခဲ့သော ယေရှုခရစ်တော်၏နှုတ်ကပတ်တော်အတိုင်း အသုံးမကျ သောသူဖြစ်သော်လည်း ထိုကတိတော်သည် ပေတရုအား ဆွဲခေါ်မစပေးခဲ့သကဲ့သို့ ကျွန်ုပ်တို့သည် တပါးသူထက် ဉာဏ်ကောင်း၍ တော်သောကြောင့် အမှုတော်ဆောင်ခြင်းမဟုတ်ဘဲ ကျွန်ုတို့ကို ဘုရားသခင့်ကမ္ဘာထဲ ဆွဲခေါ်ပေးကာ အလုပ်လုပ်ပေးသော ယေရှုခရစ်တော်၏ ကျေးဇူးတော် ကြောင့်သာ အမှုတော်ဆောင်နိုင်ခြင်းဖြစ်ကြောင်း ဟောပြောခဲ့ပါသည်။ ထို့နောက် မြန်မာ အမှုတော်ဆောင် ဆရာ၊ ဆရာမများသည်လည်း ထိုနှုတ်ကပတ်တော်အား ခွန်အားယူကာ ယေရှုခရစ် တော်သာလျှင် အလုပ်လုပ်သော အသက်တာ အသက်ရှင်ကြရန် မျှော်လင့်ကြောင်း ဟောကြား ခဲ့ပါသည်။
မြန်မာနိုင်ငံ သာသနာပြုဆရာကြီး Rev. Kim Jong Ho မှ နံနက်အာရုဏ်ဦးဝတ်ပြုခြင်းအစီအစဉ်နှင့် မနက်ပိုင်းအစီအစဥ်တွင် ဟေဗြဲသြဝါဒစာနှင့် ‘ကမ္ဘာနှစ်ခု၏ တိုက်ပွဲ ရွေးချယ်မှု’ စာအုပ်အားဖြင့် ယုံကြည်ခြင်းအသက်တာ သင်ကြားပေးခဲ့ပါသည်။ ထို့နောက် ‘ငါက လက်ခြေသေရောဂါသည်ဖြစ်လို့ မထနိုင်ဘူး။ မလုပ်နိင်ဘူး’ ဆိုသည့် မိမိ အကြံအစည်ထဲတွင် နစ်မြုပ်နေခဲ့သော အဲနေသည် ၈နှစ်တာကာလ ပတ်လုံး လက်ခြေသေသောသူအဖြစ် အသက်ရှင်ခဲ့သော်လည်း ဘုရားသခင်ကျွန် ပေတရုနှင့် တွေ့ကာ ပေတရုသည် သူ၏ စိတ်ထဲ ယေရှုခရစ်တော်၏စိတ်ကို ထည့်သွင်းပေးသည့်အခါ မိမိ အကြံအစည်ကို စွန့်ပစ်ပြီး နှုတ်ကပတ်တော်ကို ရွှေးချယ်ကာ လမ်းလျှောက်နိုင်ခဲ့ပါသည်။
ကျွန်ုပ်တို့သည်လည်း မိမိ အကြံအစည်နောက်လိုက်ကာ အသက်ရှင်မည်ဆိုလျှင် အဲနေကဲ့သို့ လက်ခြေသေသောသူအဖြစ်သာ အသက်ရှင်ရမည်ဖြစ်သော်လည်း မိမိ အကြံအစည်ကို စွန့်ပစ်ကာ ဘုရားသခင်ကျွန် ဟောပြောသော နှုတ်ကပတ်တော်နှင့် လမ်းပြခြင်းကို လက်ခံမည်ဆိုလျှင် ဘုရားသခင်သည် ဧကန်အမှန် အလုပ်လုပ်ပေးမည်ဖြစ်ကြောင်း ဟောပြောဝေငှပေးခဲ့ပါသည်။ ထို့နောက် ကျမ်းစာဖတ်သည့်အရာနှင့်ပတ်သက်၍ အမှုတော်ဆောင် ဆရာ၊ ဆရာမကိုယ်တိုင် နှုတ်ကပတ်တော်ရှိမှသာလျှင် အသင်းတော်ညီအစ်ကိုမောင်နှမများအား လမ်းပြပေးနိုင်မည်ဖြစ်၍ ကျမ်းစာကို ယုံကြည်ခြင်းအားဖြင့် မည်သို့ဖတ်ရမည်ကို အသေးစိတ်သင်ပြပေးခဲ့ပါသည်။ စာတန် အလိမ်ခံရကာ နှုတ်ကပတ်တော်မရှိဘဲ အသင်းတော်ညီအစ်ကိုမောင်နှမများကို ကောင်းကောင်း လမ်းပြနိုင်ရန်သာ ကြိုးစားနေသောစိတ်မှ လွတ်မြောက်စေခဲ့ပါသည်။ ထိုအချိန်မှစတင်ကာ ကျမ်းစာကို ဝမ်းမြောက်ခြင်း၊ မျှော်လင့်ခြင်းအားဖြင့် ဖတ်လိုသောစိတ်ကို ဘုရားသခင် မစပေးခဲ့ပါသည်။
နှုတ်ကပတ်တော်ကြားနာပြီးသည့်အချိန်တိုင်း Group Meeting အစီအစဥ် ပြုလုပ်ခဲ့ပါသည်။ အမှုတော်ဆောင်ဆရာများဖြစ်သော်လည်း ယုံကြည်ခြင်းအားဖြင့် အသက်မရှင်ဘဲ ဝန်ထုပ်ဝန်ပိုး၊ အခက်အခဲနှင့် ရင်ဆိုင်ကြုံတွေ့ရမည်ဆိုပါက အခြေအနေထဲတွင် နစ်မြုပ်ကာ စိတ်ပျက်သွားသည့် မိမိ ပုံစံကို နှုတ်ကပတ်တော်အားဖြင့် ရှာဖွေတွေ့ရှိခဲ့ပြီးနောက် ထိုစာတန်၏ အကြံအစည်ထဲမှ လွတ်မြောက်ကာ နှုတ်ကပတ်တော်ခွန်အားရရှိခံစားခဲ့ပါသည်။ ထို့နောက် ဘုရားသခင်ကျွန်နှင့် အသင်းတော်၏ လမ်းပြခြင်းကို သင်ယူကာ အသစ်သောစိတ်ကမ္ဘာကို လက်ခံရရှိခဲ့ပါသည်။ စာတန်အလိမ်ခံကာ အသက်ရှင်ခဲ့သော မိမိပုံစံကို ရှာဖွေတွေ့ရှိပြီးနောက် နှုတ်ကပတ်တော်ဘက်သို့ ပြန်လှည့်လာပြီး မျှော်လင့်ခြင်းပြည့်ဝသော ယုံကြည်ခြင်းသက်သေခံချက်များလည်း များစွာ ထွက်ပေါ်လာခဲ့ပါသည်။
ဆရာနော်ဆိုင်ဒီး
ဘုရားသခင်ကျွန် ဆရာကြီးရဲ့ နှုတ်ကပတ်တော် နားထောင်ပြီး စာတန်ပေးတဲ့ အကြံအစည်ထဲကနေ ကျွန်တော် လွတ်မြောက်ခွင့်ရခဲ့ပါတယ်။ အဲနေက ၈ နှစ်ပတ်လုံး ကိုယ့်ရဲ့ အကြံအစည်ရဲ့ ချုပ်ထား ခြင်းခံခဲ့ရပေမဲ့ ဘုရားသခင်ကျွန်နဲ့ တွေ့တဲ့အခါ လမ်းလျှောက်နိုင်ခဲ့သလို ကျွန်တော့်အနေနဲ့ မဖြစ်နိုင်ပေမဲ့ ကျွန်တော့်အနေနဲ့ မတတ်နိုင်ပေမဲ့လည်း ယေရှုခရစ်တော်အားဖြင့် စာတန်ရဲအကြံအစည်ထဲက လွတ် မြောက်ပြီး ကျွန်တော်က စုံလင်တဲ့သူဖြစ်တယ်ဆိုတဲ့အရာကို ယုံကြည်လက်ခံတဲ့အခါ စိတ်ထဲမှာ မျှော် လင့်ခြင်း ဖြစ်ပေါ်လာပါတယ်။ ရှေ့ဆက်ပြီးတော့ ဘုရားသခင်ကျွန်ဆရာကြီးဆီက ယုံကြည်ခြင်း သင်ယူပြီး မြန်မာနိုင်ငံမှာ ကြီးမားစွာ အလုပ်လုပ်ပေးမယ့် ဘုရားသခင်ကို စဥ်းစားကြည့်တဲ့အခါ အရမ်း ကျေးဇူးတင်ပါတယ်။
ဆရာဇော်မိုင်
ကျွန်တော်တို့က စာတန်နဲ့ စစ်တိုက်ပြီး အနိုင်ရချင်တယ်ဆိုရင် နှုတ်ကပတ်တော်နဲ့ပဲ တိုက်ရမှာဖြစ်တယ်လို့ ဆရာကြီးက သင်ပေးခဲ့ပါတယ်။ ကျွန်တော်တို့ စိတ်နှလုံးသားထဲမှာ နှုတ်ကပတ် တော်စိုက်ပျိုးထားမှပဲ စာတန်ကို နိုင်လို့ရတဲ့အရာကို သေသေချာချာ မသိခဲ့တဲ့အတွက်ကြောင့် အမှုတော် ဆောင်အသက်တာကို ခက်ခဲသလို ခံစားခဲ့ပါတယ်။ ဒါပေမဲ့ ဆရာကြီးက ကျွန်တော်တို့က ကယ်တင်ခြင်းရရှိတဲ့ ဘုရားသခင်ရဲ့သား၊ ဘုရားသခင်ရဲ့ အမွေခံဖြစ် ကြောင်းပြောပြပေးခဲ့ပါတယ်။ ပြီးတော့ ယေရှုက ကျွန်တော်တို့နဲ့အတူတူ ရှိနေတယ်ဆိုတဲ့ရာကို သေသေချာချာ နားလည်ခွင့်ရတဲ့အခါ အရမ်းဝမ်းမြောက်ခြင်း ခံစားရပါတယ်။ ဆက်လက်ပြီး စာတန်အလိမ်ခံပြီး အိပ်ပျော်နေတဲ့သူတွေကို နိုးထစေဖို့ စာတန်ရဲ့ချုပ်ထားခြင်း ခံနေရတဲ့ သူတွေကို စာတန်ရဲ့လက်က လွတ်စေဖို့ ဘုရားသခင်က ကျွန်တော့်ကို အသုံးပြုပေးမယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။ မြန်မာနိုင်ငံကို ဘုရားသခင်ကျွန် ဆရာကြီးကို စေလွတ်ပေးခြင်းအားဖြင့် ပျက်စီးတော့မယ့် ကျွန်တော်တို့ကို ယုံကြည်ခြင်းအားဖြင့် လမ်းပြဆွဲခေါ်ပေးတဲ့အတွက်ကြောင့် ကျေးဇူးတင် ပါတယ်။
ဆရာတင်နိုင်ထွန်း (မှော်ဘီ)
ကျွန်တော် အမှုတော်ဆောင်တဲ့အချိန်မှာ ယေရှုက အမှုတော်ဆောင်တာထက် ကိုယ်က အမှုတော် ဆောင်တဲ့အရာက ပိုပြီးတော့ အရေးကြီးတယ်ဆိုတဲ့ စိတ်ရှိပြီး လက်ရှိ ကိုယ်ကြုံတွေ့ရတဲ့ အခက်အခဲ ပြဿနာတွေကို ကိုယ်ကပဲ ဖြေရှင်းချင်တဲ့စိတ်ထဲမှာပဲ နစ်မြုပ်နေခဲ့ပါတယ်။ ဘာနဲ့မှ နှိုင်းယှဥ်လို့မရတဲ့ ဤမျှလောက်ကြီးစွာသော ကယ်တင်ခြင်းကို လက်ခံရရှိခဲ့တဲ့သူဖြစ်ခဲ့ပေမဲ့ အရမ်းကို ပင်ပန်းစွာ အသက်ရှင်နေခဲ့ပါတယ်။ ဒီအရာက အရမ်းကို မိုက်မဲတဲ့ ယုံကြည်ခြင်းအသက်တာ ဖြစ်တာကို သဘောပေါက်ခဲ့ပါတယ်။ နှုတ်ကပတ်တော်ကိုလည်း ဖတ်ချင်ရင်ဖတ်ပြီး မဖတ်ချင်ရင်လည်း မဖတ်ဘူးဆို တဲ့အရာက ကိုယ့်ကိုယ်ကို စံထားပြီး အသက်ရှင်နေခဲ့တဲ့အရာဖြစ်ကြောင်း သဘောပေါက်ခဲ့ပါတယ်။ ဒါပေမဲ့ ဆရာကြီးက နှုတ်ကပတ်တော်အားဖြင့် ကျွန်တော်တို့က မြတ်သောကောင်းကင် မင်္ဂလာရရှိသောသူ၊ တန်ခိုးရှိသော ဘုရားသခင်ရဲ့သား၊ ဘုရားသခင်ရဲ့ အမွေခံဖြစ်ကြောင်း ဖော်ပြပေးခဲ့ပါ တယ်။ ရှေ့ဆက်မှာလည်း ကိုယ့်ကိုယ်ကိုယ် စံထားပြီး အသက်ရှင်တာမဟုတ်ဘဲ ဘုရားသခင်ကိုပဲ စံထားပြီး အသက်ရှင်မယ်ဆိုရင် အရာအားလုံးကို ဘုရားသခင်က လမ်းပြဆွဲခေါ်ပေးမှာကို စဥ်းစားကြည့်တဲ့အခါမှာ စိတ်ထဲမှာ ဝမ်းမြောက်ခြင်း ဖြစ်ပေါ်လာပါတယ်။
ဦးဂမ်မွန်း ( ရန်ကုန်အသင်းတော်)
ဘုရားသခင်က ဒီတခေါက်အစီအစဥ်အားဖြင့် ကျွန်တော်တို့က စာတန်နဲ့ ဘယ်လို စစ်တိုက်ရမလဲဆိုတာကို သင်ပေးခဲ့ပါတယ်။ အဲနေက ကိုယ့်ရဲ့အကြံအစည်ထဲမှာ နစ်မြုပ်နေတဲ့အခါမှာ ၈နှစ်ပတ်လုံး လက်ခြေ သေတဲ့သူအနေနဲ့ အသက်ရှင်ခဲ့ပေမဲ့ ပေတရုက ယေရှုရဲ့စိတ်ကို ထည့်ပေးလိုက်တဲ့အခါ ကိုယ်က လက်ခြေသေသောသူဖြစ်တယ်ဆိုတဲ့ အကြံအစည်ကို စွန့်ပစ်ပြီး ယေရှုရဲ့စိတ်ကို ဒီအတိုင်းလက်ခံကာ အခြေအနေကို နိုင်နိုင်ခဲ့ပါတယ်။ ဆရာကြီး ရောက်လာပြီး အရင်ဆုံး အမှုတော်ဆောင်ဆရာတွေ၊ အသင်းလူကြီးရဲ့အကြံအစည်နဲ့ စစ်တိုက်ပေးတဲ့အလုပ် လုပ်ပေးခဲ့ပါတယ်။ အဲဒီလိုနဲ့ ကျွန်တော်တို့ရဲ့ အကြံအစည်ကို မောင်းထုတ်ပေးပြီး ယေရှုရဲ့စိတ်သဘောကို စိုက်ပျိုးပေးခဲ့ပါတယ်။ ဒီလိုမျိုး ယုံကြည်ခြင်းရှိတဲ့ ဘုရားသခင်ကျွန်ကို ပို့ဆောင်ပေးလို့ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။ ဆရာကြီး Ock Soo Park လည်း ဘုရားသခင်ရဲ့ အလိုတော်ကို လက်ခံပြီး ကျေးဇူးတော်အားဖြင့် ဘုရားသခင်ကျွန်ကို ပို့ဆောင်ပေးတာဖြစ်ပြီး ဆရာကြီးKim Jong Ho နဲ့ ဆရာမကြီးတို့လည်း ဘုရားသခင်ရဲ့ လမ်းပြခြင်းကို ဒီအတိုင်း လက်ခံပြီး မြန်မာနိုင်ငံကို လာပေးတဲ့အတွက် ထပ်မံ ကျေးဇူးတင်ပါတယ်။
Pastor Training Camp တွင် ပါဝင်ခဲ့သော အမှုတော်ဆောင်ဆရာ၊ ဆရာမများ အားလုံး ‘မိမိတို့သည် ကမ္ဘာပေါ်တွင် အပျော်ရွှင်ဆုံးသောသူဖြစ်ကာ လူသစ်ဖြစ်ကြောင်း’ ကြွေးကြော်နိုင်ခဲ့ပါသည်။ မြန်မာနိုင်ငံအတွက် ဘုရားသခင်ကျွန် ဆရာကြီး Ock Soo Park ပေးခဲ့သော ‘မြန်မာနိုင်ငံတွင် အသင်းတော်အပါး ၃၀၀ ဖြစ်ရမည်’ ဆိုသည့် ပဋိညာဥ်တရားကို ဤအစီအစဥ်အားဖြင့် ဘုရားသခင် ပြည့်စုံစေမည်ဖြစ်ကြောင်းယုံကြည်ကာ ဤအစီအစဥ်သည် ဧဝံဂေလိတရား ဟောပြောရန် ကြီးစွာသော အသစ်သော မျှော်လင့်ခြင်းကို ပေးခဲ့ပါသည်။ ထို့နောက် မြန်မာနိုင်ငံအနှံ့မှ သာသနာပြု ကျောင်းသူ၊ ကျောင်းသား အယောက်(၆၀)ကျော် ခေါ်ယူကာ ယုံကြည်ခြင်းအသက်တာ သင်ကြားပေးသွား မည်ဖြစ်သောကြောင့် မြန်မာနိုင်ငံတွင် ဘုရားသခင် တည်ဆောက်ပေးသော အမှုတော်ဆောင်ဆရာ များစွာ ထွက်ပေါ်လာမည်ကို စဥ်းစားကြည့်သည့်အခါ ဝမ်းမြောက်ခြင်း ပြည့်ဝလာပါသည်။