May 9, 2024

မိခင်ရဲ့ ချစ်ခြင်းမေတ္တာကို မိတ်ဆက်ပေးပြီး ယေရှုခရစ်တော်ရဲ့ အဂ္ဂပေချစ်ခြင်းမေတ္တာကို ဟောပြောခဲ့တဲ့ အမေများနေ့ အထိမ်းအမှတ် ပြဇာတ် ပြိုင်ပွဲ

  • အမေ့ရဲ့ချစ်ခြင်းမေတ္တာကို ပိုမိုနက်ရှိုင်းစွာ ခံစားစေခဲ့သော ကျေးဇူးပဲမေမေ ဖြစ်ရပ်မှန်ပြဇာတ်ပြိုင်ပွဲ
  • ပြိုင်ပွဲဝင်များ၏ အနုပညာ ပြောင်မြောက်စွာဖြင့် အမေ့အယောက်စီတိုင်း ပီပြင်စွာ သရုပ်ဆောင်မှုများ
  • အမေ့ရဲ့ ချစ်ခြင်းမေတ္တာထက်ကြီးမားသော ယေရှုခရစ်တော်ရဲ့  အာဂဗေချစ်ခြင်းမေတ္တာ

မြန်မာဂွတ်နယူးစ် ရန်ကုန်အသင်းတော်တွင် GSC မှ ဦးဆောင်ကျင်းပသော ကျေးဇူးပဲမေမေ ဖြစ်ရပ်မှန်ပြဇာတ်ပြိုင်ပွဲ Grand Final ကို ၂၀၂၃ ခုနှစ် မေလ ၁၃ ရက်နေ့ တွင် တစ်ရက်တာ ပြုလုပ်ကျင်းပခဲ့ပါသည်။ မြန်မာနိုင်ငံတော်တွင် စီးပွားရေးခက်ခဲကျပ်တည်းမှုတွေကြား စိတ်ဖိဆီးမှုများကြောင့် အိမ်တွင်းအကြမ်းဖက် မှုများမြှင့်တက်လာသည့် လူ့ပတ်ဝန်းကျင်တွင် အမျိုးသမီးများ၏ အခန်းကဏ္ဍကို မြှင့်တင်ပေးပြီးမိခင်များကို ဂုဏ်ပြုတင်ဆက်ပေးကာ မိဘ၏ ချစ်ခြင်းမေတ္တာကို ခံစားခြင်းအားဖြင့် ဘုရားသခင်၏ အာဂါပေ ချစ်ခြင်းမေတ္တာကို ချိတ်ဆက်ပေးရန် ရည်ရွယ်ကျင်းပပေးခြင်းဖြစ်ပါသည်။

မေလ ၁၃ ရက် နှင့် ၁၄ ရက်နေ့ တွင် ကျရောက်သော မိခင်များနေ့ အထိမ်းအမှတ်အဖြစ် ‘ ကျေးဇူးပဲမေမေ ‘ ခေါင်းစဥ်ဖြင့် လူမျိုးဘာသာမရွေး ပါဝင်ယှဥ်ပြိုင်နိုင်သော ပြဇာတ်ပြိုင်ပွဲကို ကျင်းပခြင်းဖြင့် ပြိုင်ပွဲဝင် စုစုပေါင်းအရောက် ၇၀ လာရောက်ယှဥ်ပြိုင်ခဲ့ပြီး ပရိတ်သတ်ပေါင်း အရောက် ၅၅၀ အား မြန်မာ သာသနာပြုဆရာကြီး Rev. ဦးထွန်းလင်း မှ စစ်မှန်သော ဧဝံဂေလိ တရားဝေငှပေးခဲ့ပါတယ်။ ရှေးဦးစွာ   ပြိုင်ပွဲဝင် ၇၀ ဦးသည် ၁၁ ဖွဲ့ခွဲကာယှဉ်ပြိုင်ခဲ့ပြီး နောက်ဆုံး Final နေ့တွင် ၅ ဖွဲ့ ယှဉ်ပြိုင်ခဲ့ပါသည်။

အမှတ်ပေး ဒိုင်လူကြီး များနှင့် အမှတ်တရ ဓါတ်ပုံ
၂၀၂၃၊ မေလ (၁၃) ရက်နေ့ ကျေးဇူးပဲမေမေ ဖြစ်ရပ်မှန်ပြဇာတ်ပြိုင်ပွဲ Grand Final
Media လောကနှင့် အနုပညာအသိုင်းအဝိုင်းများတွင် တစ်လအကြို ပြုလုပ်ခဲ့သော စာနယ်ဇင်းမိတ်ဆက်ခြင်းအခမ်းအနား
အကဲဖြတ်ဒိုင်များ ( မြန်မာ့ရုပ်ရှင်‌ဒါရိုက်တာ ကျော်နှင်းဆီ)
Joy band မှ Thank you mom တေးသီချင်းဖြင့် အမေများနေ့ကို ဂုဏ်ပြုသီချင်းသီဆိုနေစဥ်
Jindallae Violin Solo
Azalea Stars dance performance (South America)
Performance by Jindallae Choir

အမေ့ကို ကျေးဇူးဆပ်ခွင့်ရှိခဲ့ပေမဲ့  အမေ့ရဲ့ချစ်ခြင်းမေတ္တာကိုအထင်လွဲပြီး သားမိုက်တစ်ယောက်ဖြစ်ခဲ့တယ်။ အမေက ပင်ပင်ပန်းပန်းပြုစုပျိုးထောင်လာခဲ့တာကို သိလိုက်ရတဲ့အချိန်က အရမ်းကို နောက်ကျသွားခဲ့တဲ့ မောင်အေးချမ်းရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းဖြင့် Redwood အဖွဲ့မှ ပထမဆု ရရှိခဲ့ပါသည်။

သမီးအတွက် ဘယ်အရာမဆို လုပ်ဖို့ ဝန်မလေးတဲ့ အမေရဲ့ ကာကွယ်ပေးမှု၊ ကြီးပြင်းလာအောင်ပြုစုပေးခဲ့တဲ့ ကြီးမားလွန်းအမေရဲ့ချစ်ခြင်းမေတ္တာကို ဖော်ကျူးထားတဲ့ ဖြစ်ရပ်မှန်သရုပ်‌ဆောင်ပြဇာတ်ဖြင့် ကုမုဒြာအဖွဲ့မှ ဒုတိယဆုရရှိခဲ့ပါသည်။ 

အမေ့ရဲ့ ပြုစုယုယမှုအောက်မှာ ကြီးပြင်းလာခဲ့ပေမဲ့ အမေရဲ့ ဖြစ်တည်မှုအပေါ် ညိုညင်လာခဲ့တဲ့ ကျောင်းသားလေးတစ်ဦးရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းဖြင့် Challengers အဖွဲ့မှ တတိယဆု ရရှိခဲ့ပါသည်။

ပြိုင်ပွဲဝင်များ၏ ပုံရိပ်များ
Mind Lecture ဟောပြောနေသော ဆရာကြီး ဦးထွန်းလင်း

မြန်မာနိုင်ငံသာသနာပြုဆရာကြီး ဦးထွန်းလင်းမှ “ကျွန်တော်တို့အတွက် အမေရှိနေတဲ့အရာက အရမ်းကိုကြီးမားတဲ့ ကောင်းကြီးမင်္ဂလာဖြစ်ပါတယ်။ တစ်ခြားသူတွေဆီမှာမရှိတဲ့ထူးခြားတဲ့စိတ်က အမေဆီမှာရှိပါတယ်။ တိုးတက်တဲ့နိုင်ငံမှာ နေလို့ပျော်ရွှင်တာမဟုတ်ပါဘူး။ မြန်မာနိုင်ငံက ကောင်းကြီးမင်္ဂလာ ပြည့်ဝတဲ့နိုင်ငံဖြစ်ပါတယ်။ ပြဇာတ်ပြိုင်ပွဲအားဖြင့် အမေရဲ့ချစ်ခြင်းမေတ္တာကို ပိုပြီး ခံစားခဲ့ရပါတယ်။ အမေရဲ့ ချစ်ခြင်းမေတ္တာထက် ပိုပြီး ကြီးမားတဲ့ချစ်ခြင်းမေတ္တာကတော့ ယေရှုခရစ်တော်ရဲ့ချစ်ခြင်းမေတ္တာပဲဖြစ်ပါတယ်။ ယေရှုခရစ်တော်က ကျွန်တော့်စိတ်နှလုံးသားထဲမှာ ပျော်ရွှင်ခြင်း၊ ဝမ်းမြောက်ခြင်၊း ငြိမ်သက်ခြင်း၊ မျှော်လင့်ခြင်းတွေကို စိုက်ပျိုးပေးနေပါတယ်။ မိတ်ဆွေတို့လည်း ယေရှုခရစ်တော်ကို လက်ခံယုံကြည်မယ်ဆိုရင် မှောင်မိုက်ခြင်းထဲမှ လွတ်မြောက်ပြီး ဝမ်းမြောက်ပျော်ရွှင်တဲ့ဘဝအသက်တာကို ခံစားရရှိမှာဖြစ်ပါတယ်“ ဟု ဟောပြောဝေငှခဲ့ပါသည်။

ပထမဆုရရှိခဲ့သော Redwood အဖွဲ့
ဒုတိယဆု ကုမုဒြာအဖွဲ့
တတိယဆု Challengers အဖွဲ့
ဂလိုရီယာငြိမ်း

သူကမတတ်ကိုယ်ကမတတ်တော့ အရမ်းစိတ်အဆင်မပြေဖြစ်ခဲ့ကြပါတယ်။ စိတ်အခြေနေကမကောင်းလို့ကျွန်မက ခနခနငိုခဲ့တယ်။ ပြိုင်ပွဲမပြိုင်ခင်အထိ အဆင်သင့်မဖြစ်သေးဘူး။ လက်လျော့ချင်ခဲ့တယ်။ ဒါပေမဲ့ စိတ်တလုံးတစ်ဝနဲ့ လုပ်ဆောင်တဲ့အခါမှာ ပထမဆုရခဲ့ပါတယ်။ ကိုယ့်အခြေနေနဲ့မထိုက်တန်ပေမဲ့ ဆုရခဲ့လို့ ဝမ်းသာပီတိဖြစ်ခဲ့ပါတယ်။ ဆရာကြီ Mind  Lecture နားထောင်ခြင်းအားဖြင့် စိတ်ဝိညာဉ်အရေးကြီးဆုံးဖြစ်တယ်။ ဒါကြောင့် စိတ်နဲ့ပတ်သက်တဲ့အရာ သင်ယူရမယ်ဆိုတဲ့အရာ ခွန်အားရရှိခဲ့ပါတယ်။ ဆက်လက်ပြီး အမေများနေ့မှမဟုတ်ဘဲ လူငယ်တွေဖြစ်တော့  အစီအစဉ် Program များများလုပ်ပေးရင် ကောင်းမယ်လို့ထင်ပါတယ်။ ကျေးဇူးတင်ပါတယ်။

စံလင်းနန္ဒ

“ကျေးဇူးပဲမေမေ” ပြဇာတ်လာရောက်ကြည့်ရှုခြင်းအားဖြင့်  စိတ်ထဲမှာအမေ့ရဲ့ချစ်ခြင်းမေတ္တာကို လေးလေးနက်နက်ခံစားရပါတယ်။ ဆရာကြီးရဲ့Mind Lecture ကို နားထာင်ခြင်းအားဖြင့် ကျွန်တော်က ဗုဒ္ဓဘာသာဝင် ဖြစ်ပေမဲ့ ဒီနေ့မှာ ဆိုဘုရားသခင် အကြောင်းအများကြီးသိခွင့်ရပြီး ဘုရားသခင်ရဲ့ချစ်ခြင်းမေတ္တာကိုလည်း ခံစားခွင့်ရခဲ့ပါတယ်။ အခုအမေ့ကို စကားတခွန်းပြောခွင့်ရမယ်ဆိုရင် အမေ့ကိုအများကြီးချစ်တယ်လို့ပြောချင်ပါတယ်။ ဒီပြဇာတ်ပြုလုပ်ခြင်းအားဖြင့် ငယ်ဘဝကအမေနဲ့အတူတူနေခဲ့တဲ့အချိန်တွေကို ပြန်လည်သတိရမိပါတယ်။

ကုမုဒြာမောင်

လိုင်းပေါ်မှာပြဇာတ်ပြိုင်ပွဲရှိတာတွေ့လို့ သူငယ်ချင်းတွေနဲ့စုပြီး လာပြိုင်ဖြစ်တာပါ။ နောက်ခံအသံ မထည့်ဘဲမိုက်နဲ့ဘဲပြိုင်ခဲ့ပေမဲ့ ဆုရလာတဲ့အတွက် အရမ်းပျော်ပါတယ်။ ကျွန်တော်က စိတ်အရမ်းလှုပ်ရှားတတ်တယ်။ ဆရာကြီးရဲ့ lecture နားထောင်ခြင်းအားဖြင့် စိတ်တွေတည်ငြိမ်လာတယ်။ ဘာကိုဘယ်လိုလုပ်ရမယ်ဆိုတာလလည်း သိလာတယ်။ အရမ်းလည်းခွန်အားရပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်။

မြန်မာနိုင်ငံတွင်ခက်ခဲသောအခြေနေများနဲ့ရင်ဆိုင်ရခြင်းကြောင့်  စိတ်ပျက်ခြင်း၊ မျှော်လင့်ချက်မဲ့ခြင်း၊ ဝမ်းနည်းခြင်းများနဲ့အတူ လမ်းပျောက်နေသော လူငယ်များမိမိရဲ့မပြည့်စုံမှုထဲတွင်နစ်မြုပ်ကာ စိတ်ဓာတ်ကျနေသူများ၊ မျှော်လင့်ခြင်းမရှိသောကြောင့် မူးယစ်ဆေးဝါးထဲတွင်နစ်မြုပ်ကာ ပျက်စီးကြသော လူငယ်များစွာရှိပါသည်။ မြန်မာနိုင်ငံတွင် ပျော်ရွှင်ခြင်းမျိုးစေ့ကို စိုက်ပျိုးပေးရန်ရောက်ရှိလာခဲ့သော ဆရာကြီးဦးထွန်းလင်း၏ ယုံကြည်ခြင်းအားဖြင့် ပြဇာတ်ပြိုင်ပွဲတွင် ပါဝင်ခဲ့ကြသော လူသစ် ၇၅ ဦး စုစုပေါင်း ၅၅၀ ဦးသည် မျှော်လင့်ခြင်းများစွာ ပြည့်ဝလာခဲ့သောလူငယ်များစွာ ဖြစ်ပေါ်လာခဲ့ပါသည်။

သားငယ် ယာကုပ်သည် ယေရှုခရစ်တော်ကို ပုံဆောင်သော မိခင် ရေဗက္ကအားဖြင့် သားကြီးခံစားရမည့် ကောင်းကြီးမင်္ဂလာကိုလက်ခံရရှိသကဲ့သို့ အခြေအနေအားဖြင့် မှောင်မိုက်ခြင်းအတိဖြစ်နေပြီး ပျက်စီးဖို့ရန်သာရှိသော မြန်မာလူငယ်တို့သည် ဘုရားသခင်ကျွန်အားဖြင့် ကောင်းကြီးမင်္ဂလာ လက်ခံရရှိခဲ့ပါသည်။ စစ်မှန်သော ဧဝံဂေလိတရားရှိသော အသင်းတော်နှင့် ဘုရားသခင်၏ ကျွန်အားဖြင့် ဆက်လက်ပြီး မြန်မာနိုင်ငံမှာ ဘယ်လို ပြောင်းလဲလာမလဲ ဆိုတဲ့အရာကို စဉ်းစားကြည့်တဲ့အခါ မျှော်လင့်ခြင်းတွေ အများကြီးဖြစ်ပေါ်လာပါသည်။

နောက်ဆုံးတင်ထားသော ပို့စ်များ