May 9, 2024

မြို့နေရာ ၁၂ နေရာမှာ လူ ၂၇၀၀ ပါဝင်ခဲ့သော မြန်မာတစ်နိုင်ငံလုံး Bible Camp

  • တစ်နိုင်ငံလုံး ၁၂ နေရာမှာ အသီးသီး တပြိုင်တည်းကျင်းပသော Bible Camp

  • အသင်းသူ/သားများ ဖိတ်ခေါ်ထားသော လူသစ် ၅၀၀ ကို ဟောပြောခဲ့သော ဧဝံဂေလိတရား
  • လုပ်ဖော်ဆောင်ဖက်အဖြစ် ကြီးထွားလာဖို့ ကိုယ်တိုင်ဧဝံဂေလိတရား ဟောပြောခြင်းကို ကြုံတွေ့စေသည့် Program

 

Good News Mission Myanmar အသင်းတော်မှ ၁၀ လပိုင်း ၇ ရက် ၁၁ ရက်နေ့အထိ ၄ ည ၅ ရက် (မြန်မာတစ်နိုင်ငံလုံး ဆောင်းဦးရာသီ Bible Camp) ကျင်းပခဲ့ပါသည်။ အသင်းသူ/သားတွေက လူသစ် ၅၀၀ ကို ဖိတ်ခေါ်ခဲ့ပြီး ပါဝင်တက်ရောက်သူ ၂၇၀၀ နဲ့အတူ မြို့ ၁၂ နေရာတွင် တပြိုင်နက်တည်း ကျင်းပခဲ့ပါသည်။

ညနေပိုင်း နှုတ်ကပတ်တော် ဟောပြောနေသော ဆရာကြီး Kim Jong Ho

ညနေပိုင်းအချိန်တွင် ဆောင်းရာသီ Bible Camp Main Speaker Rev. Kim Jong Ho ၏ နှုတ်ကပတ်တော်ကို တစ်နိုင်ငံလုံးမှ အတူတကွ နားထောင်ခဲ့ကြပါသည်။ ဆရာကြီး Kim Jong Ho မှ ၄ရာ အခန်းကြီး ၅ ဗိုလ်ချုပ်နေမန်နဲ့ မိန်းမငယ်လေးအကြောင်း နှုတ်ကပတ်တော် ဝေငှခဲ့ပါသည်။

မိမိရဲ့ဩဇာအာဏာ ဂုဏ်ရာထူးနဲ့ကြွယ်ဝခြင်းတွေကို ယုံကြည်ပြီး အသက်ရှင်ခဲ့တဲ့ ဗိုလ်ချုပ်နေမန်က နူနာရောဂါနဲ့ကြုံတွေ့တဲ့အခါ ဘာမှမတတ်နိုင်ခဲ့ပါဘူး။ သို့သော်လည်း ဘုရားသခင်ရဲ့ကျွန်နဲ့ စိတ်နှလုံးသားဆက်သွယ်ထားတဲ့ မိန်းမငယ်လေးအားဖြင့် အဲလိရှဲနဲ့ဆုံတွေ့ခဲ့ပြီး မိမိကိုယ်ကို ယုံကြည်ခဲ့သည့် အကြံအစည်ကို စွန့်ပစ်ခဲ့ပြီး ယောဒန်မြစ်ထဲရေးချိုးတဲ့အခါ လုံးဝသန့်ရှင်းသွားသည့်အရာကို ခံစားရရှိပြီး ဘုရားသခင်အသက်ရှင်သည့်အရာကို ကြုံတွေ့ခွင့်ရရှိခဲ့ပါသည်။ ထိုကဲ့သို့ပင် ဆောင်းဦးရာသီ ကျမ်းစာသင်တန်းပါဝင်ခဲ့ကြသော မိတ်ဆွေတွေအားလုံးက မိမိရဲ့စိတ်ကိုစွန့်ပစ်ပြီး ဘုရားသခင်ကို ယုံကြည်တဲ့ စိတ်ဖက်ကို ပြောင်းရွှေ့မယ်လို့ မျှော်လင့်ပါတယ်။ (ဆရာကြီး Kim Jong Ho ၏ ဟောပြောချက်မှ)

နှုတ်ကပတ်တော်နားထောင်နေသောသူများ

“ကျွန်မက နူနာရောဂါြဖစ်နေတဲ့ ဗိုလ်ချုပ်နေမန်နဲ့ အတူတူပဲဖြစ်တယ်လို့ ခံစားရပါတယ်။ ဘုရားသခင်နဲ့ဆက်သွယ်ခြင်းမရှိဘဲ မိမိကိုယ်ကိုယုံကြည်ပြီးအသက်ရှင်တဲ့အချိန်မှာ စိတ်နှလုံးသားက တဖြည်းဖြည်းမှောင်မိုက်လာပြီး စာတန်အလိမ်ခံရတဲ့ကျွန်မရဲ့ပုံစံကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အခုဆိုရင်တော့ မိန်းမငယ်လိုပဲ ဘုရားသခင်ကျွန်နဲ့ဆက်သွယ်ပြီး ဘုရားသခင်ရဲ့စိတ်ကို ခံယူပြီး ဧဝံဂေလိတရားကို ဟောပြောပြီး အသက်ရှင်ချင်ပါတယ်” (မသိင်္ဂီစိုး)

“ကျွန်မလည်း ဗိုလ်ချုပ်နေမန်လိုပဲ ကိုယ့်ရဲ့အကြံအစည်နဲ့ ကိုယ့်ရဲ့မှန်တဲ့အရာကိုပဲ ဆုပ်ကိုင်ပြီးအသက်ရှင်ခဲ့ပါတယ်။ ရလဒ်ကတော့ ပျက်စီးခြင်းပဲ ရှိခဲ့ပါတယ်။ နှုတ်ကပတ်တော်နားထောင်ခြင်းအားဖြင့် ကျွန်မရဲ့မှားယွင်းတဲ့ ယုံကြည်ခြင်းအသက်တာကို စွန့်ပစ်ပြီး ဘုရားသခင်ကျွန်ရဲ့လမ်းပြခြင်းကို ခံယူပြီး ဘုရားသခင်ရဲ့စိတ်နဲ့ အသက်ရှင်မှ ကောင်းကြီးမင်္ဂလာပြည့်ဝတဲ့အသက်တာ အသက်ရှင်နိုင်မယ်ဆိုတဲ့အရာကို နားလည်သဘောပေါက်ခွင့်ရရှိခဲ့ပါတယ်။ အခုမှပြီး အသစ်သောစိတ်နှလုံးသားနဲ့ ယုံကြည်ခြင်းအသက်တာကို သင်ယူချင်ပါတယ်။” (မအိမ့်ဖူးဖူးစံ)

ညနေပိုင်း ဧဝံဂေလိဟောပြောခြင်း ကိုယ်တွေ့လှုပ်ရှားမှု

Problem Tree ,  Goal Tree ဆွဲခြင်းအားဖြင့် ယုံကြည်ခြင်းအသက်တာရဲ့ပြဿနာနဲ့ ထိုအရာနဲ့ပတ်သက်ပြီး ဖြေရှင်းခြင်းနည်းလမ်းကို အဖြေရှာဖွေခဲ့ပါတယ်။

အချိန်တိုင်း Group အလိုက် အချင်းချင်းရဲ့ အတွေးစိတ်ကူးများကို ဖလှယ်ခဲ့ပါသည်။

ယုံကြည်ခြင်းအသက်တာရဲ့ပြဿနာအချက်နဲ့ ပတ်သက်ပြီး ဖြေရှင်းခြင်းနည်းလမ်းကို အဖွဲ့ဝင်တွေနဲ့အတူတကွ ရှာဖွေတဲ့အချိန်

ညနေပိုင်းတွင် ဧဝံဂေလိတရားဟောပြောခြင်းကိုယ်တွေ့  Program ကို ပြုလုပ်ခဲ့ပါသည်။ ဧဝံဂေလိတရားမဟောပြောခင် မိမိရဲ့ယုံကြည်ခြင်းဘဝအသက်တာကို ပြန်ပြောင်းစဥ်းစားပြီး “My Virus ကို ရှာဖွေခြင်း” “Problem Tree, Goal Tree ဆွဲခြင်း“ အားဖြင့် ယုံကြည်ခြင်းအသက်တာရဲ့ ပြဿနာအချက်နဲ့ပတ်သက်ပြီး Group လိုက်ဆွေးနွေးခြင်း၊ Presentation လုပ်ခြင်းအားဖြင့် ဖြေရှင်းခြင်းနည်းလမ်းကို ရှာဖွေခဲ့ပါသည်။



“ ယုံကြည်ခြင်းအသက်တာမှာ ပြဿနာရှိသော်လည်း မည်ကဲ့သို့ဖြေရှင်းရမည်ကို လေးလေးနက်နက်မစဉ်းစားခဲ့မိပါဘူး။ ညနေပိုင်း Program အားဖြင့် My Virus ကဲ့သို့သော အကြံအစည်တွေက အများကြီးရှိတဲ့အရာကို ရှာဖွေတွေ့ရှိခဲ့ပြီး အဖွဲ့ဝင်တွေနဲ့အတူတကွ ဖလှယ်ခြင်းအားဖြင့် ဖြေရှင်းခြင်းနည်းလမ်းကို ရှာဖွေနိုင်ခဲ့သောကြောင့် တကယ်ကို အကျိုးရှိသောအချိန်ဖြစ်ခဲ့ပါသည်။” (မမွန်မြတ်မြတ်မင်း)

မိမိ၏ ကယ်တင်ခြင်းသက်သေခံချက်၊ အသက်တာသက်သေခံချက်ကို လေးလေးနက်နက်ချရေးနေကြသော Camp ပါဝင်သူများ
‘1 By 1 Battle’ အားဖြင့် ဧဝံဂေလိတရား အဟောပြောချင်ဆုံးတစ်ယောက်ကိုရွေးပြီး ဧဝံဂေလိတရားဟောပြောခြင်းကို ကိုယ့်တွေ့လေ့ကျင့်နေစဉ်
‘5 minute Video’ လှုပ်ရှားခြင်းမှ မိမိသက်သေခံချက်ကို ၅ မိနစ် ဗီဒီယိုရိုက်ပြီး SNS ၌ တင်ခြင်း

တဆက်တည်းမှာပဲ မိမိရဲ့ကယ်တင်ခြင်းသက်သေခံချက်ကို မိတ်ဆက်ခဲ့ပါတယ်။ ‘1 By 1 Battle’, ‘5 minute Video’ အားဖြင့် မိမိကယ်တင်ခြင်းလက်ခံခဲ့သည့် ဟိုအရင်က အချိန်ကို ပြန်လည်အောက်မေ့ခွင့်ရရှိခဲ့ပြီး ဧဝံဂေလိတရားဟောပြောမည့်သူကို ၅ ယောက်စီရေးချပြီး သူတို့ကိုတိုက်ရိုက် ဧဝံဂေလိတရားဟောပြောနေသကဲ့သို့ ၂ ယောက်စီအဖွဲ့ဖွဲ့ပြီး ဧဝံဂေလိတရားဟောပြောခြင်းကို ကိုယ်တိုင်ကြုံတွေ့ခြင်းအစီအစဉ်လုပ်ခဲ့ပါသည်။ နောက်ဆုံးအနေနဲ့ မိမိရဲ့ယုံကြည်ခြင်းအသက်တာကို မိတ်ဆက်ပေးတဲ့ ၅ မိနစ် သက်သေခံချက် ဗီဒီယိုကိုရိုက်ပြီး SNS မှာ upload လုပ်ကာ ညနေပိုင်းလှုပ်ရှားမှုအစီအစဉ်ကို အဆုံးသတ်ခဲ့ပါသည်။

“ဒီ camp မပါဝင်ခင် ကယ်တင်ခြင်းလက်ခံရရှိခဲ့သည့်အရာကို မေ့မေ့ပျောက်ပျောက်အသက်ရှင်ခဲ့ပါသည်။ သို့သော်လည်း ညနေပိုင်း ကိုယ်တိုင်ဧဝံဂေလိတရားဟောပြောခြင်း လှုပ်ရှားမှုအားဖြင့် ပါးစပ်ဖွင့်ပြီး ဧဝံဂေလိဟောပြောတဲ့အခါမှာ ရောမ ၃း၂၃-၂၄ ဒီကျမ်းပိုဒ် ၂ ပိုင်းလေးနဲ့တင် အနီးနားကလူတွေကို ဧဝံဂေလိတရားဟောပြောဖို့ လုံလောက်ပါလားဆိုတဲ့ အသိစိတ်ဖြစ်ပေါ်လာခဲ့ပါတယ်။ Camp ပြီးသွားမယ်ဆိုရင် ချက်ချင်းသွားပြီးတော့ ချစ်ရတဲ့သူတွေကို ဧဝံဂေလိတရားဟောပြောချင်ပါတယ်။” (နော်ရေဗက္ကမိုး)

 

Gospel Class

တနိုင်ငံလုံး ၁၂ နေရာမှာ Gospel Class ၌ လူသစ် စုစုပေါင်း အယောက် ၅၀၀ ပါဝင်တက်ရောက်ခဲ့ပြီး ပါဝင်တက်ရောက်သူတွေထဲမှာ CLF အမှုတော်ဆောင်များ ဗုဒ္ဓဘာသာဝင်အတော်များများလည်း ပါဝင်တက်ရောက်ခဲ့ပါသည်။ ရန်ကုန် Gospel Class ၌ Man, God, Sins, နောင်တရခြင်း၊ ဧဝံဂေလိတရား စတဲ့အခေါင်းစဉ်များနဲ့ ၅ ကြိမ် ဟောပြောပို့ချခဲ့ပြီး ပါဝင်သူတို့ရဲ့စိတ်နှလုံး၌ စစ်မှန်သော ဧဝံဂေလိတရားကို ဟောပြောပို့ချခဲ့ပါသည်။



ဟောပြောချက်၌ အာရုံစူးစိုက်နေကြသော ပါဝင်သက်ရောက်သူများ
ရန်ကုန် Gospel Class ၌ ဧဝံဂေလိဟောပြောနေသော Speaker Yeong Sok Kim

“လူဘဝဆိုတာ ဘာပဲလုပ်လုပ် သေခြင်းတရားရှိသည့်အတွက်ကြောင့် ရှောလမုန်မင်းကြီးရဲ့စကားအတိုင်း အချည်းနှီးသပ်သပ်ပဲဖြစ်ပါတယ်။ သို့သော်လည်း ဘုရားသခင်က ကျွန်ုပ်တို့ကိုပို၍ချစ်ပြီး ယေရှုခရစ်တော်အားဖြင့် ဤလောကဘဝအစား ထာဝရအသက်ကို ပြင်ဆင်ပေးခဲ့ပါတယ်။ မိတ်ဆွေတို့လည်း အမှုပြီးပြီဆိုတဲ့နှုတ်ကပတ်ကို ယုံကြည်လက်ခံပြီး ထာဝရနိုင်ငံတော်မှာ အသက်ရှင်နိုင်ဖို့မျှော်လင့်ပါသည်။” (ရန်ကုန် Gospel Class Speaker Yeong Sok Kim ၏ ဟောပြောချက်မှ)

 

သေတမ်းစာကို Group Meeting အချိန်၌ ဖလှယ်ခြင်း
ကျွန်တော့်ရဲ့ဆိုးသွမ်းသောအချက် ကောင်းသောအချက်နဲ့ပတ်သက်ပြီး မိမိရဲ့အကြံအစည်ကို Presentation လုပ်ခြင်း

ရန်ကုန် Gospel class ၌ morning devotion အချိန်တွင် ‘My Life Curve’ ဆွဲခြင်း၊ သေတမ်းစာရေးခြင်း၊ ကျွန်ုပ်၏ ဆိုးသွမ်းသောအချက်၊ ကောင်းသောအချက်ရေးခြင်း စသဖြင့် Mind လှုပ်ရှားမှုအားဖြင့် မိမိရဲ့အသက်တာကို ပြန်ပြောင်းစဉ်းစားကြည့်ပြီး Group Member အချင်းချင်းဖော်ပြပြောဆိုပြီး အချင်းချင်းနဲ့ ရင်နှီးသွားစေတဲ့အရာကို ပြုလုပ်ခဲ့ပါသည်။ ညနေပိုင်း Group Meeting အချိန်မှာ “ဖန်ဆင်းရှင်ရှိပါသလား?”၊ “လူသားတွေက နဂိုဗီဇအားဖြင့် ကောင်းသောသူလား? ဆိုးသောသူလား?”၊ “တခေါက် ဒုတိယမွေးဖွားတဲ့အရာက ထာဝရတည်မြဲပါသလား?” စသည့်ခေါင်းစဉ်များအားဖြင့် ဆွေးနွေးခဲ့ပြီး ကျမ်းစာကို အခြေခံခြင်းအားဖြင့် မိမိရဲ့အကြံအစည်ကို ခွဲခြမ်းစိတ်ဖြာတဲ့အချိန်ကို ပြုလုပ်ခဲ့ပါသည်။



သက်သေခံနေသော Gospel Class ပါဝင်တက်ရောက်သူ မအေးထွန်း

“နှစ်ခြင်းခံပြီးပေမဲ့လည်း အပြစ်ကျူးလွန်ပြီး ဝန်ချတောင်းပန်သည့်အရာတွေကို ထပ်သလဲလဲအသက်ရှင်ခဲ့တဲ့ကျွန်မရဲ့ပုံစံကို အရမ်းစိတ်ပျက်ခဲ့ပါတယ်။ သို့သော်လည်း Gospel Class နှုတ်ကပတ်တော်ထဲမှာ ရောမ ၄း၂၅ ‘ထိုသခင်ယေရှုသည် ငါတို့အပြစ်ကြောင့်အပ်နှံခြင်းကို ခံတော်မူ၏။ ကျွန်ုပ်တို့သည် ဖြောင့်မတ်ရာသို့ရောက်မည်အကြောင်း ထမြောက်တော်မူ၏’ ဆိုတဲ့နှုတ်ကပတ်တော်ကို နားထောင်ပြီး ယေရှုခရစ်တော်သည် ကျွန်ုပ်တို့၏အပြစ်တွေအားလုံးကို ယူဆောင်သွားပြီး ယေရှုခရစ်တော်ရဲ့ဖြောင့်မတ်ခြင်းကို ပေးခဲ့တယ်ဆိုတဲ့အရာကို ယုံကြည်ခဲ့ပါတယ်။ ကျွန်မလိုမျိုး ဆိုးသွမ်းညစ်ပတ်တဲ့လူကို ဖြောင့်မတ်စေခဲ့တဲ့ယေရှုခရစ်တော်ကို အရမ်းကျေးဇူးတင်ပါသည်”။ (မအေးထွန်း)

 

Group Meeting ပြုလုပ်နေသော မတင်တင်ဝင်း

 “Gospel Class ပါဝင်ခွင့်ရတဲ့အတွက်ကြောင့် ဘုရားသခင်ကို အရမ်းကျေးဇူးတင်ပါတယ်။ လူ့ဘဝဆိုတာ အချည်းနှီးသက်သက်ပဲ ရှိပေမဲ့ ယေရှုခရစ်တော်က ကျွန်မတို့ရဲ့အပြစ်များကို အားလုံးဖြေရှင်းပေးခဲ့တယ်ဆိုတဲ့အရာက အရမ်းကို တန်ဖိုးရှိပြီး ကျေးဇူးတင်စရာကောင်းတဲ့အရာဖြစ်ပါတယ်။ ကျွန်မက ယေရှုခရစ်တော်အားဖြင့် ဖြောင့်မတ်သောသူဖြစ်သွားပါပြီ။ ကျွန်မကို ဒီလိုမျိုးကြီးမားတဲ့လက်ဆောင်ကိုပေးတဲ့ ယေရှုခရစ်တော်ကို အရမ်းကျေးဇူးတင်ပါတယ်”။ (မတင်တင်ဝင်း)

 

တစ်နိုင်ငံလုံး မြို့ ၁၂ နေရာမှ Camp

တစ်နိုင်ငံလုံး ၁၂ နေရာမှာ ဆောင်းဦးရာသီ Bible Camp ကို တစ်ပြိုင်နက်တည်း ကျင်းပခဲ့ပါသည်

ထိုမျှမက မြန်မာနိုင်ငံ နယ် ၁၂ နေရာမှ Camp တွင် လူသစ်အယောက် ၅၀၀ နဲ့ စုစုပေါင်း လူ ၂၇၀၀ ပါဝင်တက်ရောက်ခဲ့ပါသည်။ အသင်းသူ/သားတွေက Camp အားဖြင့် ကြားရတဲ့ နှုတ်ကပတ်တော် မျှော်လင့်ခြင်းအားဖြင့် ဆွေးနွေးသက်သေခံခဲ့ကြပြီး စိတ်နှလုံးသားခြင်းဖလှယ်တဲ့ ပျော်ရွှင်စရာအချိန်ဖြစ်ခဲ့ပြီး လူသစ်များအားလုံး Gospel အားဖြင့် ကယ်တင်ခြင်းစိတ်ချမှုရရှိခဲ့ကြပါသည်။



Gospel Class ၌ နှုတ်ကပတ်တော်အားရပါရ ဟောပြောနေသော ဗန်းမော် Co Pastor
ပါဝင်သက်ရောက်သူများ နှုတ်ကပတ်တော်အားဖြင့် ခွန်အားရရှိလာပြီး ပျော်ရွင်ခြင်း ပြည့်ဝလာပါသည်
Academy အချိန်မှာ သီချင်းသင်ယူနေကြသော camp ပါဝင်သူများ
Group Meeting အချိန်၌ သက်သေခံခြင်း

“ယေရှုခရစ်တော်က ဤလောကအပြစ်ကိုယူပြီး အမှုပြီးပြီလို့ ပြောတဲ့အခါ ကျွန်တော့်ရဲ့အပြစ်တွေအားလုံးလည်း အဆုံးသတ်သွားခဲ့ပါပြီး။ သိုးကဲ့သို့ ကိုယ့်စိတ်တိုင်းကျ အသက်ရှင်ခဲ့တဲ့သူဖြစ်ပေမဲ့ ထိုအရာနဲ့ဘာမှ မဆိုင်ဘဲ ယေရှုခရစ်တော်က ကျွန်တော့်ကို ဖြောင့်မတ်စေခဲ့ပြီးဆိုတဲ့ နှုတ်ကပတ်တော်ကို နှလုံးသားထဲမှာ လက်ခံတဲ့အချိန်မှာ အရမ်းကို ပျော်ရွှင်ပြီး အရမ်းကို ကျေးဇူးတင်ပါတယ်။” (မဆိုင်းမိုင် – ဆိုင်းတောင်အသင်းတော်)



“ကျွန်မရဲ့ကိုယ်ခန္ဓာကတော့ ဘုရားသခင်နဲ့အနီးဆုံးမှာ နေပေမဲ့ စိတ်နှလုံးသားကတော့ အဝေးဆုံးမှာ ရှိနေခဲ့ပါတယ်။ ကိုယ့်ရဲ့အကြံအစည်ကို အားကိုးပြီးလိုက်သွားတဲ့အခါ အခက်အခဲတွေအများကြီး ကြုံတွေ့ခဲ့ပါတယ်။ အခုတော့ ဘုရားသခင်ကျွန်ရဲ့စိတ်နဲ့ဆက်သွယ်ပြီး အသင်းတော်ရဲ့လမ်းပြခြင်းကို ခံယူပြီး ဧဝံဂေလိတရားထဲမှာ အသက်ရှင်ချင်ပါတယ်။” (ဦးဇော်ဖန်း – မြစ်ကြီးနားအသင်းတော်)

သက်သေခံရင်းနဲ့ ပျော်ရွှင်ဝမ်းမြောက်တဲ့စိတ်ကို ဖော်ပြနေပါတယ်

“မျှော်လင့်ချက်မဲ့ခြင်းထဲမှာနေတဲ့ ဗိုလ်ချုပ်နေမန်က ဘုရားသခင်ရဲ့စိတ်ရှိတဲ့ မိန်းမငယ်လေးအားဖြင့် အနူရောဂါပျောက်ကင်းခွင့်ရရှိခဲ့ပြီး သူ့ရဲ့စိတ်နှလုံးသားပြောင်းလဲလာပြီး ပျော်ရွှင်ခြင်း ပြည့်ဝလာပါတယ်။ ကိုယ်က ဧဝံဂေလိတရားဟောပြောပေမဲ့လည်း လူတွေက နားထောင်မှာမဟုတ်ဘူးဆိုတဲ့အကြံအစည်ထဲမှာ ချုပ်ထားခြင်း ခံနေခဲ့ရပေမဲ့ ကျွန်မလည်း မိန်းမငယ်ကဲ့သို့ ပါးစပ်ဖွင့်မယ်ဆိုရင် ဘုရားသခင်က ဧကန်အမှန်အလုပ်လုပ်ပေးမှာြဖစ်တယ် ဆိုတဲ့မျှော်လင့်ခြင်း ဖြစ်ပေါ်လာခဲ့ပါတယ်။” (ကိုဇေလွန်း – မူဆယ်အသင်းတော်)

ဒီတစ်ခေါက် ဆောင်းဦးရာသီ Camp ပြီးသွားသည့်အခါ မြန်မာတစ်နိုင်ငံလုံးမှ ညီအစ်ကိုမောင်နှမတွေက ဧဝံဂေလိတရားအတွက် စိတ်အားထက်သန်လာပြီး ပျော်ရွင်ဝမ်းမြောက်စွာ Camp အဆုံးသတ်နိုင်ခဲ့ပါသည်။ ဘုရားသခင်နဲ့ ဘုရားသခင်ကျွန်ရဲ့စိတ်နဲ့ဆက်သွယ်ထားတဲ့ မိန်းမငယ်ကဲ့သို့ မြန်မာအသင်းသူ/သားများလည်း ဆက်လက်ပြီး ပြုလုပ်မည့် အဖွဲ့လိုက် ဧဝံဂေလိထွက်ခြင်းလှုပ်ရှားမှုနဲ့ ကျမ်းစာသင်တန်းများအားဖြင့် မြန်မာနိုင်ငံနေရာအနှံ့တွင် ဧဝံဂေလိတရား အားရပါးရဖုံးလွှမ်းလာမည့်အရာကို မျှော်လင့်မိပါတယ်။

နောက်ဆုံးတင်ထားသော ပို့စ်များ