May 9, 2024

ဧဝံဂေလိတရား

မြန်မာဂွတ်(စ်)နယူး(စ်)အသင်းတော်သည် လောကီလူသားတို့၏စိတ်နှလုံးသားကို မှောင်မိုက်စေသော အပြစ်တရားမှ လွတ်မြောက်စေရန် လမ်းပြပြီး ပျော်ရွှင်သော၊ လင်းလက်တောက်ပသော အသက်တာ၌ အသက်ရှင်နိုင်ရန် ဦးဆောင်လမ်းပြသည်။ သမ္မာကျမ်းစာထဲမှ ရှာဖွေတွေ့ရှိသော ပျော်ရွှင်မှုများကို ကလေးသူငယ်များမှသည် ကဏ္ဍအသီးသီး၌ ဦးဆောင်နေသူများအထိ အယောက်စီတိုင်းကို မျှဝေပေးလိုပါသည်။

ကျမ်းစာသင်တန်းများ

 ကျမ်းစာသင်တန်းများကို မြန်မာနိုင်ငံတစ်ဝှမ်းရှိ မြို့ကြီးများတွင် နှစ်စဉ်နှစ်တိုင်းအကြိမ်ကြိမ် ပြုလုပ်လျက်ရှိပါသည်။ သင်္ကြန်၊ သီတင်းကျွတ်၊ ခရစ်စမတ်ကာလများတွင် စခန်းသွင်း ကျမ်းစာသင်တန်းများ ပုံမှန်ပြုလုပ်သလို၊ ရက်တို သင်တန်းများကိုလည်းအလျဉ်းသင့်သလို ပြုလုပ်ပါသည်။ ခေတ်ကာလနှင့် လိုက်လျောညီထွေစွာZoom app ဖြင့် online သင်တန်းများလည်း ပြုလုပ်ပါသည်။ အဆိုပါ သင်တန်းများအားဖြင့် များစွာသောလူတို့သည် အပြစ်လွတ်ခြင်းလက်ခံရရှိပြီး  အသစ်သောအသက်တာ၌ အသက်ရှင်ကြပါသည်။

ဝတ်ပြုခြင်းအစီအစဉ်

မြန်မာဂွတ်(စ်)နယူး(စ်)အသင်းတော်သည် ဧဝံဂေလိတရားကို စဉ်ဆက်မပြတ်ဟောပြောပြီး ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်ဖြစ်ကြောင်း လမ်းပြပါသည်။ အသင်းတော်တွင် တနင်္ဂနွေဝတ်ပြုခြင်းအစီအစဉ်၊ အပတ်စဉ်အစည်းအဝေးနှင့် တောင်းဆိုမှု အပေါ်မူတည်၍ တစ်ဦးချင်းဆွေးနွေးမှုများလည်းရှိပါသည်။ အသေးစိတ်သိရှိလိုပါက နီးစပ်ရာ မြန်မာဂွတ်(စ်)နယူး(စ်) အသင်းတော်ကို ဆက်သွယ်နိုင်ပါသည်။

နောက်ဆုံးတင်ထားသော ပို့စ်များ