January 15, 2025

အကြီးမားဆုံးစိန်‌ခေါ်မှုအတွက် အကောင်းဆုံးပြင်ဆင်ခြင်း

မြန်မာနိုင်ငံသည် လွန်ခဲ့သော (၂) နှစ်အတွင်း ကိုဗစ်ကပ်ရောဂါအခြေအနေကြောင့် လူတွေ့စုဝေးခြင်း မပြုလုပ်နိုင်ခဲ့သော်လည်း  ဆရာကြီး Kim Jong Ho သည် မြန်မာနိုင်ငံရှိ ညီအစ်ကိုမောင်နှမများအားလုံးကို ယုံကြည်ခြင်းဖြင့် Bible Training Camp ပြုလုပ်ရန် လမ်းပြခဲ့ပါသည်။

 လာမည့် ဧပြီလ (၁၃-၁၇) ရက်နေ့အထိ Bible Training Camp ကို Offline ဖြင့် ပြုလုပ်သွားမည်ဖြစ်ပြီး  ရန်ကုန်အသင်းတော်ကြီးအပြင် မြစ်ကြီးနား၊ မူဆယ်၊ မန္တလေး၊ တောင်ငူ၊ ပူတာအို ပုသိမ်၊ ဓနုဖြု၊ ဆင်ကူး၊ မောင်ရှင်၊ ရှိန်းခေါင် စသော နယ်အသင်းတော်၁၁ပါး တွင်လည်း Bible Training Campကို Offline ဖြင့် ယုံကြည်ခြင်းနှင့်စိန်ခေါ်ပြီးပြုလုပ်သွားမည်ဖြစ်ပါသည်။

လူကြီး၊ လူငယ်များအပြင် (၁၂) နှစ်မှ (၁၆) နှစ်အရွယ်များကိုလည်း ဆရာကြီး Ock Soo Park ရေးသားထားသော စိတ်ပညာ‌ရေးစာအုပ်လေ့လာခြင်းနှင့်အတူ Presentation ကိုလည်း ပြုလုပ်သွားမည်ဖြစ်ပါသည်။ နောင်တချိန်တွင် အနာဂတ်ခေါင်းဆောင်များမွေးထုတ်နိုင်ရန်အတွက် စိတ်ကမ္ဘာအကြောင်းနှင့် ပတ်သက်ပြီး သင်ကြားပေးခြင်းသည်လည်း အရေးကြီးသည့် ကဏ္ဍတခုဖြစ်ပါသည်။ Camp တက်ရောက်ခြင်းဖြင့် စိတ်နှလုံးသားအချင်းချင်းဆက်သွယ်ပြီး တဦးနှင့်တစ်ဦးမိဿဟာရဖွဲ့ခြင်းဖြင့် စိတ်ဓါတ်ရေးရာကို မြင့်တင်နိုင်မည်ဖြစ်ပါသည်။

ဇာတိပကတိကို နှုတ်ကပတ်တော်နှင့်စစ်တိုက်ပြီး ဘယ်အရာကိုမဆို ယုံကြည်ခြင်းနှင့်စိန်ခေါ်ဖို့ Bible Training Camp ကို ပြုလုပ်ခြင်းဖြစ်ပါသည်။ ခက်ခဲသောအရာဖြစ်နေသော်လည်း အခက်အခဲအားဖြင့် ဘုရားသခင်နှင့်ကြုံတွေ့သောအရာသည် တန်ဖိုးမဖြတ်နိုင်သောအရာဖြစ်ပါသည်။ Camp တွင် ပါဝင်ခြင်းဖြင့် နှုတ်ကပတ်တော်နှင့် စိုရွဲသောဘဝအသက်တာအဖြစ်ပြောင်းလဲပြီး ဘုရားသခင်ကမ္ဘာ၌သာရှိသော စစ်မှန်သောပျော်ရွှင်ခြင်း၊ ဝမ်းမြောက်ခြင်းကို ခံစားရမှာဖြစ်ပါသည်။ မတူညီသောပြဿနာ၊ ရင်ဆိုင်နေရသောအခက်အခဲများရှိသော်လည်း ယခု (၂၀၂၂) ခုနှစ်တွင် မြန်မာနိုင်ငံ၏ ဧဝံဂေလိခြေလှမ်းသည် အကြီးမားဆုံးပြောင်းလဲမှုတစ်ခုအဖြစ် ဘုရားသခင်ပြင်ဆင်ပေးသောအရာဖြစ်သည်။

နောက်ဆုံးတင်ထားသော ပို့စ်များ