May 9, 2024

ရှမာရိလူ၏ ကယ်တင်ခြင်းအားဖြင့်သာ

#အပတ်စဥ်စိတ်ဝိညာဥ်ခွန်အား

ဒီတပတ်ထဲမှာ Thingyan Bible Training Camp ပြုလုပ်ခြင်းအားဖြင့် များစွာသော ဝမ်းမြောက်ခြင်းခံစားခဲ့ရပါတယ်။ လူတွေအများကြီးက ဒီသင်တန်းမှာပါဝင်ခြင်းအားဖြင့် ပြောင်းလဲခြင်းဖြစ်ပေါ်လာခဲ့ပါတယ်။ ဘုရားသခင်ရဲ့ကောင်းချီးမင်္ဂလာပြည့်ဝခဲ့ပါတယ်။ ဘုရားသခင်က ကျွန်တော်တိုကို ဝမ်းမြောက်ခြင်းတွေ၊ မျှော်လင့်ခြင်းတွေပေးခဲ့ပါတယ်။ ဒီအရာတွေကိုဘယ်သူမှလုယူလိုမရပါဘူး။ အရင်တုန်းကကျွန်တော်က ကိုယ့်ဘဝကိုဝမ်းမြောက်အောင်ကြိုးစားခဲ့ဖူးပါတယ်။ စည်းစိမ်ဥစ္စာတွေ၊ အများကြီးရှာပြီး ပျော်ရွင်အောင်နေမယ်လို စဉ်းစားခဲ့ပါတယ်။ဒီအရာတွေက ကျွန်တော့်ဘဝကို ဝမ်းမြောက်ပျော်ရွှင်အောင် ပြုလုပ်ပေးလိုမရခဲ့ပါဘူး။ ဒါပေမဲ့ဘုရားသခင်က ကျွန်တော့်နှလုံးသားထဲဝင်ရောက်ပြီး ကျွန်တော့်ကို ဝမ်းမြောက်သောသူဖြစ်အောင်ပြုလုပ်ပေးခဲ့ပါတယ်။ ဒီဝမ်းမြောက်ခြင်းက ကျွန်တော်က ကြိုးစားပြီးရခဲ့တဲ့ဝမ်းမြောက်ခြင်း မဟုတ်ပါဖူး။ ဘုရားသခင်ကို ကြိုးစားပြီးအစေခံလိုရခဲ့တဲ့ဝမ်းမြောက်ခြင်းလည်း မဟုတ်ပါဘူး။ ဘုရားသခင်ကဘာအကြောင်းပြချက်မှမရှိဘဲ ပေးခဲ့တဲ့ဝမ်းမြောက်ခြင်းဖြစ်ပါတယ်။ ဒီဘုရားသခင်ရဲ့တဖက်သတ်ချစ်ခြင်းမေတ္တာအားဖြင့် ကျွန်တော့်အပြစ်အားလုံးကို ဆေးကြောပေးခဲ့တယ်။ ကျွန်တော့်ရဲ့အားနည်းတဲ့အရာ‌တွေကို ဖုံးအုပ်ပေးခဲ့ပါတယ်။ ဘုရားသခင်ဆိုတာချစ်ခြင်းမေတ္တာဖြစ်တယ်လိုနားလည်ခဲ့ပါတယ်။

ရှင်လုကာ 10:25-37 ကိုဖတ်ကြည့်မယ်ဆိုရင် အရမ်းအရေးကြီးတဲ့ အကြောင်းအရာတွေ ပါဝင်ပါတယ်။ဒီကျမ်းပိုဒ်မှာ ပထမအနေနဲ့ “ကယ်တင်ခြင်း” ကိုဘယ်လိုလက်ခံရမလဲဆိုတာဖော်ပြထားပြီး၊ ဒုတိယအနေနဲ့ကတော့ “အသင်းတော်ထဲမှာရှိရမှာဖြစ်ပြီးလမ်းပြပေးမယ့်ဘုရားသခင်ကျွန်နဲ့ ဆုံတွေ့ရမယ်ဆိုတဲ့အချက်ကို ရှင်းပြထားပါတယ်။ ကောင်းသောရှမာရိဆိုတာ သခင်ယေရူကိုပုံဆောင်ပါတယ်။ ဒီ‌နေရာမှာခရစ်ယာန်အတော်များများက ကောင်းသောရှမာရိကဲ့သိုအသက်ရှင်ရမယ်၊။ ကောင်းသောရှမာရိကဲ့သို ကောင်းကောင်းအသက်ရှင်ရမယ်ဆိုပြီး သွန်သင်တာတွေရှိပါတယ်။ ဒီအရာကကျမ်းစာကို သေသေချာချာမသိလို ဖြစ်ပါတယ်။တနေ့မှာ ကျမ်းတတ်ဆရာတယောက်က ယေရူဆီလာပြီး ထာဝရအသက်ရဖို၊ အပြစ်လွတ်ခြင်းရဖို ဘာလုပ်ရမလဲလို မေးခဲ့ပါတယ်။ ဒီကျမ်းတတ်ကအပြစ်လွတ်ဖို ကိုယ်ကတခုခုလုပ်ရမယ်လို ခံစားနေပါတယ်။ အပြစ်လွတ်ခြင်း၊ ကယ်တင်ခြင်းရဖိုဆိုတာ ကျွန်တော်တိုက ကောင်းကောင်းလုပ်တာ၊ မလုပ်တာနဲ့ ဘာမှမဆိုင်ပါဘူး။

ဥပမာ‌ပြောရရင် အိုလန်ပစ်ပြိုင်ပွဲကိုနိုင်ငံတကာကနေ ပါဝင်ယဉ်ပြိုင်ကြပါတယ်။ မြန်မာနိုင်ငံကလည်း ပါဝင်ယှဉ်ပြိုင်မယ်ဆိုရင် နိုင်ငံကိုယ်စားပြုအကောင်းဆုံး၊ အကျွမ်းကျင်ဆုံးကစားသမားကို ကိုယ်စားလှယ်တယောက်အနေနဲ့ ယှဉ်ပြိုင်ခိုင်းရမှာ ဖြစ်ပါတယ်။ နိုင်ငံကိုယ်စားလှယ်ကပဲ ပထမဆုရအောင် စွမ်းဆောင်ရမှာဖြစ်ပါတယ်။ ကျွန်တော်တိုက ဘာမှလုပ်စရာမလိုပါဘူး။ ဒါပေမဲ့ ကိုယ်စားလှယ်က ပထမရတယ်ဆိုရင် ကျွန်တော်တိုကိုယ်တိုင် ဝင်မပြိုင်ရင်လည်း ပထမရတာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့သူအားလုံးက ပထမရတာဖြစ်ပါတယ်။ အပြစ်လွတ်ခြင်းရဖိုလည်း ထိုနည်းတူဖြစ်ပါတယ်။ အားကစားသမားကို ပုံဆောင်တဲ့ယေရူက ကောင်းကောင်းလုပ်ရမှာဖြစ်တယ်။ ယေရူကလောကရဲ့ အပြစ်အားလုံးကို ကားတိုင်ပေါ်မှာ အသေခံ‌ပေးပြီးတော့ အမှုပြီးပြီဆိုပြီး ဖြေရှင်းပေးခဲ့ပါပြီ။ သုံးရက်မြောက်နေ့မှာ ရှင်ပြန်ထမြောက်ခဲ့ပါတယ်။ ဒီအဓိပ္ပာယ်က အားလုံးပြီးပြီ။ ကျွန်တော်တိုဖြောင့်မတ်ပြီဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ ဒါပေမဲ့ များစွာသောခရစ်ယာန်တွေက ယေရူအပြစ်ဖြေရှင်းပြီးပြီလို‌ပြောနေပေမယ့် “ကိုယ်တော်အပြစ်ခွင့်လွတ်တော်မူပါ” လို ပြောနေပါတယ်။ရှုပ်ရှက်ခတ်နေပါတယ်။ ဒါဟာကျမ်းစာသေချာမသိလိုဖြစ်ပါတယ်။ရှင်လုကာ (5) မှာ ပါတဲ့ဓါးပြတိုက်ခံရတဲ့သူဆိုတာ၊သူလုပ်ခဲ့တဲ့အရာဘာတခုမှမရှိပါဘူး။ ကယ်တင်ခြင်းရဖိုလည်း ဘာမှမလုပ်ခဲ့ပါဘူး။ သူကယ်တင်ခြင်းရတာက ရှမာရိလူကြောင့်ပဲ ဖြစ်ပါတယ်။

ကယ်တင်ရှင်က ရှမာရိလူဖြစ်ပါတယ်။ ဓါးပြတိုက်ခံရတဲ့သူဆိုတာ ကယ်တင်ခြင်းလက်ခံမည့်သူ ဖြစ်ပါတယ်။ ဒီလောကလူသားအားလုံးကို ပုံဆောင်ပါတယ်။ ကျွန်တော်တိုကပညတ်တရားရဲ့အရိုက်ခံရပြီးတော့ သေလုမျောပါးဖြစ်နေတဲ့သူတွေဖြစ်တယ်။ ဒီပညတ်တရားကပဲ ကျွန်တော်တိုကို အပြစ်သားဖြစ်စေခဲ့တယ်။ ကျွန်တော်တိုက ဘာမှမတတ်နိုင်တဲ့အချိန်မှာဘုရားသခင်က ယေရူကိုစေလွတ်ပြီးကယ်တင်ပေးခဲ့တာဖြစ်ပါတယ်။ဒါကြောင့်ယေရူက ကျမ်းတတ်ဆရာကို မင်းလည်းထိုနည်းတူပြုလော့။ ဘာမှမတတ်နိုင်တော့တဲ့ဓါးပြတိုက်ခံရသူလိုဖြစ်ပါ။ ဘုရားသခင်ရှေ့ကိုကျွန်တော်ဘာမှမတတ်နိုင်ပါဘူး။ ကျွန်တော့်အပြစ်လည်း ကျွန်တော်မဆေးကြောနိုင်ပါဘူး။ ဘုရားသခင်က ကျေးဇူးပြုတော်မူပါဆိုရင်ဘုရားသခင်က အပြစ်အားလုံးဖြေရှင်းပေးမှာဖြစ်ပါတယ်။Thingyan Bible Training Camp ပြုလုပ်ခြင်းအားဖြင့်များစွာဝမ်းမြောက်ခဲ့ရပါတယ်။ လူတွေအများကြီးကဒီသင်တန်းမှာ ဝင်ခြင်းအားဖြင့်ပြောင်းလဲခြင်းဖြစ်ပေါ်လာခဲ့ပါတယ်။ ဘုရားသခင်ရဲ့ကောင်းချီးမင်္ဂလာပြည့်ဝခဲ့ပါတယ်။ ကျမ်းပိုဒ်အနည်းငယ်ဖတ်ချင်ပါတယ် (ရှင်လုကာ 10:25-37)။ ဘုရားသခင်ကကျွန်တော့်ကိုဝမ်းမြောက်ခြင်းတွေ၊မျှော်လင့်ခြင်းတွေပေးခဲ့ပါတယ်၊ဒီအရာတွေကိုဘယ်သူမှလုယူလိုမရပါဖူး။ အရင်တုန်းက ကျွန်တော်ကကျွန်တော့်ဘဝကိုဝမ်းမြောက်အောင်ကြိုးစားခဲ့ဖူးပါတယ်။ စည်းစိမ်ဥစ္စာတွေ၊ အများကြီးရှာပြီးပျော်ရွင်အောင် နေမယ်လိုစဉ်းစားခဲ့ပါတယ်။ ဒီ အရာတွေက ကျွန်တော့်ဘဝကို ဝမ်းမြောက်ပျော်ရွှင်အောင် ပြုလုပ်ပေးလိုမရခဲ့ပါဖူး။

ဒါပေမဲ့ဘုရားသခင်က ကျွန်တော့်နှလုံးသားထဲဝင်ရောက်ပြီး ကျွန်တော့်ကိုဝမ်းမြောက်သောသူဖြစ်အောင် ပြုလုပ်ပေးခဲ့ပါတယ်။ ဒီဝမ်းမြောက်ခြင်းက ကျွန်တော်ကကြိုးစားပြီးရခဲ့တဲ့ ဝမ်းမြောက်ခြင်းမဟုတ်ပါဖူး။ ဘုရားသခင်ကိုကြိုးစားပြီး အစေခံလိုရခဲ့တဲ့ ဝမ်းမြောက်ခြင်းလည်းမဟုတ်ပါဘူး။ ဘုရားသခင်ကဘာအကြောင်းပြချက်မှမရှိပဲ ပေးခဲ့တဲ့ ဝမ်းမြောက်ခြင်းဖြစ်ပါတယ်။ ဒီဘုရားသခင်ရဲ့တဖက်သတ်ချစ်ခြင်းမေတ္တာအားဖြင့် ကျွန်တော့်အပြစ်အားလုံးကိုဆေးကြောပေးခဲ့တယ်။ ကျွန်တော့်ရဲ့အားနည်းတဲ့အရာ‌တွေကို ဖုံးအုပ်ပေးခဲ့ပါတယ်။ ဒီထဲမှာအရမ်းအရေးကြီးတဲ့အကြောင်းအရာတွေပါဝင်ပါတယ်။ ဒီကျမ်းပိုဒ်မှာ ပထမအနေနဲ့ “ကယ်တင်ခြင်း”ကို ဘယ်လိုလက်ခံရမလဲဆိုတာဖော်ပြထားပြီး၊ ဒုတိယအနေနဲ့ကတော့ “အသင်းတော်ထဲမှာရှိရမှာဖြစ်ပြီး လမ်းပြပေးမယ့်ဘုရားသခင်ကျွန်နဲ့ ဆုံတွေ့ရမယ် ဆိုတဲ့အချက်ကို ရှင်းပြထားပါတယ်။ ကောင်းသောရှမာရိဆိုတာသခင်ယေရူကို ပုံဆောင်ပါတယ်။ ဒီ‌နေရာမှာ ခရစ်ယာန်အတော်များများကကောင်းသောရှမာရိကဲ့သိုအသက်ရှင်ရမယ်၊‌ ကောင်းသောရှမာရိကဲ့သို့ ကောင်းကောင်းအသက်ရှင်ရမယ်ဆိုပြီးသွန်သင်တာတွေရှိပါတယ်။

ဒီအရာကကျမ်းစာကို သေသေချာချာမသိလို့ ဖြစ်ပါတယ်။တနေ့မှာ ကျမ်းတတ်ဆရာတယောက်ကယေရူဆီလာပြီး ထာဝရအသက်ရဖို့၊ အပြစ်လွတ်ခြင်းရဖို့ ဘာလုပ်ရမလဲ? လိုမေးခဲ့ပါတယ်။ ဒီကျမ်းတတ်ကအပြစ်လွတ်ဖို့ ကိုယ်ကတခုခုလုပ်ရမယ်လို့ ခံစားနေပါတယ်။ အပြစ်လွတ်ခြင်း၊ကယ်တင်ခြင်းရဖို့ဆိုတာ ကျွန်တော်တို့က ကောင်းကောင်းလုပ်တာ၊ မလုပ်တာနဲ့ဘာမှမဆိုင်ပါဘူး။ ဥပမာ‌ပြောရရင် အိုလန်ပစ်ပြိုင်ပွဲကိုနိုင်ငံတကာကနေ ပါဝင်ယဉ်ပြိုင်ကြပါတယ်။ မြန်မာနိုင်ငံကလည်း ပါဝင်ယှဉ်ပြိုင်မယ်ဆိုရင် နိုင်ငံကိုယ်စားပြုအကောင်းဆုံး၊ အကျွမ်းကျင်ဆုံးကစားသမားကို ကိုယ်စားလှယ်တယောက်အနေနဲ့ ယှဉ်ပြိုင်ခိုင်းရမှာဖြစ်ပါတယ်။ နိုင်ငံကိုယ်စားလှယ်ကပဲ ပထမဆုရအောင် စွမ်းဆောင်ရမှာဖြစ်ပါတယ်။ ကျွန်တော်တိုကဘာမှလုပ်စရာမလိုပါဘူး။ ဒါပေမဲ့ ကိုယ်စားလှယ်က ပထမရတယ်ဆိုရင် ကျွန်တော်တိုကိုယ်တိုင်ဝင်မပြိုင်ရင်လည်း ပထမရတာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ရှိတဲ့သူအားလုံးက ပထမရတာဖြစ်ပါတယ်။ အပြစ်လွတ်ခြင်းရဖိုလည်းထိုနည်းတူဖြစ်တယ်။ အားကစားသမားကိုပုံဆောင်တဲ့ ယေရူကကောင်းကောင်းလုပ်ရမှာဖြစ်တယ်။ ယေရူကလောကရဲ့အပြစ်အားလုံးကို ကားတိုင်ပေါ်မှာ အသေခံ‌ပေးပြီးတော့အမှုပြီးပြီဆိုပြီး ဖြေရှင်းပေးခဲ့ပါပြီ။ သုံးရက်မြောက်နေ့မှာရှင်ပြန်ထမြောက်ခဲ့ပါတယ်။ ဒီအဓိပ္ပာယ်ကအားလုံးပြီးပြီ။ ကျွန်တော်တိုဖြောင့်မတ်ပြီဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ ဒါပေမဲ့များစွာသောခရစ်ယာန်တွေကယေရူအပြစ်ဖြေရှင်းပြီးပြီလို‌ပြောနေပေမယ့် “ကိုယ်တော်အပြစ်ခွင့်လွတ်တော်မူပါ”လို့ပြောနေပါတယ်။ ရှုပ်ရှက်ခတ်နေပါတယ်။ ဒါဟာကျမ်းစာသေချာမသိလို့ဖြစ်ပါတယ်။

ရှင်လုကာ (၁၀) မှာပါတဲ့ ဓါးပြတိုက်ခံရတဲ့သူဆိုတာ၊ သူလုပ်ခဲ့တဲ့အရာဘာတခုမှမရှိပါဖူး။ ကယ်တင်ခြင်းရဖို့ လည်းဘာမှမလုပ်ခဲ့ပါဖူး။ သူကယ်တင်ခြင်းရတာကရှမာရိလူကြောင့်ပဲဖြစ်ပါတယ်။ ကယ်တင်ရှင်က ရှမာရိလူဖြစ်ပါတယ်။ ဓါးပြတိုက်ခံရတဲ့သူဆိုတာကယ်တင်ခြင်းလက်ခံမည့်သူဖြစ်ပါတယ်။ ဒီလောကလူသားအားလုံးကို ပုံဆောင်ပါတယ်။ ကျွန်တော်တိုကပညတ်တရားရဲ့အရိုက်ခံရပြီးတော့ သေလုမျောပါးဖြစ်နေတဲ့ သူတွေဖြစ်တယ်။ ဒီပညတ်တရားကပဲ ကျွန်တော်တိုကိုအပြစ်သားဖြစ်စေခဲ့တယ်။ ကျွန်တော်တို့က ဘာမှမတတ်နိုင်တဲ့အချိန်မှာ ဘုရားသခင်ကယေရူကိုစေလွတ်ပြီး ကယ်တင်ပေးခဲ့တာဖြစ်ပါတယ်။ဒါကြောင့်ယေရူကကျမ်းတတ်ဆရာကို မင်းလည်းထိုနည်းတူပြုလော့၊ ဘာမှမတတ်နိုင်တော့တဲ့ ဓါးပြတိုက်ခံရသူလိုဖြစ်ပါ။ ဘုရားသခင်ရှေ့မှာ ကျွန်တော်ဘာမှမတတ်နိုင်ပါဘူး။ ကျွန်တော့်အပြစ်လည်း ကျွန်တော်မဆေးကြောနိုင်ပါဘူး။ ဘုရားသခင်ကကျေးဇူးပြုတော်မူပါဆိုရင် ဘုရားသခင်ကအပြစ်အားလုံးဖြေရှင်းပေးမှာဖြစ်ပါတယ်။

(17.4.2022 Rev. Kim Jong Ho ၏ Sunday နှုတ်ကပတ်တော်မှကောက်နှုတ်တင်ပြချက်)

နောက်ဆုံးတင်ထားသော ပို့စ်များ