January 15, 2025

မြေကြီးစွန်းတိုင်အောင် ဟောပြောခဲ့သော မျှော်လင့်ခြင်း နှုတ်ကပတ်တော်

   

  • မြန်မာနိုင်ငံမြောက်ဖျားပိုင်း ရှိန်းခေါင်ဒေသအထိ ဟောပြောခဲ့သော နှုတ်ကပတ်တော်အားဖြင့် ညီအစ်ကိုမောင်နှမများ၏ စိတ်နှလုံးထဲတွင် မျှော်လင့်ခြင်းများ ပြည့်နက်သွားခဲ့သည်။

လွန်ခဲ့သော ၅ လပိုင်းမှစတင်ပြီး ၆ လပိုင်း ၄ ရက်နေ့အထိ မြန်မာနိုင်ငံမြောက်ဖျားပိုင်းတွင် ကျမ်းစာသင်တန်း Work Shop ပြုလုပ်ဖို့ရန်  ဒေသအသီးသီးမှ လူဦးရေ အယောက် ၂၅၀ ပါဝင်တက်ရောက်ခဲ့သည်။ အချိန်အတော်ကြာပြီး မြောက်ဖျားပိုင်းဒေသမှ အသင်းသူ အသင်းသားများ  စုဝေးကြပြီး ပါဝင်တက်ရောက်သူများအားလုံးသည် နှုတ်ကပတ်တော်ကို ချစ်မြတ်နိုးတဲ့စိတ်နှင့်  Work Shop တွင် စိတ်လှုပ်ရှားစွာ ပါဝင်ခဲ့ပြီး မျက်နှာပေါ်တွင်  ဝမ်းမြောက်ပျော်ရွင်ခြင်းများ ပြည့်နက်နေခဲ့ပါသည်။

ဤတစ်ခေါက် Work Shop တွင် မြန်မာနိုင်ငံမြောက်ဖျားပိုင်းတွင်ရှိသော အသင်းတော် ညီအစ်ကိုမောင်နှမများအား  နှုတ်ကပတ်တော်နှင့် ယုံကြည်ခြင်းကို    စိုက်ပျိုးပေးဖို့ရန် ကျမ်းစာသင်တန်း ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံမြောက်ဖျားပိုင်းသည် ကြမ်းတမ်းသော သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတုများကြောင့်   အသုံးအဆောင်ပစ္စည်းများနှင့် လမ်းပန်းဆက်သွယ်ရေးများ အမြဲတစေ ခက်ခဲမှုများစွာရှိနေပါသည်။ အထူးသဖြင့် မြောက်ဖျားပိုင်းတွင်ရှိနေသော ရှိန်းခေါင်ဒေသသည် ဆက်သွယ်ရေးအခက်အခဲရှိပြီး ကားများလည်း မသွားလာသော သီးသန့်ရှိနေသည့် ဒေသဖြစ်သည်။ ကြယ်ကင်းစင်တဲ့ ကောင်းကင်တောင်လို့ ခေါ်လို့ရတဲ့ နေရာဖြစ်သော်လည်း ဧဝံဂေလိတရား နားထောင်ပြီး ကယ်တင်ခြင်း လက်ခံတဲ့ ညီအစ်ကိုမောင်နှမ များစွာရှိနေပါသည်။

သို့သော်လည်း အချိန်အတော်ကြာ ရန်ကုန်အသင်းတော်၊ တခြားနယ်အသင်းတော်များနဲ့လည်း ကောင်းကောင်း မဆက်သွယ်ဖြစ်နိုင်သောကြောင့် ရှိန်းခေါင်ဒေသမှ ညီအစ်ကိုမောင်နှမများသည် ကယ်တင်ခြင်းရပြီးသော်လည်း တိကျသောယုံကြည်ခြင်း ဘဝအသက်တာနဲ့ ပတ်သက်ပြီး သင်ယူဖို့ အခွင့်အရေးများ အလွန်နည်းပါးခဲ့ပါသည်။ ဤအရာကို စိတ်မကောင်းဖြစ်နေသော ဆရာကြီးသည် ရှိန်းခေါင်ဒေသနှင့် အနီးအနားတွင်ရှိနေသော ပူတာအိုမြို့တွင် ကျမ်းစာသင်တန်းကို ပြုလုပ်ရန်စိန်ခေါ်ခဲ့ပြီး ထိုသူများကို စစ်မှန်သောဧဝံဂေလိတရား၊ ယုံကြည်ခြင်းဘဝအသက်တာနှင့်ဆိုင်သော နှုတ်ကပတ်တော်များ ဝေငှပေးခဲ့ပါသည်။

ရှိန်းခေါင်ဒေသမှာ လမ်းပန်းဆက်သွယ်ရေးက အင်မတန်မှ ခက်ခဲပါတယ်။    နှင်းတောပေါ်မှာ တည်ရှိနေတဲ့အတွက် ကားနဲ့လုံးဝ သွားလို့မရပါဘူး။ တစ်ခေါက် သွားဖို့ဆိုရင် တစ်ပတ်လုံးလုံး တောင်လမ်းကို လမ်းလျှောက်ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရှိန်းခေါင်က ညီအစ်ကိုမောင်နှမ ၇၅ ယောက်ကတော့ အခြေအနေကို ကျော်လွှားပြီး Work Shop မှာ ပါဝင်ခဲ့ကြပါတယ်။ နှုတ်ကပတ်တော်ကိုသာ ချစ်မြတ်နိုးတဲ့ စိတ်တစ်ခုတည်းနှင့် ကလေး၊ လူကြီးများဟာ မိမိအသက်အရွယ် နှင့်မဆိုင်ဘဲ လမ်းခရီးတစ်လျှောက် စားရင်း၊ အိပ်ရင်း ၇ ရက်ပတ်လုံး ကြမ်းတမ်းတဲ့ လမ်းများကို လျှောက်ခဲ့ခြင်းအားဖြင့် ကျမ်းစာသင်တန်း ရောက်ရှိခဲ့တာဖြစ်ပါတယ်။

နှုတ်ကပတ်တော်ကို နားထောင်တဲ့ ညီအစ်ကိုမောင်နှမတွေရဲ့ မျက်လုံးနှင့် မျက်နှာအမှုအရာတွေမှာ အချိန်တော်အကြာ နှုတ်ကပတ်တော်ကို တောင့်တနေတာကို ခံစားနိုင်ပါတယ်။ ဆရာကြီးကလည်း ကျမ်းစာသင်တန်းတွင် ပါဝင်ကြသော ညီအစ်ကိုမောင်နှမများအား ကောင်းကင်နိုင်ငံနှင့် သက်ဆိုင်ပြီး မြင့်မြတ်တဲ့ ဧဝံဂေလိတရားများကို  လက်ခံခြင်းအားဖြင့် ဘုရားသခင်၏ သားသမီးဖြစ်ဖို့ရန် ကျွန်တော်တို့ကို ရွေးနှုတ်ပေးပြီး အပြစ်လွှတ်ခြင်းပေးတဲ့အရာက သခင်ယေရှု၏ အလုပ်ဖြစ်ပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ တံဆိပ်ခတ်ခြင်းလည်း လက်ခံရမယ့်အရာကို တိတိကျကျ သင်ကြားပေးခဲ့ပါတယ်။ အဲဒီအချိန် မတိုင်ခင် ညီအစ်ကိုမောင်နှမတွေက ဘာဖြစ်လို့ ဘုရားသခင်က ဒီလောက် ခက်ခဲတဲ့ အခြေအနေနှင့် ပတ်ဝန်းကျင်ကို ပေးရတာလဲဆိုပြီး မုန်းတီးခဲ့သော်လည်း နှုတ်ကပတ်တော်ကို နားထောင်ရင်း အားလုံး စိတ်ပြောင်းလဲသွားခဲ့ပါတယ်။ ပါဝင်တက်ရောက်ကြတဲ့ ညီအစ်ကိုမောင်နှမများရဲ့ နှုတ်ထဲမှ မိမိတို့ဆိုတာ ကမ္ဘာ့အပျော်ရွှင်ဆုံးသောသူဖြစ်တယ်ဆိုတဲ့စကားက စတင်စီးထွက်လာခဲ့ပါတယ်။

လမိုင်  Sister က “ကျမက အခုအချိန်ထိ အမြဲတမ်း ဘာဖြစ်လို့ ဘုရားသခင်က မြန်မာနိုင်ငံမှာရှိတဲ့ ရှိန်းခေါင်ဒေသမှာ မွေးဖွားစေခဲ့တာလဲဆိုပြီး မုန်းတီးပြီး အသက်ရှင်ခဲ့ပါတယ်။ ဒါပေမဲ့ နှုတ်ကပတ်တော်ကို နားထောင်တဲ့အချိန် ကျမက တကယ်ကို စာတန်အထဲမှာ အသက်ရှင်နေပြီး ဘုရားသခင်ကပေးတဲ့ ပျော်ရွှင်ခြင်းကို လုံးဝ မကြည့်ဘဲ အသက်ရှင်ခဲ့တဲ့ ပုံစံကို မြင်တွေ့ခွင့်ရရှိခဲ့ပါတယ်။ အခုကတော့ တကယ်ကို ကျမဆိုတာ အပျော်ရွှင်ဆုံးသော သူဖြစ်တယ်လို့ ပြောနိုင်ခဲ့ပါတယ်။” လို့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်အားဖြင့်  ဝမ်းမြောက်သောစိတ်ကို သက်သေခံခဲ့ပါတယ်။

 

ရှိန်းခေါင် ညီအစ်ကိုမောင်နှမများရဲ့ ဧဝံဂေလိတရားကို ချစ်တဲ့စိတ်ကတော့ လူတစ်ဦးမှ တစ်ဦးစီသို့ ကူးစက်သွားပြီး ခန်းမတစ်ခုလုံး အပြည့်ဖြစ်ခဲ့ပါတယ်။ ညီအစ်ကိုမောင်နှမတွေကတော့ ဘုရားသခင်က ကျွန်တော်၊ ကျွန်မတို့ကို အောက်မေ့ပေးပြီး ဧဝံဂေလိတရားအတွက် တန်ဆာပလာအနေနဲ့ အသုံးပြုပေးဖို့ အလိုရှိနေတယ် ဆိုတဲ့စိတ်ကို   မြင်တွေ့ခဲ့ပါတယ်။

ဒီတစ်ခေါက်မှာ ပထမဦးဆုံး ကျမ်းစာသင်တန်းမှာပါဝင်ခဲ့ပြီး ဆရာကြီးရဲ့  နှုတ်ကပတ်တော်ကို နားထောင်ခဲ့ပါတယ်။  ကျွန်တော်က တစ်ဘဝလုံး  အပြစ်တရားထဲမှာ ချုပ်နှောင်ခြင်းခံပြီး မလွတ်မြောက်နိုင်ခဲ့ပါဘူး။ ဒါပေမဲ့ နှုတ်ကပတ်တော်ကို နားထောင်တဲ့အချိန် ကယ်တင်ရှင်ဖြစ်တဲ့ သခင်ယေရှုနှင့် တွေ့ဆုံပြီး အရမ်းလွယ်ကူစွာနဲ့ ကယ်တင်ခြင်းကို လက်ခံခဲ့ပါတယ်။ အခုဆိုရင် တိကျစွာ ပြောနိုင်ပါပြီ။ သခင်ယေရှုက ကျနော် အပြစ်တွေ အားလုံးကို ယူဆောင်သွားပြီး ကျနော်က ဖြောင့်မတ်သွားပါပြီ။ ဆက်လက်ပြီး ဒီလို ကျမ်းစာသင်တန်းတွေ ပါဝင်နိုင်ဖို့ ကျေးဇူးတော် လက်ခံချင်ပါတယ်။ အရမ်းကို ကျေးဇူးတင်ပါတယ်။ ထွယ်ဆိုင်အောင်- မြစ်ကြီးနား

ဘုရားသခင်ရဲ့ ကျေးဇူးတော်နဲ့ ဒီတစ်ခေါက် ကျမ်းစာသင်တန်းအပြီးတွင် ရှိန်းခေါင်ကို စေလွှတ်ခြင်းခံခဲ့ရပါတယ်။ တကယ်ကို ကျေးဇူးတင်ပါတယ်။ ကျနော်က ဧဝံဂေလိတရားကို ကောင်းကောင်း ဟောပြောလား၊ မဟောပြောဘူးလားဆိုတာနဲ့ လုံးဝ မဆိုင်ဘဲ ဘုရားသခင်ရဲ့ ကတိတော်က ကျတော့်ဆီမှာ အလုပ်လုပ်ပေးတဲ့အရာကို မြင်တွေ့ခွင့်ရခဲ့ပါတယ်။ ဘုရားသခင်က ဒီလို အခွင့်အရေးအားဖြင့် ကျနော့်ကို ကောင်းကြီးမင်္ဂလာကိုပေးပြီး ဘုရားသခင်စိတ်နဲ့ ကျနော့်ရဲ့ စိတ် နီးစပ်ဖို့ရန်အတွက် လမ်းပြပေးနေတဲ့ အရာကို မြင်တွေ့ခဲ့ပါတယ်။ တမန်တော် ၉း၁၅ “သခင်ဘုရားကလည်း၊ ထိုသူကား တပါးအမျိုးသားတို့နှင့် ရှင်ဘုရင်တို့ထံသို့၎င်း၊ ဣသရေလအမျိုးသားတို့ရှိရာသို့၎င်း၊ ငါ၏နာမကိုပို့ဆောင်စေခြင်းငှါ ငါရွေးကောက်သော တန်ဆာဖြစ်၏။” ဆိုတဲ့ နှုတ်ကပတ်တော်လို ဘုရားသခင်က ကျနော့်ကို အသုံးပြုပြီး ရှိန်းခေါင်မှာ ဧဝံဂေလိ ဟောပြောစေတဲ့ အရာကို ယုံကြည်ပါတယ်။ တန်ဖိုးမရှိ အားနည်းတဲ့သူဖြစ်ပေမဲ့လည်း ဘုရားသခင်နှင့် ဘုရားသခင်ကျွန်က ကျနော့်ကို ဧဝံဂေလိတရားရဲ့ တန်ဆာပလာအနေနဲ့ အသုံးပြုပေးလို့ ကျေးဇူးတင်ပါတယ်။ နော်စင်-မြစ်ကြီးနား

ဒီတစ်ခေါက် သင်တန်းမှာ ရှိန်းခေါင်က ညီအစ်ကိုမောင်နှမပေါင်း ၇၅ ယောက် ပူတာအိုကို ရောက်ရှိလာခဲ့ပါတယ်။ အားလုံးက နှုတ်ကပတ်တော်ကို ချစ်တဲ့စိတ်နဲ့ ၇ ရက်လုံးလုံး တောင်ပေါ်လမ်းကို လမ်းလျှောက်ပြီး ကျမ်းစာသင်တန်းကို ပါဝင်ခဲ့ကြပါတယ်။ ညီအစ်ကိုမောင်နှမ တစ်ဦးချင်းစီက စိတ်ထဲမှာ ဝမ်းမြောက်ခြင်းများ အပြည့်ရှိနေခဲ့ပြီး ဧဝံဂေလိတရားအတွက် မျှော်လင့်ခြင်းများ ထွက်ပေါ်လာခဲ့ပါတယ်။ ကျမ်းစာသင်တန်းအပြီးမှာတော့ ရှိန်းခေါင်ကို စေလွှတ်ခြင်းခံခဲ့ရပါတယ်။ ဆရာကြီးက ကိုယ်တိုင်သွားရမှာဖြစ်ပေမဲ့ ကျနော့်ကို ကိုယ်စားစေလွှတ်တာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ ဘုရားသခင်ကျွန်က ကျနော့်ကို စေလွှတ်လိုက်တဲ့အတွက် ဘုရားသခင်က ကျနော့်ကို အသုံးပြုပြီး ရှိန်းခေါင်မှာ ကြီးမားတဲ့ ကောင်းကြီးမင်္ဂလာကို ပေးမှာဖြစ်ပါတယ်။ ဘုရားသခင်က ကျနော့်စိတ်ထဲမှာ မျှော်လင့်ခြင်းများ ပြည့်လျှုံအောင် ဖြည့်ပေးခဲ့ပါတယ်။ ရှေ့လျှောက်လည်း ရှိန်းခေါင်မှာ ဖြစ်ပေါ်လာမည့် ဧဝံဂေလိတရားရဲ့ နိမိတ်လက္ခဏာတွေကို စဉ်းစားလိုက်တဲ့အချိန်မှာ ဝမ်းမြောက်ခြင်းနှင့် ပျော်ရွှင်ခြင်းများ ပြည့်နက်နေပါတယ်။ သောမတ် ဧဝံဂေလိဆရာ -ရှိန်းခေါင်

ကျနော့်သားနှစ်ယောက်က အခုချိန်ထိ ကယ်တင်ခြင်းမရသေးလို့ ဆရာကြီးကို ပြောပြတဲ့အခါ ဆုတောင်းပေးခဲ့ပါတယ်။ အဲဒီလိုနဲ့ နောက်နေ့ ချက်ချင်း သားတွေကိုမခေါ်ထားပေမဲ့ ကျမ်းစာသင်တန်းပါဝင်ဖို့ ရောက်ရှိလာကြပါတယ်။ နှုတ်ကပတ်တော်လည်း ကောင်းကောင်းနားထောင်ပြီး စိတ်ဖွင့်သွားခဲ့ပါတယ်။ ဆရာကြီးက ဆုတောင်းပေးတဲ့အခါ ချက်ချင်း ဘုရားသခင်က အလုပ်လုပ်ပေးတဲ့အရာကို မြင်ရလို့ တကယ်အံ့သြသွားခဲ့ပါတယ်။ ဒီတစ်ခေါက် ကျမ်းစာသင်တန်းလုပ် ခြင်းအားဖြင့် ကျနော့်မိသားစုအားလုံး ကယ်တင်ခြင်းလက်ခံပြီး အသင်းတော်အထဲမှာ ဧဝံဂေတရား အတူတကွ အစေခံမယ့်အရာ စဉ်းစားကြည့်တဲ့အခါ အရမ်းဝမ်းမြောက်ပါတယ်။ ကျေးဇူးတင်ပါတယ်။ ဂျော်ဆူအာ- ပူတာအို

ဒီတစ်ခေါက် ပူတာအို ကျမ်းစာသင်တန်းမှာပါဝင်ပြီး ကျနော့်ပုံစံကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဆရာကြီးက မိုးမျက်နှာကြက် အပေါ်က ရေနှင့် မိုးမျက်နှာကြက်အောက်က ရေဆိုတဲ့ နှုတ်ကပတ်တော်ကို ဟောပြောခဲ့ပါတယ်။ ကယ်တင်ခြင်းကို လက်ခံပြီး သော်လည်း မိုးမျက်နှာကြက်အောက်ကရေပဲ သောက်သုံးပြီး အသက်ရှင်ခဲ့တဲ့ ကျနော့်ရဲ့ ပုံစံကို မြင်တွေ့ပြီး လွှတ်မြောက်ခွင့် ရရှိခဲ့ပါတယ်။ ကျနော်က ကောင်းကင်နိုင်ငံကို အမွေအဖြစ်လက်ခံရရှိပြီး ဘုရားသင်ခင်ရဲ့ သားသမီးဖြစ်တဲ့ အရာကို ဆရာကြီးက တိတိကျကျ ဖော်ပြပေးခဲ့ပါတယ်။ ဒီမတိုင်ခင် ကျနော်က အခြေအနေကိုမုန်းတီးပြီး အသက်ရှင်ခဲ့ပေမဲ့ အခုကတော့ နှုတ်ကပတ်တော်အားဖြင့် ကျနော်က ဘုရားသခင် ရွေးချယ်ထားတဲ့ သူနေဖြစ်ပြီး ကမ္ဘာ့ အပျော်ရွှင်ဆုံးသော သူဖြစ်တဲ့ အရာကို သိရှိခွင့်ရရှိခဲ့ပါတယ်။ ထမိုင်ဖုန်ရမ်-ရှိန်းခေါင်

ဒီတစ်ခေါက် Work Shop အားဖြင့် စိတ်ထဲမှာ ဧဝံဂေလိတရားနှင့် မျှော်လင့်ချက်တွေ ပြည့်နက်သွားတဲ့ ညီအစ်ကိုမောင်နှမတွေက အခု ကိုယ်စီ မိမိ အိမ်သို့ ပြန်သွားပြီး အဲဒီ ဧဝံဂေလိတရားနှင့်ပတ်သတ်သော မျှော်လင့်ခြင်းဖြစ်ခဲ့တဲ့အရာတွေကို ဟောပြောကြမှာ ဖြစ်ပါတယ်။ အထူးသဖြင့် ဒီတစ်ခေါက် ရှိန်းခေါင်ကို စေလွှတ်ခြင်းခံရတဲ့ သောမတ် ဧဝံဂေလိဆရာနှင့် Brother နော်စင်  ပြီးတော့  ကျမ်းစာသင်တန်းမှာ ပါဝင်ကြတဲ့ ညီအစ်ကိုမောင်နှမများ အားလုံးရဲ့ စိတ်ထဲမှာ ပြည့်ဝတဲ့ပျော်ရွှင်ခြင်းများ ပိုင်ဆိုင်ပြီး ရှိန်းခေါင်ကို ပြန်ကြမှာဖြစ်တယ်။ သူတို့တွေအားဖြင့်လည်း ရှိန်းခေါင်ဒေသမှာ ဘုရားသခင်က ကြီးမားတဲ့ အလုပ်ကို လုပ်ပေးမယ့်အရာကို စဉ်းစားကြည့်တဲ့အခါ မျှော်လင့်ခြင်း ပြည့်နက်လာပါတယ်။ နှုတ်ကပတ်တော်အတိုင်း  မြန်မာနိုင်ငံရဲ့ “မြေကြီးစွန်းတိုင်အောင်” ဧဝံဂေလိတရားကို ဟောပြောနိုင်အောင် ဆွဲခေါ်ပေးနေတဲ့ ဘုရားသခင်ကို ဂုဏ်တော်ကို ချီးမွမ်းပါတယ်။

နောက်ဆုံးတင်ထားသော ပို့စ်များ