September 16, 2024

ကိုရိုနာကပ်ရောဂါအပြီး လားရှိုးမြို့တွင် ပထမဆုံးကျင်းပခဲ့သော CLF အစီအစဉ်

မြန်မာနိုင်ငံခရစ်ယာန်ခေါင်းဆောင်များမိဿဟာယ (CLF) အစီအစဉ်ကို ပြီးခဲ့သည့် ဇွန်(၁၄)ရက်မှ (၁၅)ရက်နေ့အထိ ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ Golden Hill Hotel ၌ ကျင်းပပြုလုပ်ခဲ့ရာ ခရစ်ယာန်ခေါင်းဆောင်များစွာ တက်ရောက်ခဲ့ပါသည်။ လားရှိးမြို့ ၌ CLF ကို ကိုရိုနာကပ်ရောဂါဖြစ်ပွားချိန်မတိုင်မီက ကျင်းပခဲ့ဖူးပြီး ယခုအစီအစဉ်မှာ ကိုရိုနာကပ်ရောဂါအလွန်တွင် ပထမဆုံးပြန်လည်ကျင်းပသည့် Offline အစီအစဉ်ဖြစ်ပါသည်။

CLF ၏ ရည်ရွယ်ချက်မှာ  “သမ္မာကျမ်းစာဆီကို ပြန်သွားရအောင်၊ ယုံကြည်ခြင်းတစ်ခုတည်းနဲ့ ချီတက်ကြရအောင်” ဟူသော ဆောင်ပုဒ်အားဖြင့် ဂိုဏ်းဂဏ၊ အယူဝါဒ တံတိုင်းများကို ကျော်လွန်ပြီး ကမ္ဘာတစ်ဝှမ်းမှ ခရစ်ယာန်ခေါင်းဆောင်များ စည်းလုံးညီညွတ်ရန်နှင့် မိဿဟာယဖွဲ့နိုင်ရန် ဖြစ်ပါသည်။ ယင်းရည်ရွယ်ချက်နှင့်အညီ လားရှိုး CLF အစီအစဉ်ကို 2022 CLF World Conference ၏ ခေါင်းစဉ်ဖြစ်သော (၁ရာ ၃၀း၈) “ဆက်ဆက်မှီ၍ အလုံးစုံတို့ကိုရပြန်မည် ( Recover)“ ခေါင်းစဥ်ဖြင့်ပြုလုပ်ခဲ့ပြီး အမှုတော်ဆောင် ခရစ်ယာန်‌ခေါင်းဆောင် (၈၅) ဦးတက်ရောက်ခဲ့ပါသည်။

အစီအစဉ်အရ နှုတ်ခွန်းဆက်စကားကို ဆရာတော် Rev. ကျော်ကျော်ထွေး (Lord God Hope Church Centre) မှ ပြောကြားခဲ့ပြီး Main Speaker အဖြစ် မြန်မာဂွတ်ဒ်နယူးစ်အသင်းတော်၏ သာသနာပြုဆရာကြီး Rev. Kim Jong Ho က တရားဒေသနာဝေငှခဲ့ပါသည်။ ဆရာကြီး Rev. Kim Jong Ho က  “ဓမ္မဟောင်းခေတ်မှာ သိုးသူငယ်၊ ဆိတ်သူငယ်ကိုအသုံးပြုပြီး  ထပ်ခါတလဲလဲ အပြစ်‌ဆေးကြောခြင်းအားဖြင့် အပြစ်တရားထဲမှာ သံသရာလည်ခဲ့ပါတယ်။ အခုအချိန်မှာတော့ ဓမ္မသစ်ခေတ် ရောက်ရှိနေပြီဖြစ်တဲ့အတွက်  သခင်ယေရှုရဲ့ အသေခံခြင်းကြောင့် အပြစ်လွတ်ခြင်းနဲ့ ထာဝရစုံလင်ခြင်းကို အဖိုးအခပေးစရာမလိုဘဲ အခမဲ့ရရှိပြီဖြစ်ပါတယ်။ ရောမ အခန်းကြီး ၃း၂၃ ကိုပဲ သိရမှာမဟုတ်ဘဲ အခန်းငယ် ၂၄ ကိုလည်း  သေသေချာချာသိမယ်ဆိုရင် အပြစ်တရားထဲကနေ လွတ်မြောက်နိုင်ပါတယ်” ဟု ဟောပြောခဲ့ပါသည်။

အဆိုပါအစီအစဉ်တွင် အသစ်စက်စက်ဖွဲ့စည်းထားသော Joy Band အဖွဲ့နှင့်အတူ နိုင်ငံကျော်တေးသံရှင်လားဒင့်ထားရီ၊ ဝအဆိုရှင် ယေ့နွယ်ကပ်နှင့် Jindallae Women Duet တို့က ဂုဏ်တော်ချီးမွမ်းသီဆိုခဲ့ပြီး တက်ရောက်လာသော ဧည့်ပရိသတ်များ၏စိတ်ကို နူးညွတ်စေခဲ့ပါသည်။

လားရှိုး CLF အစီအစဥ်ကျင်းပခဲ့ခြင်းနှင့်ပတ်သက်၍ တာဝန်ခံ ဆရာ ဇော်မိုင်က “ဘုရားသခင်ကျွန်ကို မစပေးတဲ့ ဘုရားသခင်က ကျွန်တော့်ကိုလည်း မစပေးမယ်လို့ ယုံကြည်ခြင်းအားဖြင့် လုပ်ဆောင်ခဲ့ပါတယ်။ ယုံကြည်ခြင်းရှိတဲ့သူက ဝန်ထုပ်ဝန်ပိုးရှိပေမဲ့ တောင်ကို ရွေးချယ်တယ်။ အခြေအနေကြည့်မယ်ဆိုရင် ခက်ခဲပေမဲ့ ဘုရားသခင်ကျွန်က ဘယ်လိုယုံကြည်ခြင်းနဲ့ ဦးဆောင်နေလဲ၊ ဒီအရာက ကျွန်တော့်ကို အခက်အခဲရင်ဆိုင်ဖို့ ခွန်အားဖြစ်စေခဲ့ပါတယ်” ဟု သက်သေခံခဲ့ပါသည်။

ခရစ်ယာန်ခေါင်းဆောင်များမိဿဟာယဖွဲ့ခြင်းအမှုသည် ဘုရားသခင်နှစ်သက်သည့်အမှုဖြစ်၍ လားရှိုး CLF အစီအစဥ်ကို ဘုရားသခင်မှ အစအဆုံးတာဝန်ယူလုပ်ဆောင်ပေးခဲ့ပြီး ယခုအစီအစဉ်အားဖြင့် မြန်မာနိုင်ငံဧဝံ‌ဂေလိတရားအတွက် မျှော်လင့်ခြင်းများစွာ ဖြစ်ပေါ်ခဲ့ပါသည်။

နောက်ဆုံးတင်ထားသော ပို့စ်များ