အာဗြဟံကို ယုံကြည်ခြင်းရှိသောသူအဖြစ်ဆွဲခေါ်သကဲ့သို့ မြန်မာညီအစ်ကိုမောင်နှမများကိုလည်း ယုံကြည်ခြင်းရှိသောသူဖြစ်အောင် ဆွဲခေါ်ပေးနေသော ဘုရားသခင်
2 years ago- လူသစ်(၅၀၀)ကျော်အား ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် ဆုံတွေ့စေခဲ့သော နိုင်ငံတကာရိုးရာအက ပြိုင်ပွဲ
- ဧဝံဂေလိတရားအတွက် ပိုပို၍ ကိုယ်စိတ် ဝိညာဉ်ခွန်အား ပြည့်ဝခဲ့သော Taungoo Bible Seminar Camp
- တဲတော်အားဖြင့် ယေရှုခရစ်တော်နင့် ဆုံတွေ့ခွင့်ရသောခရစ်ယာန်ခေါင်းဆောင်များ
2023ခုနှစ် ဖေဖော်ဝါရီလ ၂၃ရက်နေ့မှ
မတ်လ၃ရက်၊ ၉ ရက်တာအတောအတွင်း ဘုရားသခင်က ယေဟောဝါရိယေ အရပ်ကို ပြင်ဆင်ပေးခဲ့ပါသည်။
နုတ်ကပတ်တော် ကြားနာခွင့်ရရှိရန် လူသစ် ၅၉၀ကျော်ကို ဘုရားသခင်က
ပြင်ဆင်ပေးခဲ့ပါသည်။ မြန်မာနိုင်ငံသည် ခက်ခဲသောအခြေနေကို ရင်ဆိုင်ရသည်ထက်
ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် ကြုံတွေ့ခွင့်မရသည့် အရာက အင်မတန်မှ
ဝမ်းနည်းစရာကောင်းလှပါသည်။
ခက်ခဲသည့်အရာများ၊ ဝန်ထုတ်ဝန်ပိုးများစွာ ရှိသော်လည်း အစာရောက်ရှိလာရန် ပျင်းရိစွာ စောင့်ဆိုင်းနေသောပင့်ကူ၏ ယုံကြည်ခြင်း ဘဝအသက်တာကို စွန့်ပစ်ပြီး အပြင်ထွက်ကာ အစာရှာဖွေသော ပုရွက်ဆိတ်၏ယုံကြည်ခြင်း ဘဝအသက်တာကဲ့သို့ စိန်ခေါ်ကာ ခြေလှမ်းလှမ်းခဲ့ပါသည်။ ဘုရားသခင်က အာဗြဟံအတွက် ယေဟောဝါယိယေ ဘုရားသခင် ပြင်ဆင်ပေးသည်နည်းတူ အားနည်းချက်များပြီး ဝန်ထုတ်ဝန်ပိုးကို မကြိုက်သောလူများ ဖြစ်သော်လည်း ဘုရားသခင်ကျွန်မှ ခြေလှမ်းလှမ်းရန် စစ်တိုက်ပေးသည့်အရာကို လက်ခံသောအခါ ဘုရားသခင် ပြင်ဆင်ပေးသည့် အရာကို အံ့ဩစွာ ကြုံတွေ့ခဲ့ရပါသည်။
International Cultural Dance Competition
မြန်မာဂွတ်ဒ်နယူးအသင်းတော်၏ Azalea Stars အကအဖွဲ့လူငယ်များမှ
ဦးစီးကျင်းပသော နိုင်ငံတကာရိုးရာအကပြိုင်ပွဲကြီးကို မတ်လ ၂ရက်နေ့တွင် ရန်ကုန်အသင်းတော်ရုံးချုပ်၌ ကျင်းပခဲ့ရာ ပရိသတ် ၁၀၀၀ ကျော် တက်ရောက်ခဲ့ပြီး လူသစ် ၆၀၀ ကျော်ကို ဧဝံဂေလိဟောပြောခွင့်ရရှိခဲ့ပါသည်။
Azalea Stars အကအဖွဲ့သည် ဘုရားသခင်ကျွန်၏ ၂၀၂၃ ပဋိညာဉ်တရားအတိုင်း လူငယ်အယောက် ၂၀၀ကျော် အသင်းတော် ဧဝံဂေလိတရားထဲတွင် ပါဝင်လာရန် ကတိတော်ကို ယုံကြည်လက်ခံကာခြေလှမ်းလှမ်းခဲ့ပါသည်။ ထိုကတိတော်အတိုင်းပြည့်စုံလာရန် စိန်ခေါ်ခြေလှမ်းလှမ်းကြည့်သည့်အခါ လမ်းများတစ်ခုပြီးတစ်ခုပွင့်လာပြီး ဘုရားသခင်မစခြင်းကြုံတွေ့ သည့် သက်သေခံချက်များလည်းဖြစ်ပေါ်လာခဲ့ပါသည်။
Azalea Stars အကအဖွဲ့မှ အကပြိုင်ပွဲပြုလုပ်ရန် ပြင်ဆင်သည့်အခါတွင်လည်း အခြေအနေအားဖြင့်ကြည့်မည်ဆိုလျှင် ခက်ခဲသည့်အရာများ၊ ဝန်ထုတ်ဝန်ပိုးများစွာ ရှိသော်လည်း ပွဲအတွက် စပွန်ဆာကိုလည်း သိန်း ၂၀၀ ကျော်အထိလက်ခံရရှိခဲ့ပြီး အကပြိုင်အတွက် ပြိုင်ပွဲဝင်လူငယ်အယောက်၂၀၀ ရောက်ရှိလာကာ ဘုရားသခင်၏မစခြင်း နိမိတ်လက္ခဏာကို ကြုံတွေ့ခွင့်ရရှိခဲ့ပါသည်။
Azalea Stars အကအဖွဲ့၏ ဒါရိုက်တာ ဆရာအာကာစိုးက “ဆရာကြီးက ဒီ 2023 မှာ မြန်မာတစ်နိုင်ငံလုံး အကပြိုင်ပွဲလုပ်ပါလို့ လမ်းပြပေးတယ်။ အခက်အခဲ ဝန်ထုပ်ဝန်ပိုးကိုရွေးပြီး အသက်ရှင်ပါလို့ ပြောခဲ့တယ်။ Sponsor သိန်း 200၊ ပြိုင်ပွဲဝင် လူငယ် အယောက် 200 ရှာခိုင်းတယ်။ စိတ်ထဲမှာဆိုရင် အရမ်းရယ်ချင်တယ် ကျွန်တော်ရယ်လည်းရယ်ခဲ့ပါတယ်။ မဖြစ်နိုင်ဘူးဆိုတဲ့စိတ်နဲ့ပဲ လိုက်လာခဲ့ပါတယ်။ ကျွန်တော်က မဖြစ်နိုင်ဘူးလို့ပြောပေမယ့် ဘုရားသခင်ကျွန်ပြောတဲ့အတိုင် ဘုရားသခင်က အလုပ်လုပ်ပေးတယ်။ ကျွန်တော်လုပ်တဲ့အရာ ဘာမှမရှိဘူး။ အခုဆို ကျွန်တော့်စိတ်ထဲမှာ စိန်ခေါ်ချင်တဲ့အရာတွေ အများကြီးဖြစ်လာတယ်။
2023 မှာ ဘုရားသခင်ကျွန်ရဲ့ ပဋိညာဉ်တရားအတိုင်း လူငယ်အယောက် 200 ကယ်တင်ခြင်း လက်ခံမယ်လိုယုံကြည်တယ်။ နိုင်ငံခြားသွားပြီး အကပြိုင်ပွဲတွေ အများကြီးလုပ်ချင်ပါတယ်။ စိတ်ထဲမှာ မျှော်လင့်ခြင်းတွေ အများကြီး ဖြစ်လာတယ်။ ပင့်ကူယုံကြည်ခြင်းအသက်တာဆိုတာ အကောင်တကောင်လာကပ်ရင် စားမယ်။ မကပ်ရင် မစားဘူး။ ကျွန်တော့်ရဲ့ ယုံကြည်ခြင်းအသက်တာက ပင့်ကူလိုဖြစ်နေတာ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ပုရွတ်ဆိတ်ယုံကြည်ခြင်းအသက်တာလို အသက်ရှင်မယ်ဆိုရင် မနားမနေ စိတ်ဝိညာဉ်တွေကို ရှာဖွေမယ်။ ဒီ 2023 မှာ ကျွန်တော်က ပုရွတ်ဆိတ်ယုံကြည်ခြင်းအားဖြင့် အသက်ရှင်သွားပါမယ်”ဟု သက်သေခံခဲ့ပါသည်။
International Cultural Dance Competition တွင် အကအဖွဲ့ (12)ဖွဲ့၊
စုစုပေါင်းလူငယ် (၂၀၀)ကျော် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး လူငယ် ၁၅၀ ကျော်မှာ လူသစ်များဖြစ်ပါသည်။
ပြိုင်ပွဲကျင်းပလို၍ မဟုတ်ဘဲ လူငယ်များ၏ စိတ်ဝိညာဉ်ကို သိမ်းပိုက်လို၍
အကပြိုင်ပွဲကို ကျင်းပခြင်းဖြစ်ကြောင်း ဘုရားသခင်ကျွန်က လမ်းပြပေးသည့်အတိုင်း ထိုလူငယ်များကို ဖေဖော်ဝါရီ (9)ရက်မှ မတ်(1)ရက်အထိ အကသင်ပေးရုံသာမကဘဲ Mind Lecture နှင့် ဧဝံဂေလိတရား ဟောကြားပေးခဲ့ပါသည်။
ပြိုင်ပွဲတွင် ဒိုင်လူကြီးအဖြစ် ဆောင်ရွက်ခဲ့သည့် နိုင်ငံကျော် ဒါရိုက်တာ စတီးလ်
International Cautural Dance Competition ကို မတ်လ (၂)ရက်နေ့ ဒေသစံတော်ချိန် မွန်းလွဲ (၁)နာရီတွင် စတင်ခဲ့ပြီး Jindallae Choir, Joy Band တို့မှလည်း တေးသီချင်းများဖြင့် သီဆိုခြင်း၊ တီးခတ်ခြင်းများဖြင့် ပါဝင်အားဖြည့်ခဲ့ပါသည်။ ပြိုင်ပွဲ၏ ဒိုင်လူကြီးအဖြစ် Azalea Stars ၏ တာဝန်ရှိပုဂ္ဂိုလ်များနှင့်အတူ Mind Education Professor Dr. Lee Eun Jung, နိုင်ငံကျော်ဒါရိုက်တာ စတီးလ်တို့ ပါဝင် အကဲဖြတ်အမှတ်ပေးခဲ့ကြပါသည်။
ပြိုင်ပွဲဝင် လူငယ်များသည် လက်တင်အမေရိက၊ အမေရိက၊ ဥရောပ၊ အာဖရိက၊ အိန္ဒိယ၊ ဂျပန်၊ ဗီယက်နမ် ရိုးရာအကများဖြင့် ယှဉ်ပြိုင်ခဲ့ပြီး အချို့အဖွဲ့များမှာ ပြိုင်ပွဲဝင်ရန် အဖွဲ့ဖွဲ့စည်းချိန်မှသာ တစ်ဦးနှင့်တစ်ဦး သိကျွမ်းခြင်းဖြစ်သော်လည်း Cohesion စိတ်ဓာတ်ကို သင်ယူခြင်းအားဖြင့် စိတ်နှလုံးသား ညှိနှိုင်းကာ စည်းစည်းလုံးလုံးဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါသည်။
ပြိုင်ပွဲယှဉ်ပြိုင်ပြီးနောက်တွင် ပြိုင်ပွဲကိုဦးစီးကျင်းပသူနှင့် Main Speaker ဖြစ်သော ဆရာကြီး ဦးထွန်းလင်းမှ အင်ဒီးယန်း ဒဏ္ဍာရီထဲက ဝံပုလွေ နှစ်ကောင်ရဲ့ စစ်ပွဲအကြောင်းကို ဥပမာအားဖြင့် “မင်းက ဘယ်သူ့ကို အစာကျွေးမှာလဲ? အနက်ရောင် ဝံပုလွေကို အစာကျွေးမှာလား? ဒါမှ မဟုတ်၊ အဖြူရောင် ဝံပုလွေကို အစာကျွေးမှာလား? ဘယ်သူ့ကို အစာကျွေးနေလဲ ဆိုတဲ့ အရာပေါ်မူတည်ပြီး၊ ကျွန်တော်တို့က ဒုက္ခရောက်တဲ့သူလည်း ဖြစ်သွားနိုင်ပြီး၊ ပျော်ရွှင်စွာ အသက်ရှင်တဲ့သူလည်း ဖြစ်သွားနိုင်ပါတယ်။ အဲဒီလိုပဲ ကျွန်တော်တို့ လူသားတွေလည်း အပြစ်အားလုံး ဆေးကြောပေးလိုက်ပြီလို့ပြောတဲ့ ယေရှုခရစ်တော်ရဲ့ စိတ်နှလုံးသားကို လက်ခံမယ်ဆိုရင် ပျော်ရွှင်စွာ အသက်ရှင်နိုင်မှာ ဖြစ်တဲ့အကြောင်း ပါဝင်တက်ရောက်သူ အားလုံးကို ဧဝံဂေလိတရားဟောပြောခဲ့ပါသည်။
Mind Education Professor Dr. Lee Eun Jung မှလည်း ပြိုင်ပွဲဝင်များကို အားပေးစကားပြောကြားရာတွင် ”ဒီမှာ လာရောက်အားပေးကြတဲ့အတွက် အားလုံးကိုကျေးဇူးတင်ပါတယ်။ ပါဝင်တဲ့လူငယ်တွေအားလုံးက စိတ်ပါလက်ပါနဲ့ အားသွန်ခွန်စိုက်ကြိုးစားကြတာကို မြင်တွေ့ရပါတယ်။ မနေ့က အကပြိုင်ပွဲမစခင်မှာဆိုရင် လူငယ် ၂ ယောက် အမောဖောက်လို့ ဆေးရုံကို ပို့ပေးခဲ့ရပါတယ်။ အသက်ရှုလို့ မရဘူးဆိုပြီးတော့မှ ဆေးထိုးပြီးမှ လာတဲ့ သူတွေလည်းရှိပါတယ်။ သူတို့ကိုကြည့်ပြီးတော့ အကကလို့ရော ရပါ့မလားလို့ စဉ်းစားမိခဲ့တယ်။ ဒါပေမယ့်လည်း ခဏက အားရပါးရ ကတဲ့အရာကိုတွေ့တဲ့အခါ ဒီစိတ်ခွန်အားက ဘယ်ကလာသလဲ။ တစ်လလောက်ပဲ လေ့ကျင့်ခဲ့ရပေမယ့်လည်း သူတို့ကတာအရမ်းကို ကောင်းပါတယ်။ ကျွန်မက ကြည့်တဲ့အခါမှာဆိုရင် မြန်မာနိုင်ငံဆိုတာ အရမ်းမျှော်လင့်ချက်ပြည့်ဝပါတယ်။ ဒီလူငယ်တွေဆိုတာ အနာဂတ်မှာ မြန်မာနိုင်ငံကို အားရပါးရ ဦးဆောင်မယ့် သူတွေဖြစ်မယ်လို့ စိတ်ထဲမှာ မျှော်လင့်ခြင်းတွေရှိပါတယ်။ ဒါကြောင့်အားရပါးရ ပြိုင်ပွဲမှာ ပါဝင်ခဲ့ကြတဲ့လူငယ်တွေကိုအရမ်းကိုကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။ ဆုရတာ မရတာက အရေးမကြီးပါဘူး။ လက်လျှော့ဖို့မဟုတ်ပါဘူး။ ဒီနေ့ဆရာကြီးပြောသလို ဒီနေ့ ပြီးတာမဟုတ်ဘူး၊ နောက်တစ်ခါလည်းရှိသေးတယ် ဆက်လက်ပြီးပါဝင်မယ်ဆိုရင် ကျွန်မတို့ ဘဝအသက်တာမှာ ပိုပြီးတော့ မျှော်လင့်ချက်ဖြစ်လာမယ်လို့ ယုံကြည်ပါတယ်။
ထို့နောက် ဆုဆွတ်ခူးခဲ့သည့် အဖွဲ့များကို မြန်မာသာသနာပြုဆရာကြီး ဦးထွန်းလင်း၊ အသင်းတော်လူကြီး ဆရာဦးဂမ်မွန်းတို့မှ ဆုချီးမြင့်ပေးခဲ့ပြီး ပထမဆု ကျပ် ၁၀ သိန်း၊ ဒုတိယဆု ကျပ် ၇ သိန်း၊ တတိယဆု ကျပ် ၅ သိန်းချီးမြှင့်ခဲ့ပါသည်။ ထို့အပြင် နှစ်သိမ့်ဆုရရှိသည့် အဖွဲ့ ၃ ဖွဲ့ကိုလည်း တစ်ဖွဲ့လျှင် ကျပ် တစ်သိန်း၊ ဆုမရရှိသည့် အဖွဲ့ များကို တစ်ဖွဲ့လျှင် ကျပ် ၅ သောင်း ချီးမြှင့်ပေးခဲ့ပါသည်။ အနိုင်အရှုံးထက် မိမိအားနည်းချက်ကို သိမြင်ခွင့်ရပြီး စိန်ခေါ်ယှဉ်ပြိုင်ခွင့်ရရှိခြင်းအတွက် ပြိုင်ပွဲကျင်းပပေးသည့် ဆရာကြီး ဦးထွန်းလင်းနှင့် Azalea Stars အဖွဲ့ကို ကျေးဇူးတင်ကြောင်း ပြိုင်ပွဲဝင်လူငယ်များမှ ပြောကြားခဲ့ပါသည်။
“ကျွန်မတို့ရဲ့အဖွဲ့ကတော့ Happiness အဖွဲ့ ဖြစ်ပါတယ်။ လေ့ကျင့်တဲ့ကာလတစ်လျှောက်လုံးမှာ ခက်ခဲတဲ့အရာတွေက ကျမချင်းလူမျိုး ဖြစ်တဲ့အတွက်ကြောင့် မြန်မာစကားသိပ်မပြောတတ်ပါဘူး။ အကကတဲ့အခါမှာလည်း မပြုံးတတ်ပါဘူး။ သူများတွေလို မပြုံးတတ်တဲ့အားနည်းချက်ကို တွေ့လာရတယ်။ အပြုံးနဲ့ ပတ်သတ်ပြီးတော့ သင်ယူရမယ်ဆိုတဲ့ စိတ်တွေ ဖြစ်ပေါ်လာပါတယ်။ ဆုမရရှိတဲ့အပေါ်မှာ ဝမ်းနည်းမှု မရှိပါဘူး။ Training ကာလမှာ ဆရာကြီးပို့ချခဲ့တဲ့ Mind Lecture လိုပဲ ကျွန်မတို့ရဲ့စိတ်က အုတ်ခဲလိုပဲ မာကျောနေမယ်ဆိုရင် ဘယ်လိုဝမ်းနည်းခြင်း၊ စိတ်ပျက်ခြင်းတွေပဲ ရောက်လာပါစေ၊ ခိုင်မာတဲ့စိတ်ဓာတ်အားဖြင့် ကျော်လွှားလို့ရပါတယ်။ နောက်ထပ်လည်း ပွဲရှိမယ်ဆိုရင် စိန်ခေါ်ယှဉ်ပြိုင်ချင်ပါတယ်”
Taungoo Summer Bible Camp
တောင်ငူမြို့ ဇေယျာခင်ဦး ၃လမ်းရှိ Toungoo Good News Church တွင်၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ ၂၃ရက်နေ့မှ ၂၆ထိ Summer Bible Camp ကိုကျင်းပပြုလုပ်ခဲ့ပါသည်။ Campတွင် လာရောက်ပါဝင်သူ စုစုပေါင်း၂၀၀ကျော်
အစီစဥ်တွင် Azalea Stars Dance မှ နိုင်ငံတကာရိုးရာအကများဖြင့်ကပြဖျော်ဖြေမှု၊ JindallaeChoir မှ ဂုဏ်တော်ချီးမွမ်းခြင်းများ ပြုလုပ်ကာ ပါဝင်သူများအား စိတ်ကို ရွှင်လန်းစေခဲ့ပါသည်။
တောင်ငူ Summer Bible Camp တွင် ကိုရီးယားနိုင်ငံမှ အမှုတော်ဆောင်ဆရာကြီး ချွဲဝန်ဘဲ လာရောက် ဦးဆောင်ပေးခဲ့ပြီး ကျေးဇူးတော်ခံစားခွင့်ရရှိခဲ့ပါသည်။ အစီအစဉ်တွင် အသင်းတော်မှ Jindallae Choir နှင့် Azalea Starsမှ တင်ဆက်မှုများကို ကြည့်ရှုခြင်းဖြင့် စိတ်နှလုံးသားတံခါးကို ဖွင့်စေခဲ့ပါသည်။ ဆရာကြီးမှ Main Speaker အဖြစ် တရားဒေသနာတော် ဝေငှခဲ့ရာတွင် “ရှင်မဿဲ (၇)မှာ သခင်၊ သခင်ဟု ခေါ်သောသူတိုင်း ကောင်းကင်နိုင်ငံ ဝင်နိုင်မှာမဟုတ်ဘူးလို့ ပြောပါတယ်။ အဆောက်အအုံ Foundation ခိုင်၊ မခိုင် သိချင်တယ်ဆိုရင် မြေငလျင်လှုပ်ရင် သိလို့ရပါတယ်။ အလားတူပဲ ယုံကြည်ခြင်းရှိ၊ မရှိ စစ်လို့ရတဲ့နည်းလမ်း ရှိပါတယ်။ ရှင်မဿဲ (၇)အားဖြင့် စစ်ဆေးလို့ရပါတယ်။ သမ္မာကျမ်းစာကို ပိတ်ပြီးတော့ ယုံကြည်တာမဟုတ်ဘဲ ဖွင့်ပြီးတော့ ယုံကြည်ရမှာြဖစ်ပါတယ်။ ယုံကြည်ခြင်းဘဝအသက်တာမှာ ကြိုးစားပြီး ယုံကြည်လို့မရပါဘူး။ ဘာကြောင့်လဲဆိုတော့ အကြံအစည်ကြောင့် ဖြစ်ပါတယ်။ အကြံအစည်ကို လွှတ်ချမယ်ဆိုရင် ယုံကြည်ခြင်း ဘဝအသက်တာ လွယ်ကူမှာဖြစ်ပါတယ်။ ရောမ ၅:၂၀ မှာ ပညတ်တရားအားဖြင့် ကြိုးစား အသက်ရှင် စေချင်တာမဟုတ်ဘဲ ပညတ်တရားအားဖြင့် အပြစ်များတဲ့ကိုယ်ပုံစံကို ရှာဖွေတွေ့ရှိကာ ဘုရားသခင်ဆီ လှည့်လာစေချင်သည့် ဘုရားသခင်ရဲ့ အလိုတော်ဖြစ်ပါတယ်“ဟု ဟောပြောပါသည်။
နှုတ်ကပတ်တော် ကြားနာသူ ညီကိုမောင်နှမများမှာ မိမိပုံစံ ပြန်လည်ရှာဖွေတွေ့ရှိခြင်းဖြင့် ဝမ်းမြောက်ခြင်း ပြည့်ဝခဲ့သော Bible Camp ဖြစ်ခဲ့ပါတယ်။
သံလျင် CLF
ဖေဖော်ဝါရီလ 27 – တွင် မနက် 9;00 မှ ညနေ 1;30 ထိ သံလျင် Youth development Center တွင် CLF အစီစဥ်ကိုသွားရောက်ပြုလုပ်ခဲ့ပါသည်။ ၁တိ ၂း၄ “လူအပေါင်းတို့သည် သမ္မာတရားကိုသိစေခြင်း ငှါဘုရားသခင်အလိုရှိတယ်”ဟူသော ဘုရားသခင်၏ အလိုတော်အတိုင်း CLF အစီအစဥ်ကိုသွား ရောက်ပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။ ခရစ်ယာန်ခေါင်းဆောင်များအား ဘုရားသခင်၏စိတ်နှင့် မတူညီဘဲ လွဲချော်စွာအသက်ရှင်တဲ့မိမိစိတ်ကို စွန့်ပစ်ပြီး ဘုရားသခင်ဆီသို့ ရွေ့ပြောင်းသွားတဲ့အရာက စစ်မှန်တဲ့ နောင်တရခြင်းဖြစ်ကြောင်း ဘုရားသခင်ကျွန်မှ လမ်းပြပေးခဲ့ပါသည်။ အစီအစဉ်သို့အမူတော်ဆောင်ဆရာ/မများ အယောက် (40)ကျော်ပါဝင်တက်ရောက်ခဲ့ပြီး အားလုံးအပြစ်လွတ်ခြင်း လက်ခံခဲ့ပါသည်။
ဆရာကြီးမှ ရောမ ၃-၂၃-၂၄အားဖြင့် အပြစ်လွတ်ခြင်းကို ဟောပြောပို့ချပေးခဲ့ပါသည်။ ကျနော်တို့က ရောမ၃-၂၃ကအတိုင်းဖြစ်ခဲ့ပြီး ဒုစရိုက်အပြစ်ရှိတာကြောင့် ဘုရားသခင်ရှေ့မှာ အသရေပျက်တဲ့သူတွေဖြစ်တယ်။ ဘုရားသခင်နဲ့ဆုံတွေ့လို့မရပါဘူး။ ဒီအပြစ်ပြသနာကို ယေရှုခရစ်က ရွေးနုတ်ခြင်းအားဖြင့် ဖြောင့်မတ်ခြင်းကို လက်ခံရရှိကြောင်းနှင့် ယေရှုက ဒုတိအကြိမ်ကြွလာမည်ဆိုပါက ဖြောင့်မတ်သောသူများကို ချီဆောင်သွားမည်ဖြစ်ပြီး အပြစ်ရှိတဲ့သူက ကျန်ခဲ့ရမှာဖြစ်ကြောင်း နုတ်ကပတ်တော် ဟောပြောပို့ချပေးခဲ့ပြီး၊ စစ်မှန်သောပျော်ရွှင်ခြင်းဖြစ်တဲ့ယေရှုခရစ်တော်ကို လူတိုင်းလက်ခံရှိပြီး ဝမ်းမြောက်ပျော်ရွှင်သော အသက်ဖြင့် အသက်ရှင်နိုင်ရန်ဖြစ်ကြောင်း နုတ်ကပတ်တော်ကို ဟောပြောပို့ချပေးခဲ့ပါသည်။
“အခုမှ ပထမဆုံးအကြိမ် ပါဝင်နားထောင်ဖူးတာဖြစ်ပါတယ်။ အရင်ကတော့ နုတ်ကပတ်တော်နားထောင်တဲ့အခါမှာ ကိုယ်က သိတယ်၊ ဒီလောက်ပဲ ခုလိုမျိုး အသေးစိတ်မသိခဲ့ဘူး။ ပြီးတော့ ဒီနေ့လုပ်တဲ့ အစီစဉ်နဲ့ပတ်သက်ပြီးတော့ လည်း အရမ်းကိုသဘောကျပါတယ်။ ခုချိန်မှာ လူတော်တော်များများက စိတ်သောကများတယ်။ ခက်ခဲနေတဲ့အချိန်ဖြစ်တယ်။ ဒါပေမယ့် လူငယ်တွေက အားရပါးရပြုံးပြီးက နေတာတွေကိုတွေ့ရတဲ့အခါ အရမ်းကိုမှ ပျော်ရွှင်နေကြတယ်လို့ ခံစားရပါတယ်။ ဒါလေးတွေကလည်း ဘုရားသခင်ရဲ့ဘုန်းတော် ထင်ရှားစေတဲ့အရာတွေဖြစ်တယ်။ ဒီနေ့နုတ်ကပတ်တော်နားထောင်တဲ့အခါမှာဆိုရင် ကျမလည်းအပြစ်က လွတ်မြောက်သွားပြီ ဖြောင့်မတ်သွားပြီ။ ဒါက ကျမ်းစာထဲမှာ အသေချာပြောထားတဲ့အရာဖြစ်တယ်ဆိုတာကို နားလည် သဘောပေါက်ပါတယ်။
၂၀၂၃ ခုနှစ် နှုတ်ကပတ်တော် ပဋိညာဉ်တရား အတိုင်း ဝန်ထုတ် ဝန်ပိုးတွေကို ကျော်ပြီး ယုံကြည်ခြင်းအားဖြင့် စိန်ခေါ်ပြီး ခြေလှမ်းလှမ်းတဲ့အခါ ဘုရားသခင် ပြင်ဆင်ပေးထားတဲ့ အရာတွေကို ကြုံတွေ့နိုင်ခွင့် ရရှိခဲ့ပါသည်။ အစစ အရာရာ ခက်ခဲနေတဲ့ကြားမှာပင် မြန်မာနိုင်ငံတွင် ဧဝံဂေလိတရားရဲ့ လုပ်ရှားမှုတွေက တစိုက်မတ်မတ် ဖြစ်ပေါ်လာလျက်ရှိနေပါသည်။ ဧဝံဂေလိတရား လှုပ်ရှားမှုများနဲ့ ပြည့်ဝနေသော မြန်မာနိုင်ငံရဲ့ အနာဂတ်ကို စဉ်းစားကြည့်မယ်ဆိုရင် မျှော်လင့်ခြင်း ပြည့်ဝပါသည်။