November 23, 2024

ကျောင်းသား၊ မိဘ၊ မိသားစု အားလုံးကို ပြောင်းလဲစေသော Student Camp

2022 Student Camp ကို ပြီးခဲ့တဲ့မေလ (၂၃)ရက်မှ (၂၇)ရက်အတွင်း ရန်ကုန်နှင့် မြစ်ကြီးနားမြို့ရှိ မြန်မာဂွတ်ဒ်နယူးစ်အသင်းတော်တွေမှာ တချိန်တည်းပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံတစ်ဝှမ်းမှ အသက် ၁၂ နှစ်မှ ၁၆ နှစ်ကြား ကျောင်းသားလူငယ်များ တက်ရောက်ခဲ့ပါသည်။

Student Camp တာဝန်ခံ ဆရာအားခီက “ဘုရားသခင်ကျွန်က အယောက် (၅၀၀) စုဝေးပြီး ပြုလုပ်ဖို့ပြောတဲ့အခါ မဖြစ်နိုင်ဘူးလို့ ခံစားခဲ့ပါတယ်။ ဒါပေမဲ့ သင်တန်းစခါနီးမှာ ဆရာကြီးဟောပြောခဲ့တဲ့ ‘ဥပုပ်နေ့မှာအနားယူရမယ်၊ ယေရှုက အလုပ်လုပ်မယ့်ကမ္ဘာဖြစ်တယ်၊ အလုံးစုံသောအမှုပြီးစီးလျက်ရှိကြ၏ (ကမ္ဘာဦး 2:1)’ နှုတ်ကပတ်တော်ကျလာတဲ့အခါ လွတ်ခြင်းရခဲ့ပါတယ်။ သင်တန်းတခုလုံး ကျေးဇူးတော်ပြည့်ဝခဲ့ပါတယ်” ဟု သက်သေခံခဲ့ပါသည်။ Student Camp တွင် ရန်ကုန်အသင်းတော်၌ သင်တန်းသား (၃၅၀)ဦး၊ မြစ်ကြီးနားအသင်းတော်၌ (၂၅၀) ဦးပါဝင်ခဲ့ကြရာ စုစုပေါင်းသင်တန်းသားဦးရေ (၆၀၀) ရှိခဲ့ပါသည်။

ကိုရိုနာကပ်ရောဂါကြောင့် မြန်မာကျောင်းသားလူငယ်အများစုသည် မျှော်လင့်ချက်မဲ့ခြင်း၊ သင်ယူချင်စိတ်မရှိခြင်း စသောအရာများတွင် နှစ်မြုပ်နေခဲ့ပါသည်။ သူတို့၏စိတ်သည် ဝမ်းနည်းစိတ်ပျက်ခြင်းထဲမှ မလွတ်မြောက်နိုင်သောအခါ ဂိမ်းစွဲလမ်းခြင်း၊ မူးယစ်ဆေး၊ ရည်းစားထားခြင်း အစရှိသည့် အကျိုးမရှိသောအရာများကို စိတ်စွဲလမ်းပြီး အသက်ရှင်နေကြပါသည်။ ဆရာကြီး Kim Jong Ho က Student Camp  အားဖြင့် လူငယ်‌များ၏ စိတ်ကမ္ဘာထဲတွင် ဝမ်းမြောက်ခြင်း၊ မျှော်လင့်ခြင်း နှုတ်ကပတ်တော်မျိုးစေ့ကို စိုက်ပျိုးပေးချင်ခဲ့ပါသည်။

အဖွင့်ပွဲနှင့် Camp တစ်လျှောက်တွင် အရှေ့တောင်အာရှ၏ အကောင်းဆုံး Choir အဖွဲ့ဖြစ်သော Jindallae Choir နှင့် Azalea အကအဖွဲ့၏ ကြီးကျယ်ခမ်းနားသောတင်ဆက်မှုများကို ရှုစားခဲ့ရပြီး ကျောင်းသားလူငယ်များ၏ စိတ်နှလုံးကို နူးညွတ်စေခဲ့ပါသည်။

Camp အတွင်း Photo Contest ပြိုင်ပွဲ၊ Talent Show ပြိုင်ပွဲများကိုလည်းပြုလုပ်ပေးခဲ့ပြီး အဖွဲ့လိုက်ပါဝင်ယှဉ်ပြိုင်စေခဲ့ကာ အများနှင့်အလုပ်လုပ်တတ်သော Team Work အလေ့အကျင့်ကို သင်ကြားပေးခဲ့ပါသည်။

Camp အပိတ်ပွဲနေ့တွင် ဒေသခံရဲမှူး ထွန်းထွန်းဝင်း အပါအဝင် ကျောင်းသားမိဘများစွာ တက်ရောက်လာခဲ့ပါသည်။ Camp တွင် ပါဝင်ခဲ့သော ကျောင်းသားလူငယ်များသည် ၎င်းတို့၏မိဘများကို ဖုန်းဆက်၍ ၎င်းတို့စိတ်ပြောင်းလဲမှုနှင့် မိဘကို ချစ်‌ကြောင်းပြောကြားခဲ့ကြရာ မိဘများစွာက မိမိသားသမီးများ ပြောင်းလဲသွားပုံကိုကြည့်ရှုရန် လာရောက်ခဲ့ကြခြင်းဖြစ်ပါသည်။ အထူးသဖြင့် ရဲမှူး ထွန်းထွန်းဝင်း၏ ဇနီးဖြစ်သူ ‌‌‌ဒေါ်ခင်နှင်းဖြူ (နာမည်ပြန်စီစစ်ရန် )က ဆရာမကြီး ဒေါ်ရတနာလင်းကို မျက်ရည်စက်လက်ဖြင့် ပွေ့ဖက်ကာ မိမိ၏သား သမီး(စီစစ်ရန်) စိတ်ပြောင်းလဲမှုအတွက် ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။

 ယခု Camp သို့ တက်ရောက်လာသော ကျောင်းသားလူငယ်အားလုံး စိတ်ပြောင်းလဲခဲ့ပါသည်။ မိဘကို မုန်းတီးခြင်း၊ ဂိမ်းစွဲလမ်းခြင်း၊ မူးယစ်ဆေးစွဲလမ်းခြင်းများတွင် နစ်မြုပ်နေသော ကျောင်းသားလူငယ်များသည် နောက်ဆုံးနေ့ နှုတ်ကပတ်တော်ကြားနာပြီးနောက်တွင် စင်ပေါ်သို့အလုအယက်တက်ကာ ၎င်းတို့၏စိတ်ပြောင်းလဲမှုများကို သက်သေခံခဲ့ပါသည်။ ကျောင်းသားလူငယ်အားလုံး၏ မျက်နှာများသည်လည်း Camp တက်ရောက်ခဲ့သောအချိန်များကဲ့သို့ပင် ပျော်ရွှင်ခြင်း၊ ချစ်ခင်ဖွယ်ကောင်းခြင်းများနှင့် လင်းလက်တောက်ပနေပါသည်။

ဂျာဆိုင်းစမိုင်

“ကိုယ်အမှုအရာကို ထာဝရဘုရား၌အပ်လော့” ဆာလံ (၃၇း၅) နှုတ်ကပတ်တော်အတိုင်း ကျမရဲ့ အခက်အခဲတွေကို ဘုရားသခင်ဆီမှာ အပ်နှံချင်ပါတယ်။ ကျမက ဂိမ်းစွဲလမ်းခဲ့တာကြောင့် မိဘတွေနဲ့ အမြဲတမ်းပြဿနာဖြစ်ခဲ့ပြီး ဂိမ်းစွဲလမ်းမှုကနေလည်း မလွတ်မြောက်နိုင်ခဲ့ပါဘူး။ ကျမလည်း ကိုယ့်ကိုယ်ကိုယ် မုန်းတီးခဲ့ပေမယ့် လွတ်မြောက်အောင် ဘယ်လိုလုပ်ရမလဲမသိခဲ့ပါဘူး။ ဒီ Camp မှာ ကျမက အကသင်ယူခဲ့ပါတယ်။ ကျမ သူငယ်ချင်းတွေကတာ ကြည့်တဲ့အခါ အားလုံးကပြုံးပျော်ရွှင်နေတာ တွေ့ရပါတယ်။ ကျမက စတိတ်စင်ပေါ်တက်မကနိုင်ခဲ့ပေမယ့် အကသင်ယူခွင့်ရခဲ့တဲ့အတွက် အရမ်းပျော်ရွှင်ခဲ့ပါတယ်။ Camp တက်ရောက်နေတဲ့ (၅) ရက်အတွင်းမှာ ဂိမ်းအကြောင်း စဉ်းတောင်မစဉ်းစားခဲ့မိပါဘူး။ ကျေးဇူးအများကြီးတင်ပါတယ်။

စနိုး၀ှိက် (ရန်ကုန်)

ဆယ်လ်မွန်ငါးက သေးငယ်တဲ့ရေနေသတ္တဝါဖြစ်ပါတယ်။ ဥဥဖို့အချိန်ရောက်တဲ့အချိန်မှာ သူတို့က မွေးရပ်မြေကို ပြန်ဖို့အတွက် ရေဆန်ကိုတက်တယ်။ ရေတံခွန်ကိုလည်း ကျော်ဖြတ်တယ်။ ဘယ်လောက်ပဲ ခက်ခဲပါစေ၊ ဘယ်လောက်ပဲ ပြန်ပြန်လဲကျပေမယ့် ရေတံခွန်ကိုဆန်ပြီး တက်တယ်။ ကျွန်မက ဝန်ထုပ်ဝန်ပိုး၊ အခက်အခဲကို ဘယ်တုန်းကမှ မကြိုက်ခဲ့ပါဘူး။ ဒါပေမဲ့ အခုတော့ ဆယ်လ်မွန်ငါးက ရေတံခွန်ကိုဆန်တက်သလိုပဲ ကျွန်မလည်း ဝန်ထုပ်ဝန်ပိုး၊ အခက်အခဲကို စိန်ခေါ်ပြီး အနိုင်ယူချင်ပါတယ်။ “ဤလောက၏အပြစ်ကိုဆောင်သွားသော ဘုရားသခင်၏သိုးသူငယ်ကိုကြည့်လော့” လို့ ဗတ္တိဇံဆရာယောဟန် ပြောသလိုပဲ ကျွန်မလည်း သခင်ယေရှုတစ်ပါးတည်းကို အမှီပြုပြီး အခက်အခဲတွေကို အနိုင်ယူချင်ပါတယ်။

ဇော်ဖုန်အောင်

ကျွန်တော်က ကွတ်ခိုင်အသင်းတော်က ဇော်ဖုန်အောင် ဖြစ်ပါတယ်။ ဆရာကြီးက အာဒံနဲ့ ဧဝက ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို ခိုင်မာစွာမတည်ဆောက်ထားလို့ စာတန်လိမ်စားခြင်းခံရတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ ယေရှုကို စာတန်က နှောင့်ယှက်တဲ့အခါမှာတော့ ယေရှုက ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် တိတိကျကျရှိတဲ့အခါမှာ လိမ်စားလို့မရပါဘူး။ ကျွန်တော့်ကိုလည်း စာတန်က လိမ်စားပေမဲ့လည်း ဒီအသင်းတော်နဲ့တွေ့ပြီးတော့ နှုတ်ကပတ်တော်ကြားနာခွင့်ရလို့ စာတန်ကို အနိုင်ယူနိုင်ပါတယ်။ ကျွန်တော်က မိမိအကြံအစည်ထဲမှာ နေတဲ့သူဖြစ်ပေမဲ့လည်း ဒီအကြံအစည်ကို နှုတ်ကပတ်တော်အားဖြင့် အနိုင်ယူတဲ့အချိန်မှာ အောင်မြင်ခြင်းနဲ့ ပျော်ရွှင်ခြင်း ရရှိခဲ့ပါတယ်။ ကျေးဇူးတင်ပါတယ်။

လက်ရှိမြန်မာနိုင်ငံ၏အခြေအနေသည် ခက်ခဲပါသည်။ နိုင်ငံရေး၊ စီးပွားရေး အခက်အခဲများရှိ၍ ကျောင်းသားအများစု ကျောင်းမတက်ကြပေ။ မြန်မာနိုင်ငံသည် မျှော်လင့်ခြင်းများစွာရှိသောနိုင်ငံဖြစ်သော်လည်း များစွာသောလူငယ်တို့သည် မျှော်လင့်ခြင်းကဲ့မဲ့လျက် စိုးရိမ်သောကရောက်နေကြသည်။ ‌ယေရှုခရစ်တော်၏ နှုတ်ကပတ်တော်မျိုးစေ့ လိုအပ်လျက်ရှိပြီး နှုတ်ကပတ်တော်မျိုးစေ့ကို စိုက်ပျိုးမည်ဆိုပါက မြန်မာနိုင်ငံသည် မျှော်လင့်ချက်မဲ့ခြင်းမှသည် မျှော်လင့်ချက်ပြည့်ခြင်းသို့၊ မှောင်မိုက်ခြင်းမှသည် အလင်းသို့ပြောင်းလဲကာ လင်းလက်တောက်ပလာမည်ဖြစ်သည်။ ဘုရားသခင် အလုပ်လုပ်ပေးမည်ဟု မျှော်လင့်ခြင်းများစွာရှိနေပါသည်။

နောက်ဆုံးတင်ထားသော ပို့စ်များ