သားကြီးနှင့်သားငယ်၏ယုံကြည်ခြင်း
ကျွန်တော်တို့က စစ်မှန်တဲ့ဝမ်းမြောက်ခြင်းကိုမသိခဲ့ပေမယ့်၊ ကယ်တင်ခြင်းရပြီးတဲ့နောက်ပိုင်းမှာတော့ စစ်မှန်တဲ့ပျော်ရွှင်ခြင်းကိုခံစားနေရတာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့တွေဟာကမ္ဘာပေါ်မှာ အပျော်ရွှင်ဆုံးသောသူတွေ ဖြစ်တယ်ဆိုတာယုံကြည်ပါတယ်။
ရှင်လုကာ (15) ရဲ့ဟောပြောချက်ကို (10) ကြိမ် (15) ကြိမ်မက ထပ်ခါထပ်ခါကြားလာတဲ့အခါ၊ အစပိုင်းမှာငြီးငွေ့လာပါတယ်။ ဒါပေမယ့် နှစ်တွေကြာလာတဲ့အခါမှာတော့ ခေါင်းနဲ့ပဲသိထားတဲ့အကြောင်းအရာတွေကနေ ဖြည်းဖြည်းခြင်းနှလုံးသားအားဖြင့် နားလည်လာပြီး၊ ဖြည်းဖြည်းခြင်းအဖေ့ရဲ့စိတ်၊ ဘုရားသခင်ရဲ့စိတ်ကို ရှာဖွေတွေ့ရှိလာတဲ့အခါ ကျွန်တော့်ရဲ့စိတ်က ဝမ်းမြောက်ခြင်းဖြစ်ပေါ်လာခဲ့ပါတယ်။ ဆက်လက်ပြီး ဒီနှုတ်ကပတ်တော်နားထောင်ရင်း အဖေက သားငယ်အပေါ်မှာထားတဲ့ အံဩဖွယ်ချစ်ခြင်းမေတ္တာကိုခံစားမိတဲ့အခါ ဘုရားသခင်ကကျွန်တော်တို့ အပေါ်မှာထားတဲ့ ချစ်ခြင်းမေတ္တာကိုပိုပြီး နားလည်ခွင့်ရခဲ့တယ်။ ဒီအဖေ့ရဲ့ကြီးမားတဲ့ချစ်ခြင်းမေတ္တာကို သားငယ်ကနားလည်ခဲ့ရင် ပြောင်းလဲလာမှာဖြစ်ပါတယ်။
ဒါပေမဲ့ဒီအဖေ့ရဲ့ချစ်ခြင်းမေတ္တာကို အဖေကသားငယ်အပေါ်သွန်းလောင်းပေးခဲ့ပေမယ့် သားငယ်ကလက်မခံတတ်ခဲ့ပါဘူး။
ဆက်လက်ပြီး သားအကြီးကိုကြည့်မယ်ဆိုရင်လည်း၊ အဖေနဲ့အချိန်အကြာကြီးနေခဲ့တယ်၊ အဖေနဲ့အတူအသက်ရှင်ခဲ့တယ်၊ အဖေ့ကိုကောင်းကောင်းအစေခံခဲ့တယ်၊ တာဝန်ကျေခဲ့တယ်၊ ညီဖြစ်တဲ့သားငယ်လိုမျိုးမဟုတ်ဖူးလို့ စဉ်စားနေပါတယ်။
ကျွန်တော်တိုရဲ့ ယုံကြည်ခြင်းအသက်တာမှာလည်း သားကြီးလိုမျိုး ကိုယ်ကယုံကြည်ခြင်းနဲ့ အသက်ရှင်နေတယ်၊ ဘုရားကျောင်းပုံမှန်သွားတယ်၊ ဘုရားသခင်ကိုကောင်းကောင်းအစေခံနေတယ်လို့ ထင်နေပါတယ်။ ဒီအရာဆိုတာ အသင်းတော်ရဲ့စိတ်၊ ဘုရားသခင်ကျွန်ရဲ့စိတ်ကိုမသိပဲ အသက်ရှင်နေတာဖြစ်တယ်။
သားငယ်ကအဖေ့ဆီမှာ မိမိရသင့်ရထိုက်တဲ့အမွေကို တောင်းတဲ့အခါမှာ အဖေကငယ်သေးတယ်၊ ခဏစောင့်ပါလို့ ပြောခဲ့ပေမယ့်နားမထောင်ခဲ့ပါဖူး။ အမွေဥစ္စာကိုယူပြီးအဖေနဲ့အဝေးကြီး “ဝေးစွာသောပြည်” ကိုထွက်သွားခဲ့ပါတယ်။ သားငယ်ကအဖေ့ရဲ့လက်အောက်ကနေ လွတ်မြောက်ပြီ၊ လွတ်လပ်ပြီ၊ စိတ်တိုင်းကျအသက်ရှင်လို့ရပြီဆိုပြီး ပျော်နေခဲ့ပါတယ်။ ဒါပေမယ့်ကိုယ့်ဆီမှာပါလာတဲ့ အမွေဥစ္စာတွေ ကုန်သွားတဲ့အခါ သားငယ်ကဒုက္ခအကြီးအကျယ်ရောက်ပြီး ဝက်ကျောင်းတဲ့အလုပ်ကိုလုပ်ခဲ့ရပါတယ်။
တနေ့မှာ သားငယ်ကဝက်ကျောင်းနေရင်း အဖေ့အိမ်ကိုသတိရပြီးအိမ်ပြန်ပြီး အဖေ့ကိုတောင်းပန်ကြည့်မယ်၊ အဖေ ကျွန်တော်က”ဘုရားသခင်ကိုရော၊ အဖေ့ကိုရောပြစ်မှားပါ ပြီ” ဒါကြောင့်သားအနေနဲ့မဟုတ်ပဲ အစေခံတစ်ယောက်အနေနဲ့ လက်ခံပေးဖိုသွားပြောမယ်လို့ စဉ်းစားခဲ့ပါတယ်၊ တဖက်မှာလည်း အဖေကငါ့ကို မုန်းသွားပြီထင်တယ်၊ လက်ခံမှာမဟုတ်လောက်ဖူး၊ ငါကအပြစ်တွေအများကြီးလုပ်ခဲ့တယ်၊ အဖေ့ကိုလည်း နာကျင်စေခဲ့တယ် ဆိုတဲ့အကြံအစည်လည်းထွက်လာပါတယ်။
ဒီလိုနဲ့သားငယ်ဟာ အဖေကလက်ခံပါ့မလား၊ ဆိုတာစဥ်းစားရင်း အဖေ့ဆီကိုလေးလံတဲ့ခြေလှမ်းတွေနဲ့ ပြန်လာခဲ့ပြီးအဖေ့အိမ်နားကို ရောက်လာပါတယ်။ အဖေကသားငယ်ပြန်လာတာကို အဝေးကနေမြင်တဲ့အခါမှာ ပြေးပြီးတော့ ပွေ့ဖက်ပြီးကြိုဆိုခဲ့ပါတယ်။ သားငယ်ကအဖေကို “အဖေကျွန်တော်မှားခဲ့ပါတယ်”လို့ တောင်းပန်ပေမဲ့လည်း အဖေကသားငယ်ပြန်လာတဲ့အရာကို အရမ်းဝမ်းမြောက်တာကြောင့်မကြားတော့ပါဖူး။ အဖေကသားငယ်ရဲ့အပြစ်တွေအားလုံးကို ခွင့်လွတ်ပေးခဲ့ပါတယ်။
ကျရှုံးသွားတဲ့သားငယ်က ဒီအချိန်မှာအဖေ့ရဲ့စိတ်ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဖေ့ရဲ့ချစ်ခြင်းမေတ္တာနဲ့ဆုံတွေ့ခဲ့တယ်။ အိမ်မှာရှိတဲ့သားကြီးကတော့ အဖေ့ရဲ့စိတ်ကိုမသင်ယူခဲ့ပါဘူး၊ အဖေကသားငယ်ပြန်လာလို့ ဝမ်းမြောက်ပေမယ့်လည်း သားကြီးကစိတ်ဆိုးခဲ့တယ်။ တကယ်ဆိုအဖေကဝမ်းမြောက်တဲ့အရာကို အဖေနဲ့အတူအကြာကြီးနေခဲ့တဲ့သားကြီးက ဝမ်းမြောက်ရမှာ ဖြစ်ပါတယ်။ သားကြီးကအချိန်အကြာကြီးအဖေနဲ့စိတ်တလုံးတဝတည်း အသက်ရှင်နေတယ်လိုထင်ရပေမယ့် သားငယ်ပြန်လာတဲ့အခါမှာ အဖေနဲ့သားကြီးရဲ့စိတ်ကမတူတာပေါ်လာပါတယ်။
ယုံကြည်ခြင်းအသက်တာမှာ ကုန်းပေါ်လာရမှာဖြစ်တယ်။ ယုံကြည်ခြင်းမရှိတဲ့အရာရှာဖွေတွေ့ရှိရမှာ ဖြစ်ပါတယ်။ သားကြီးကအဖေနဲ့စိတ်မတူညီပဲနေခဲ့ပေမယ့် သူ့စိတ်ထဲမှာ အတူတူပဲလို့ ထင်ယောင်ထင်မှား ဖြစ်နေပါတယ်။ ကိုယ့်ကိုယ်ကိုယုံကြည်မှုပြင်းထန်နေတဲ့သားကြီးကို အဖေက ဆွေးနွေးပေမယ့် နှုတ်ကပတ်တော်ဝင်မသွားခဲ့ပါဖူး။ အားလုံးပျက်စီးသွားပြီး စိတ်နှိမ့်ချသွားတဲ့ သားငယ်ဆီမှာတော့ အဖေ့ရဲ့စိတ်ကစီးဝင်သွားခဲ့ပါတယ်။
ဒါကြောင့် ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ဆိုတာ ကိုယ်ကပျက်စီးသွားတဲ့သူ၊ ကိုယ်ကကျရှုးသွားတဲ့သူဆီမှာ ရောက်လာပါတယ်။ ယုံကြည်ခြင်းသင်ယူခြင်တယ်ဆိုရင် ကိုယ်က ပျက်စီးခြင်းပဲရှိတဲ့အရာ၊ ဆိုးသွမ်းခြင်းပဲရှိတဲ့ အရာကို နားလည်ရမှာဖြစ်ပါတယ်။
(10.4.2022 Rev. Kim Jong Ho ၏ Sunday နှုတ်ကပတ်တော်မှကောက်နှုတ်တင်ပြခြင်း)