May 20, 2024

Pastor Ock Soo Park ၏ အစ္စရေးခရီးစဥ်နှင့် ၇ နိုင်ငံ ဧဝံဂေလိခရီးစဥ်။

ဆရာကြီး Ock Soo Park ၏ အစ္စရေးခရီးစဥ်နဲ့ အာဖရိက ၇ နိုင်ငံ ခရီးကို ပိုပြီး ထူးခြားစေသောအရာသည် နိုင်ငံတိုင်းရဲ့ တရားဝင်ဖိတ်ခေါ်ခြင်းဖြစ်ပြီး နိုင်ငံတိုင်းရဲ့ အကြီးအကဲတွေနဲ့လည်း ရင်းနှီးစွာ အချင်းချင်း ဖလှယ်ခဲ့ကြခြင်းအားဖြင့် တိကျသေချာတဲ့ ဧဝံဂေလိတရားကို ဟောပြောခွင့်ရခြင်း ဖြစ်ပါသည်။

မြေကြီးစွန်းတိုင်အောင် ဧဝံ‌ဂေလိတရားကို ကပ်ကာလအဆုံးတိုင်အောင် ကိုယ်တော်နဲ့အတူတူ” ဆိုတဲ့ ကတိတော်အတိုင်း နိုင်ငံတကာ ဧဝံဂေလိတရားလှုပ်ရှားမှုမှာ ရှေ့ဆုံးကဖြစ်နေတဲ့ Good News Mission အသင်းတော်

ကိုရိုနာကာလအတွင်း အွန်လိုင်းအားဖြင့် မြေကြီးစွန်းတိုင်အောင် ဧဝံ‌ဂေလိပျံ့နှံ့ခဲ့ရုံမက ဆရာကြီး Ock Soo Park က နိုင်ငံတကာ အစိုးရရဲ့ တရားဝင် ဖိတ်ခေါ်ခံရပြီး အစ္စရေးနဲ့ မာလာဝီ၊ ဂျမ်ဘီယာ၊ ဇမ်ဘာဘွီ၊ အတ်ဆွာတီနီ၊ လတ်ဆိုထို၊ ဘိုဝါနာနဲ့     မိုဇမ်ဘစ်အထိ တောင်အာဖရိက ၇ နိုင်ငံကို သွားခဲ့ပါသည်။

 ဆရာကြီး Ock Soo Park သည် ၃ လပိုင်း ၁၄ ရက်နေ့ကစပြီး ၂၀ ရက်နေ့အထိ အစ္စရေးကို တစ်ပတ်တိတိ သွားရောက်ခဲ့ပါသည်။ ဒီအတောအတွင်း ဆရာကြီး Ock Soo Park သည် စိတ်ပညာရေးနဲ့ ပတ်သက်ပြီး အဓိက ဆွေးနွေးဖို့ရန်အစိုးရ အရာရှိများနဲ့ တွေ့ဆုံခဲ့ပါသည်။

ဆရာကြီး၏ အစ္စရေးခရီးစဥ်သတင်းကြားခဲ့တဲ့ အီတီယိုးပီးယားနဲ့ ဂျမ်ဘီယာ ၊ ဟွန်းဒရက်၊ ကိုလံဘီယာ၊ ပါနမားအပါအဝင် ၅ နိုင်ငံမှ အစ္စရေး သံအမတ်များသည် ဆရာကြီးနဲ့ လာရောက်တွေ့ဆုံခဲ့ပြီး လူငယ်ပြဿနာတွေကို ဖြေရှင်းရန် IYF နဲ့ ဆရာကြီး Ock Soo Park က အတူ ပူး‌‌ပေါင်းပါဝင်ဖို့ရန် တောင်းဆိုခဲ့ပါသည်။ ထို့အပြင် အစ္စရေးနိုင်ငံ အနောက်ပိုင်း အာရူဒိုဒူမြို့သည်လည်း IYF နဲ့ MOU စာချုပ် ချုပ်ခဲ့ပါတယ်။

အစ္စရေးခရီးစဥ် အဆုံးသတ်ပြီးနောက် ဆရာကြီး Ock Soo Park သည် တစ်ဆက်တည်းတွင်ပင် တောင်အာဖရိက ၇ နိုင်ငံကို ခရီးထွက်ခဲ့ပါသည်။ ပထမဦးဆုံးအနေဖြင့် မာလာဝီကို သွားခဲ့ပြီး နန်စီဒန်‌ဗာ နိုင်ငံခြားရေးရာဝန်ကြီးနဲ့ သမ္မတကြီး၏ ဘာသာရေးဆိုင်ရာ အတိုင်ပင်ခံအမတ်တို့သည် လာရောက်ကြိုဆိုခဲ့ကြပြီး အစိုးရပြင်ဆင်ပေးထားသည့် လုံခြုံ‌ရေးအဖွဲ့များနဲ့ အတူ မာလာဝီ  CLF ပြုလုပ်ကျင်းပရာနေရာကို ရောက်ရှိခဲ့ပါသည်။ ဆရာကြီး Ock Soo Park မှ မာလာဝီ ခရစ်ယာန်အသင်းအဖွဲ့တွေကို ကိုယ်စားပြုတဲ့ သင်းအုပ်ဆရာတွေအပါအဝင် အခြားခရစ်ယာန်ခေါင်းဆောင်များ အယောက်ပေါင်း ၁၅၀၀ ကျော် စုဝေးခဲ့ရာ ၂ ရက်တာ ဧဝံဂေလိဟောပြောခဲ့ပါသည်။  ပြီး‌နောက် ၂၀ ရက်နေ့တွင် ဆရာကြီးနဲ့ မာလာဝီ သမ္မတ လာဂျာလူဆူ ချာခွယ်လာနဲ့ တွေ့ဆုံခဲ့ပါသည်။ သင်းအုပ်ဆရာလုပ်ခဲ့ဖူးတဲ့ ချာခွယ်လာ သမ္မတကြီးကို ဆရာကြီးက ဧဝံဂေလိတရား ဟောပြောခဲ့ပါသည်။ အဲဒီနောက်  Mind Education ကို မိတ်ဆက်ပြီးနောက် မာလာဝီ လူငယ်များကို ကမ္ဘာ့အကောင်းဆုံး လူငယ်တွေဖြစ်လာစေမယ်ဆိုသည့် မျှော်လင့်ခြင်း ပေးခဲ့ပါသည်။

သမ္မတကြီးက အရာအားလုံးရဲ့ အခြေခံဆိုတာ ဧဝံဂေလိတရားဖြစ်ရမယ်ဆိုပြီး ဆရာကြီး Ock Soo Park ပြောတဲ့ အဆင့်အတန်းသည် မာလာဝီအစိုးရ၏ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းနဲ့ ရည်ရွယ်ချက် တူတယ်ဆိုပြီး ရှေ့ဆက်လျှောက် အတူ လက်တွဲသွားဖို့ရန် ကတိပြုခဲ့ပါသည်။ ပြီးနောက် ဆရာကြီးရဲ့ မာလာဝီ လာရောက်ရခြင်း သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပါသည်။ သတင်းမီဒီယာဌာန ၁၀ ခုလည်း ပါဝင်ခဲ့ပါသည်။

နောက်တစ်နေ့ ၂၃ ရက်နေ့တွင် ဂျမ်ဘီယာကို သွားခဲ့သည့် ဆရာကြီး Ock Soo Park သည် ရောက်ရောက်ချင်းတွင်ပင် ဂျမ်ဘီယာ သမ္မတ ဟာခါအင်ဒယ် ဟီချီးလယ်မာနဲ့ တွေ့ဆုံခဲ့ပါသည်။ ပညာ‌ရေးဝန်ကြီးအပြင် လူငယ်ဝန်ကြီး၊ အရပ်ဘက်ရေးရာ အကြီးအကဲတွေနဲ့ စီးပွားရေးဆိုင်ရာအကြီးအကဲတွေအတူပါဝင်တဲ့တွေ့ဆုံပွဲတွင် ဆရာကြီး Ock Soo Park သည် ဧဝံဂေလိတရား ဟောပြောခဲ့ပါသည်။ ပြီးနောက် Mind Education နဲ့ ပတ်သက်ပြီး ၁၀ နှစ်စာစီမံကိန်းကို တင်ပြပြီး ဂျမ်ဘီယာလူငယ်တွေကို ကမ္ဘာ့အကောင်းဆုံး လူငယ်တွေဖြစ်လာစေဖို့ ပြုစုပျိုးထောင်ရာမှာ သမ္မတကြီးလည်း အတူတကွ ပူးပေါင်းပါဝင်ပေးဖို့ရန် တောင်းဆိုခဲ့ပါသည်။

ဟီချီလယ်မာ သမ္မတသည် Mind Education နဲ့ပတ်သက်ပြီး ထောက်ပံ့ပေးဖို့ရန် ကတိပြုခဲ့ပြီး IYF အားဖြင့် ဂျမ်ဘီယာလူငယ်တွေလိုအပ်နေတဲ့အရာကို ပေးချင်တယ်ဆိုပြီး ပြောပါသည်။

ပြီးနောက် ဂျမ်ဘီယာ အစိုးရမှ အခမဲ့ငှါးရမ်းပေးထားသည့် လူငယ်စင်တာဆောက်လုပ်ရန် မြေ ၅ ဧကကျော်မှာ ၄ ဧကခန့် အကျယ်ရှိတဲ့အဆောက်အဦးကို ၄ ထပ်အဆောက်အဦးအဖြစ် လှပစွာ တည်ဆောက်ထားတဲ့ ဂျမ်ဘီယာ လူငယ်စင်တာ ဖွင့်ပွဲ လုပ်ခဲ့ပါတယ်။ သမ္မတကြီးကိုယ်စား ဒုသမ္မတကြီးအပြင် လူငယ် ဒုဝန်ကြီးနဲ့ ဘီးရှောပ်တွေ၊ အရာရှိအကြီးအကဲတွေ အများကြီး ပါဝင်တက်ရောက်ခဲ့ပါတယ်။

ဒီနေရာမှာ ဂျမ်ဘီယာ လူငယ်တွေနဲ့ ကျန်းမာတဲ့စိတ်ဓာတ်နဲ့ ခေါင်းဆောင်ကောင်းစွမ်းရည်တွေနဲ့ ပြည့်စုံတဲ့ အနာဂတ် လူတော်လူမော်များအဖြစ် ကြီးထွားလာဖို့ မျှော်လင့်ပါတယ်။  

လေတပ် အကြီးအကဲအရာရှိများကို အထူး Lecture ပို့ချခြင်းအစီအစဥ်တွေလည်း လုပ်ခဲ့ပြီး အဲဒီသတင်းတွေက ဂျမ်ဘီယာ သတင်းမီဒီယာတွေကနေ တဆင့် ပျံ့နှံ့သွားခဲ့ပါသည်။

၂၅ ရက်နေ့ တတိယမြောက်နိုင်ငံ ဇင်ဘွာဘွီကို ရောက်ခဲ့တဲ့ ဆရာကြီး Ock Soo Park သည် အစိုးရ၏ တရားဝင် ဖိတ်ခေါ်ခဲ့တဲ့ VIP အနေဖြင့် လုံခြံရေးအပြည့်အစုံနဲ့ ‘IYF အလှူရှင်များရဲ့ ည’ အစည်းအဝေးပွဲ ပါဝင်တက်ရောက်ခဲ့ပါသည်။

အဲဒီနေရာမှာ ပညာရေးဝန်ကြီးနဲ့ ဟာလာလယ် မြို့တော်ဝန်အပါအဝင် ပညာရေး ဒုဝန်ကြီးနဲ့ ဒါရိုက်တာ‌တွေ၊ နိုင်ငံခြားရေးရာ ဝန်ကြီးနဲ့ အစိုးရအရာရှိတွေ အပါအဝင် အယောက်ပေါင်း ၁၅၀ ပါဝင်တက်ရောက်ခဲ့ပါသည်။ သတင်းမီဒီယာ‌‌ပေါင်း ၁၅ ခု ကလည်း လာရောက်ပါဝင်ခဲ့ပြီ ဧဝံဂေလိတရား နားထောင်ခဲ့ပါသည်။

နောက်တစ်နေ့တွင် မြို့တော် ဟာလာလယ်နဲ့ ဂျင်ဘာဘွီ IYF တို့  လူငယ် ပညာရေးနဲ့ ပတ်သက်ပြီး MOU စာချုပ် ချုပ်ဆိုခဲ့ပါသည်။

ဟာလာလယ် မြို့တော်ဝန်မှ အမြဲတမ်း ဘုရားသခင်နဲ့ အတူရှိတဲ့ IYF နဲ့ လက်တွဲခွင့်ရလို့ ဝမ်းမြောက်ကြောင်းနဲ့ ဆက်လက်ပြီး အချင်းချင်း ဖလှယ်သွားကြဖို့ရန် မျှော်လင့်ကြောင်းပြောခဲ့ပါသည်။

အဲဒီနေ့မှာပဲ Public Lecture ဆိုတဲ့ခေါင်းစဥ်နဲ့ လုပ်ခဲ့တဲ့ CLF Conference မှာ အယောက် ၂၅၀၀ ကျော်က ဧဝံဂေလိတရား နားထောင်ခဲ့ပါသည်။

ဂျင်ဘာဘွီရဲ့ ခရစ်ယာန်ဂိုဏ်းပေါင်းစုံ ZCMA နဲ့ MOU စာချုပ် ချုပ်ဆိုခဲ့ပါတယ်။

ဒီအရာများအားဖြင့် ရှေ့ဆက်လျှောက်မှာလည်း Good News Mission အသင်းတော်သည် ZCMA အမှုတော်ဆောင်ဆရာများအတွက် ယုံကြည်ခြင်းအသက်တာ Training အပြင် Mind Lecture များကို ပို့ချသွားမှာပါမည်။ ပြီးနောက် ဂျင်ဘာဘွီ၏နိုင်ငံတော်ပိုင် ရုပ်သံလွှင့်ဌာန ZBC နဲ့ အထူး အင်တာဗျူးခဲ့ပါသည်။

၂၇ ရက်နေ့ အတ်ဆွာတီနီမှာ အကြီးဆုံးဖြစ်တဲ့ ဝတ်ပြုခန်းမရှိတဲ့ FEA ဘုရားကျောင်းမှာ ဆရာကြီးကို ဖိတ်ခေါ်ပြီး CLF Conference လုပ်ခဲ့ပါသည်။ ဘီရှော့များအပြင် အမှုတော်ဆောင်ဆရာများနဲ့ ရိုးရိုးအသင်းသူ/သားတွေအပါအဝင် အယောက် ၂၅၀၀ ကျော် ပါဝင်ပြီး ဧဝံဂေလိတရား နားထောင်ခဲ့ပါသည်။

အစီအစဥ်ပြီးသည့်နောက် အတ်ဆွာတီနီ ခရစ်ယာန်အဖွဲ့အစည်း ကိုယ်စားလှယ်‌ အယောက်ပေါင်း ၃၀ နဲ့ တွေ့ဆုံခဲ့ပြီးတော့ အတ်ဆွာတီနီကို ဧဝံဂေလိတရားနိုင်ငံအဖြစ် ပြောင်းလဲစေမည့်အမှုအရာနဲ့ ဆွေးနွေးခဲ့ကြပါသည်။

ပြီးနောက် အစိုးရအရာရှိများနဲ့တွေ့ဆုံခြင်း၊ ခူလယ်အိုဖာဆူ ဒူလာမီနီ အတ်ဆွာတီနီ ဝန်ကြီးချုပ်သည် လူငယ်စင်တာ သွားရောက်ပေးခဲ့ခြင်းနဲ့ မိမိတို့ရဲ့ နိုင်ငံသူ/ သားများအတွက် ဆရာကြီး Ock Soo Park ကို ကျေးဇူးတင်ကြောင်း ဖော်ပြခဲ့ပါသည်။

ပြီးနောက် အတ်ဆွာတီနီ ဘုရင့်နန်းတော်မှာ အတ်ဆွာတီနီ ၃ ဆက်မြောက် ဘုရင် အွမ်ဆူဝါတီနဲ့ ၃ နှစ်အကြာ ပြန်လည် တွေ့ဆုံခဲ့ပါသည်။ ၇ ကြိမ်မြောက် တွေ့ဆုံခဲ့တဲ့ အဲဒီနေ့မှာ ဘုရင်က အချိန်အကြာကြီး ခင်မင်လာခဲ့တဲ့ သူငယ်ချင်းတစ်ယောက်လို ဝမ်းသားအားရစွာဖြင့် ကြိုဆိုခဲ့ပါသည်။ လက်ရှိ ဆောက်လုပ်နေဆဲဖြစ်သည့် လူငယ်စင်တာ ဆောက်လုပ်ရေးစီမံကိန်းနဲ့ စိတ်ပညာရေးကျောင်း၊ ဆောက်လုပ်ရေး နည်းပညာကျောင်း၊ Music School နဲ့ ဆေးကုသရေး စင်တာတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ပါသည်။ နောက်ဆုံးအနေဖြင့် ဘုရင်မှ အတ်ဆွာတီနီအတွက် ဆုတောင်းပေးဖို့ရန် မမေ့ဖို့မေတ္တာရပ်ခံခဲ့ပါတယ်။

၃၀ ရက်နေ့ မနက်ပိုင်းတွင် ဆရာကြီး Ock Soo Park သည် မာရှီရှီ ဘိုချူဝါနာ သမ္မတနဲ့ တွေ့ဆုံဖို့ရန် သွားခဲ့ပါသည်။ ဒီတစ်ခေါက် ဘိုချူဝါနာနိုင်ငံ သွားရောက်ခြင်းသည် အစီအစဥ်ထဲတွင် မပါခဲ့သော်လည်း ဘေးနိုင်ငံတွေကို သွားခဲ့တဲ့အကြောင်း ကြားပြီး ဘိုချူဝါနာ သမ္မတနဲ့ အစိုးရအဖွဲ့သည် ဖိတ်ခေါ်စာပို့ခဲ့သည့်အတွက် သွားရောက်ခဲ့ခြင်းဖြစ်ပါသည်။ မာရှီရှီ သမ္မတက လူငယ်တွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်နေကြတဲ့ လူငယ်ဌာန၊ မြေယာဌာန၊ သာသာရေးဌာနနဲ့ ဒေသခံဌာနခွဲတွေအပြင် ဌာနအသီးသီးက ဝန်ကြီးတွေ၊ တာဝန်ခံတွေနဲ့ မိတ်ဆက်ပေးပြီး အချိန်မရွေး ကူညီပေးမယ်ဆိုတဲ့ စိတ်ဆန္ဒကို ‌ဖော်ပြခဲ့ပါတယ်။ ဆရာကြီးက သမ္မတကြီးရဲ့ ဖိတ်ခေါ်မှုအား ကျေးဇူးတင်ကြောင်းပြောပြီး ဧဝံဂေလိတရား ‌ဟောပြောခဲ့ပါသည်။ ပြီးနောက် ဘိုချူဝါနာ လူငယ်တွေအတွက် အလုပ်လုပ်ချင်ကြောင်း ပြောခဲ့ပါတယ်။ သမ္မတကြီးက Mind Education ဆိုတာသည် တကယ်ကို အရေးကြီးတဲ့ ပရိုဂရမ်ဖြစ်ကြောင်း ထောက်ခံခဲ့ပြီး အတူလက်တွဲလုပ်ဆောင်လိုကြောင်း ပြောပြီးနောက် ကိုရီးယားမှာ ထပ်မံ ဆုံတွေ့ကြဖို့ရန် ကတိပြုခဲ့ပါသည်။

ပြီးနောက် အဲဒီနေ့ ၌ တွေ့ဆုံခြင်း သတင်းကို နယ်စပ် ရုပ်သံလွှင့်ဌာန Btv နဲ့ သတင်းစာ Daily News တွင် အဓိက သတင်းအနေဖြင့် ထည့်သွင်း‌ ကြေငြာပေးခဲ့ပါသည်။  

ပြီးနောက် ဆရာကြီး Ock Soo Park သည် နောက်ဆုံး သွားခဲ့သည့် မိုဇမ်ဘစ်ကို ၃၀ နဲ့ ၃၁ ရက်နေ့မှာ အထူး Mind Lecture ပို့ချခဲ့ပါတယ်။ “လယ်နိုဘာ သစ်လွှင်တောက်ပသော” ဆိုတဲ့ ခေါင်းစဥ်နဲ့ လုပ်ခဲ့တဲ့ ဒီသင်တန်းသည် အမှုတော်ဆောင်ဆရာများနဲ့ ပညာရေးဆိုင်ရာ ဝန်ထမ်း အယောက် ၂၀၀၀ ကျော် ပါဝင်ခဲ့ပြီး ထိုင်ခုံမလောက်သည်သော်ငှားလည်း မတ်တပ်ရပ်ပြီး Lecture ကို နားထောင်ခဲ့ကြပါသည်။

ပြီးနောက် Mind Education ကို စိတ်ဝင်စားတဲ့ သမ္မတကတော် အီဂျာအူလာ နယူစီနဲ့ တွေ့ဆုံခဲ့ပါသည်။ ဆရာကြီးသည် မိုဇမ်ဘစ် လူငယ်တွေအတွက် အားရပါးရ အလုပ်လုပ်လိုကြောင်းပြောခဲ့ပါသည်။ သမ္မတကတော်မှ Mind Education အားဖြင့် လူငယ်များ တွေ့ကြုံရမယ့်အခက်အခဲပြဿနာများကို ရင်ဆိုင်ဖို့ရန် ခွန်အားရရှိဖို့ မျှော်လင့်ကြောင်းနဲ့ လိုအပ်တဲ့အကူအညီအားလုံး ပံ့ပိုးကူညီပေးလိုကြောင်းပြောခဲ့ပါသည်။

Mind Education အပြင် ဧဝံဂေလိတရားကို စိတ်ဖွင့်ပြီး လက်ခံခဲ့ကြသည့် နိုင်ငံအသီးသီးမှ ‌ခေါင်းဆောင်များ၏ ပူးပေါင်းပါဝင်မှုတွေကြောင့်  နိုင်ငံတကာ လူငယ်များ၏ ပြောင်းလဲခြင်းနဲ့ နိုင်ငံတကာက လိုလားတဲ့ မျှော်လင့်ခြင်းပြည့်ဝတဲ့ အနာဂတ်ကို မျှော်လင့်မိပါသည်။

ဒီတစ်ခေါက်ခရီးစဥ်သည် သာသနာမြေဖြစ်တဲ့ အစ္စရေးမှစ၍ တောင်ဖရိက ၇ နိုင်ငံအထိ အဖိုးတန် ဧဝံဂေလိတရား အလင်းရောင်ထွန်းလင်းပေးခဲ့သည့် ခရီးစဥ်လည်းဖြစ်ခဲ့ပါသည်။

နောက်ဆုံးတင်ထားသော ပို့စ်များ