May 20, 2024

(ရှင်ပြန်ထမြောက်ရာပွဲနေ့ ပေါင်းစည်းဝတ်ပြုခြင်း) ယေရှုခရစ်တော်သည် မြေကြီးစွန်းတိုင်အောင် ကျွန်တော်တို့နှင့် အမြဲအတူရှိ၏

  • ၄ လပိုင်း ၁၇ ရက် Easter ပွဲတော်ကို အပိုင်း ၃ ပိုင်းခွဲခြင်းဖြင့် ကျင်းပသွားသည်။
  • ရှင်ပြန်ထမြောက်ခြင်း၊ ဘဝအသက်တာတစ်ခုလုံး ပြောင်းလဲသွားစေသည့် အံ့သြဖွယ်ရာ ကိုယ်တော်၏ အစီအစဥ်ထဲမှ တစ်ခုဖြစ်သည်။ 
  • ‘Easter Cantata’ ရုပ်ရှင်ပြသခြင်းနှင့်အတူ ယေရှုခရစ်တော် ရှင်ပြန်ထမြောက်ခြင်း၏ အဓိပ္ပါယ်ကို ပြန်လည်သုံးသပ်ခြင်း

၄ လပိုင်း ၁၇ ရက်နေ့၊ Easter နေ့ကို ကြိုဆိုခဲ့သည်။

အစ္စရေးအစိုးမှ တရားဝင်ဖိတ်ခေါ်ခြင်းအားဖြင့် ဆရာကြီး Ock Soo Park သည် လွန်ခဲ့သော ၃ လပိုင်း ၂၀ ရက်အထိ အစ္စရေးနိုင်ငံကို သွားရောက်လည်ပတ်စဥ် ယေရှုခရစ်တော်သည် ဥပုသ်နေ့၏ သခင်ဖြစ်တော်မူသည်ဖြစ်၍၊ လူသား၏ လုပ်အားနှင့် ကြိုးစားအားထုတ်မှု မဟုတ်ဘဲ ဘုရားသခင်၏ ကျေးဇူးတော် ဧဝံဂေလိတရား ဟောပြောသောအားဖြင့် အစ္စရေးလူ့အဖွဲ့အစည်း တစ်ခုလုံး ပြောင်းလဲနေပါသည်။

၂၀၂၀ ခုနှစ် ခိုရိုနာ Pandemic အပြီး ကမ္ဘာအနှံ့ ဧဝံဂေလိတရားသည် အရှိန်အဟုန်ပြင်းစွာ ပျံ့နှံ့နေသကဲ့သို့၊ ဒီတစ်ခေါက် ၂၀၂၂ ခုနှစ် ရှင်ပြန်ထမြောက်ရာပွဲနေ့မှစတင်၍ ဧဝံဂေလိတရား၏ နှုတ်ကပတ်တော်သည် ပိုမိုအားကောင်းလာပြီး ကမ္ဘာတစ်ဝှမ်းလုံးတွင် သာ၍ ကြီးသောဧဝံဂေလိတရား၏ နိမိတ်လက္ခဏာဖြစ်ပေါ်လာမည်ကို မျှော်လင့်မိပါသည်။

ရှင်ပြန်ထမြောက်ခြင်းပွဲနေ့ ပေါင်းစည်းဝတ်ပြုခြင်း- ကျွန်တော်တို့နှင့် အစဥ်အမြဲ အတူရှိနေသော ယေရှုခရစ်တာ်

ခရစ်ယာန်ခေါင်းဆောင်များမိဿဟာယ ( CLF ) မှ အိမ်ရှင်အနေဖြင့် လက်ခံကျင်းပခဲ့သည့် ရှင်ပြန်ထ‌မြောက်ရာပွဲနေ့ ပေါင်းစည်းဝတ်ပြုခြင်းကို ဧပြီလ ၁၇ ရက်နေ့ မနက်အရုဏ်ဦးချိန် ၅ နာရီ မိနစ် ၃၀ ၊ မနက်ပိုင်း ၁၀ နာရီ ၊ ညနေပိုင်း ၇ နာရီ အလှည့်ကျ ပိုင်းခြားခြင်းဖြင့် ပြုလုပ်ခဲ့ပါသည်။

ယခု ရှင်ပြန်ထမြောက်ရာပွဲနေ့ ပေါင်းစည်းဝတ်ပြုခြင်းသည် ယေရှုခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်းကို ဂုဏ်ပြုပေးသည့် အရှေ့အလယ်ပိုင်းရှိ အကြီးမားဆုံးသော အားလပ်ရက်ဖြစ်သည့် (Santa Semana) ကို ဂုဏ်ပြုသည့်အနေဖြင့် ဗဟိုအမေရိက၊ တောင်အမေရိက ကျမ်းစာသင်တန်းနှင့် ခရစ်ယာန်ခေါင်းဆောင်များပေါင်းစည်ခြင်း (CLF) Conference , Easter ပွဲနေ့ ပေါင်းစည်းဝတ်ပြုခြင်း ပြုလုပ်နေသည့် မက္ကဆီကိုမြို့တွင် ကျင်းပခဲ့ပါသည်။

Daegu Gyeongbuk ဒေသခံ အသင်းသူ/သားများသည် offline ဝတ်ပြုခြင်းနှင့် online ဝတ်ပြုခြင်းကို တပြိုင်နက်ပြုလုပ်ပြီး၊ ကိုရီးယားစံတော်ချိန် အရုဏ်ဦး ၅ နာရီ မိနစ် ၃၀နှင့် မနက်ပိုင်း ၁၀ နာရီတွင် မက္ကဆီကိုမြို့တွင် ဟောပြောခဲ့သော ဆရာကြီး Ock Soo Park ၏ ဗီဒီယိုမက်ဆေ့ချ်အားဖြင့် ပေါင်းစည်းဝတ်ပြုခြင်းကို ပြုလုပ်ခဲ့သည်။ ညနေပိုင်း ၇ နာရီတွင် Easter Cantata ‘Were you there’ ရုပ်ရှင်ပြပွဲကို ပြုလုပ်ပြီး ရှင်ပြန်ထမြောက်ခြင်းပွဲတော်နေ့ကို ဂုဏ်ပြုခဲ့ပါသည်။

         

Good News Mission တည်ထောင်သူ၊ ဟောပြောသူ ဆရာကြီး Ock Soo Park သည် “ရှင်ပြန်ထမြောက်ရာပွဲနေ့ကတော့ ကျွန်တော်တို့ ဘဝအသက်တာကို အံ့သြစရာကောင်းအောင် ပြောင်းလဲပေးတဲ့ ဘုရားသခင်ရဲ့ အစီအစဥ်ထဲက တစ်ခုသာ ဖြစ်ခဲ့တယ် “ ဆိုပြီး “ လွန်ခဲ့သော နှစ် ၆၀ လုံးလုံး ကိုယ်တော်သည် ကျွန်တော့်ဘေးမှာ အသက်ရှင်ပေးတဲ့အချိန်တိုင်း တန်ဖိုးရှိပြီး လှပသည့် အလုပ်များ၊ ကျွန်တော်က စိတ်ကူးတောင်မယဥ်နိုင်တဲ့ အရာများကို စိတ်ကူးယဥ်နိုင်အောင် ပြုလုပ်ပေးပြီး ကျွန်တော့်လို လူက မလုပ်နိုင်သော အလုပ်ကို လုပ်ဆောင်နိုင်အောင် လမ်းဖွင့်ပေးပြီး ဆွဲခေါ်ပေးခဲ့ပါတယ်။ “ ဆိုပြီး သက်သေခံရင်း၊ “ဆိုးသောသူတစ်ယောက်ဖြစ်နေသော်လည်း မိမိ၌ ချည်နှောင်ခြင်းမခံဘဲ ယေရှုအားဖြင့် ပေတရုကဲ့သို့ တန်းခိုးတော်လည်း ဖြစ်စေပြီး၊ ဝမ်းမြောက်ခြင်းလည်း လက်ခံရရှိပြီး၊ ကျေးဇူးတော် လက်ခံရရှိသည့် အံ့သြစရာနိမိတ်လက္ခဏာကို မြင်တွေ့ရဖို့ မျှော်လင့်ပါတယ်“ ဆိုပြီး ဟောပြောခဲ့ပါသည်။

“ချစ်လှစွာသော ညီအစ်မောင်နှမများ၊ ကျွန်တော်တို့သည် ယနေ့ ခေတ်၏ ပေတရုဖြစ်ပါတယ်။ ကျွန်တော်တို့က အရာအားလုံးပြည့်စုံပြီး ကောင်းကောင်းလုပ်တက်လို့ ဘုရားသခင်က အသုံးပြုတာ မဟုတ်ပါ။ ဘုရားသခင်က ကျွန်တော်တို့ လိုအပ်ချက်များတဲ့အရာကို သိပေမယ့် ‘ ငါ့သိုးများကို ကျွေးမွေးလော့။ ‘ ဆိုပြီး ပြောသည့်အရာက အလွန် ဘုန်းတော်ချီးမွမ်းစရာ ကောင်းပါတယ်။ ယေရှုကို မျက်စိနှင့် မတွေ့နိုင်ဘူး။ ဆုပ်ကိုင်လို့လည်း မရပေမဲ့ ‌ပေတရုက ယေရှုကို ငြင်းပယ်ပြီး စုံစမ်းနှောက်ယှက်ခြင်းခံရတဲ့အချိန်မှာ သခင်ယေရှုက မထမြောက်ခဲ့ဘူးဆိုရင် ပေတရုကို သွားရှာမှာမဟုတ်ဘူး။ ပေတရုက မှောင်မိုက်ခြင်းထဲကနေ လွတ်မြောက်နိုင်မှာလည်း မဟုတ်ပါဘူး။ ရှင်ပြန်ထမြောက်ခဲ့တဲ့ယေရှုက ‘ ယေရှုကို ငြင်းပယ်တဲ့ ကျွန်တော့်လိုလူက ဘာတမန်တော်လဲ ‘ အဲဒီ စိတ်ပျက်ခြင်းထဲမှာ ရှိနေတဲ့ ပေတရုကို သွားရှာခဲ့ပါတယ်။ ပေတရုရဲ့ အကြံအစည်နဲ့ ယေရှုရဲ့ အကြံအစည်က မတူခဲ့သလို ကျွန်တော်တို့လည်း ယေရှုနဲ့မတူညီတဲ့ အကြံအစည်ထဲမှာ နစ်မြုပ်ပြီး အသက်ရှင်တဲ့ အချိန်တွေက အရမ်းများပါတယ်။ ယခု ကျွန်တော်တို့က ကျွန်တော်တို့အထဲမှ လွတ်မြောက်ပြီး ယေရှုနဲ့တစ်လုံးတဝတည်းဖြစ်ပြီး ယေရှုရဲ့ စိတ်နှလုံးသားနဲ့ အသက်ရှင်ကြည့်ကြပါစို့။ ၂၀၂၂ ခုနှစ် ရှင်ပြန်ထမြောက်ခြင်းပွဲနေ့မှစတင်ပြီး ကျွန်တော်တို့ အဲဒီလို ဘဝအသက်တာနဲ့ အသက်ရှင်မယ်ဆိုရင် ဘုရားသခင်က အလွန် ဝမ်းမြောက်မှာဖြစ်ပြီး အလုပ်လုပ်ပေးမယ်ဆိုတာကို တိကျစွာ ယုံကြည်ပါသည်။ “ ( Good News Mission အသင်းတော် တည်ထောင်သူ/ ဆရာကြီး Ock Soo Park)

Daegu ဘုရားကျောင်း  Son Seong Ae Sister – “ကျွန်မက မကြာသေးခင်ကပဲ ကယ်တင်ခြင်း လက်ခံရရှိခဲ့ပါတယ်။ အသိမိတ်ဆွေတွေဆီကို ဧဝံဂေလိတရား ဟောပြောချင်တဲ့စိတ်ကတော့ အတူတူပဲ ဖြစ်ပေမဲ့လည်း ဘယ်လိုစကားမျိုး ပြောရမလဲမသိလို့ ကျွန်မကို ဘုရားကျောင်းကို လမ်းပြပေးတဲ့ အစ်မနှင့် အတူ ဧဝံဂေလိဟောပြောနေပါတယ်။ အရင်က နှုတ်ကပတ်တော်ကို စိတ်မဝင်စားခဲ့ဘူး။ နားလည်း  နားမထောင်ချင်ခဲ့ပါဘူး။ ဒီရက်ပိုင်း နှုတ်ကပတ်တော်ကို နားထောင်ရင် စိတ်နှလုံးသားက ငြိမ်သက်ပြီး ဆက်လက် နားထောင်ချင်ပါတယ်။ တကယ်ကို အရမ်း ထူးဆန်းခဲ့ပါတယ်။ ဒီကနေ့ ရှင်ပြန်ထမြောက်ခြင်းပွဲနေ့ရဲ့ နှုတ်ကပတ်တော်ကို နားထောင်တဲ့အချိန်မှာ ကျွန်မက လက်ခံရရှိခဲ့တဲ့ ကယ်တင်ခြင်းအတွက် ထပ်မံပြီး ကျေးဇူးတင်ပါတယ်။“ ဆိုပြီး ခံစားရတဲ့ အရာကို ပြောခဲ့ပါသည်။

Gyeongsan ဘုရားကျောင်း Kim Kyung-hee Sister – “ကျွန်မကတော့ ၁ လပိုင်းမှာ ကယ်တင်ခြင်း လက်ခံရရှိပြီး ဘုရားကျောင်းမှာ ပါဝင်နေပါတယ်။ ရှင်ပြန်ထမြောက်ခြင်းပွဲနေ့ ဝတ်ပြုအစီအစဥ် နှုတ်ကပတ်တော်ကို နား‌ထောင်ပြီးတော့ ကျွန်မလို လူအတွက် ယေရှုခရစ်တော်က လက်ဝါးကပ်တိုင်မှာ ကြီးမားတဲ့ နာကျင်ခြင်းကို ခံစားပြီး အပြစ်ကို ဆေးကြောပေးခဲ့တဲ့ အမှန်တရားက ဒီကနေ့ ပိုပြီး ခံစားခဲ့ရပါတယ်။ အပြစ်လွတ်ခြင်းကို လက်ခံရရှိပြီး နေ့စဥ် ကျေးဇူးတင်ခြင်းအားဖြင့် အသက်ရှင်ခွင့်ရလို့ ကျေးဇူးတင်ပါတယ်။“ ဆိုပြီး ခံစားချက်ကို ပြောခဲ့ပါသည်။

Suseong ဘုရားကျောင်း Shim Gyu Hwa Sister – “ကယ်တင်ခြင်းတော့ရခဲ့ပေမဲ့ အရင်အတိုင်းပဲ ကျွန်မရဲ့ ဘဝအသက်တာက ပြောင်းလဲခြင်းမရှိခဲ့ပါဘူး။ နှုတ်ကပတ်တော်ကို သိနေပေမဲ့ ‘ ယေရှုခရစ်တော်က ကျွန်မကိုလည်း တကယ် အလုပ်လုပ်ပေးမလား။‘ ဆိုတဲ့ အကြံအစည်က မရေမတွက်နိုင်အောင် ထွက်လာခဲ့ပါတယ်။ ဒီကနေ့ နှုတ်ကပတ်တော်ကို နားထောင်ရင်းနဲ့ ယေရှုခရစ်တော်က ကျွန်မကို ချစ်ပြီး ဆွဲခေါ်ပေးနေတယ်ဆိုတဲ့အရာကို သိရှိခဲ့ရပါတယ်။ စုံစမ်းခြင်းခံရတဲ့ ပေတရုဆီကို ယေရှုကသွားပြီး ဆွဲခေါ်ပေးခဲ့သလို၊ ကျွန်မ စိတ်နှလုံးသားထဲမှာလည်း ယေရှုခရစ်တော် ရောက်ရှိလာပြီး အလုပ်လုပ်ပေးမယ်ဆိုတဲ့စိတ်မျိုး ဖြစ်ပေါ်လာခဲ့ပါတယ်။ ယခုလက်ရှိ လုပ်နေတဲ့ စီးပွားရေးပဲဖြစ်ဖြစ် သား/သမီး ပြဿနာ စသည့် အခြေအနေများကိုကြည့်ရင် လဲကျပြီး စိတ်ပျက်ခြင်းထဲမှာ နစ်မြုပ်သွားဖို့ပဲ ရှိပေမဲ့လည်း ကျွန်မနဲ့ အမြဲတမ်း အတူအလုပ်လုပ်ပေးမယ့် ယေရှုခရစ်တော်ကို အပ်နှံ ဆုတောင်းပြီး ခြေလှမ်းလမ်းကြည့်မယ်ဆိုရင် သေချာပေါက် ပြောင်းလဲမယ်လို့ ယုံကြည်ပါတယ်။“ ဆိုပြီး ခံစားရတဲ့အရာကို ပြောခဲ့ပါသည်။

Easter Cantata’ ရုပ်ရှင်ပြသခြင်းမှတဆင့် ယေရှုခရစ်၏ ရှင်ပြန်ထမြောက်ခြင်း၏ အဓိပ္ပါယ်ကို ပြန်လည်သုံးသပ်ခြင်း

Daegu Gyeongbuk ဒေသခံအသင်းတော်များကတော့ ၄ လပိုင်း ၁၅ ရက် (သောကြာ)-၁၈ ရက်နေ့ (တနင်္လာနေ့) ၄ ရက်သာ ဝတ်ပြုခန်းမတွင် Screen အကြီးတပ်ဆင်ခြင်းအားဖြင့်သော်၎င်း ရုပ်ရှင်ရုံကို ငှားရန်းပြီး Easter Cantata ‘Were you there’ ရုပ်ရှင်ပြသပွဲကို ပြုလုပ်ခဲ့ပါသည်။

ဒီတစ်ခေါက် ပြပွဲကတော့ သမ္မာကျမ်းစားလေ့လာနေသူတွေနဲ့ မိသားစု၊ အသိမိတ်ဆွေများ၊ ကယ်တင်ခြင်းလက်ခံတာ မကြာသေးသောသူများကို ဖိတ်ခေါ်ပြီး ယေရှုခရစ်တော်၏ မွေးဖွားခြင်းနှင့် သေခြင်း၊ ပြီးတော့ ရှင်ပြန်ထမြောက်ရာပွဲနေ့ကို ရုပ်ရှင်အားဖြင့် ကြည့်ရင်း ထာဝရအပြစ်ဖြေခြင်းကို ပြုလုပ်ပေးပြီး ကျွန်မတို့ကို ဖြောင့်မတ်ပြီဟု ပြောသော ယေရှုကို သက်သေခံရန်အတွက် ပြင်ဆင်ထားခဲ့ခြင်းဖြစ်ပါသည်။

ရုပ်ရှင်ကတော့ Gracias Choir အဖွဲ့ဝင်များက သရုပ်ဆောင်များအဖြစ် သရုပ်ဆောင်ခဲ့ကြပြီး၊ အထူးသဖြင့် Pie Jesu (သနားဂရုဏရှိသော ယေရှု)၊ On A Hill Far Away (ကရာနီတောင်ပေါ်မှာ)၊ Were you there(မင်းအဲဒီမှာလား)၊ Low in the grave He lay (သင်္ချိုင်းတွင်း၌နေကြလော့) စသည့် Choir အဖွဲ့ဝင်များက ကိုယ်တိုင်သီဆိုတဲ့ သီချင်းတွေက ရုပ်ရှင်အထဲက မြင်ကွင်းနှင့် လုံးဝ လိုက်ဖက်ညီအောင် နက်နဲသော ပဲ့တင်ထပ်မှုကို ထုတ်လွှင့်နိုင်ခဲ့ပါသည်။

ရုပ်ရှင်ကို ကြည့်ရှု့သူများကတော့‘ ဤ လောကသို့ ကြွဆင်းလာပြီး ကျွန်တော်တို့ အပြစ်အတွက် လက်ဝါးကပ်တိုင်ကို ထမ်းပေးတဲ့ သခင်ယေရှု’ ကို ကျေးဇူးတင်ကြောင်း ဖော်ပြခဲ့ပြီး၊ ကျမ်းစာနှုတ်ကပတ်တော်ကို အဖွဲ့သားတွေရဲ့ သရုပ်ဆောင်မှုနှင့် သီချင်း၊ ပြီးတော့ စကားလုံးတစ်လုံးချင်းစီမှာ နူးညံ့သိမ်မွေ့ တဲ့ စာသားတွေ ပါဝင်တဲ့ ရုပ်ရှင်တစ်ခုအဖြစ် ခွဲထုတ်ပြီး အပြစ်လွတ်ခြင်းရဲ့ ဝမ်းမြောက်ခြင်းက ပိုများခဲ့ပါသည်။

Jo Jang-sook  – “အသိမိတ်ဆွေက ဖိတ်ခေါ်ခြင်းအားဖြင့် ရုပ်ရှင်ကို ကြည့်ခဲ့ပါတယ်။ ကျွန်တော်ကတော့ Presbyterian  ဘုရားကျောင်းမှာ စေတနာ့ဝန်ထမ်း လုပ်ဖို့ သွားတဲ့အချိန်မှာ တစ်ခါတလေ ဝတ်ပြုအစည်းအဝေးတက်ခဲ့ပါတယ်။ ဒါပေမဲ့လည်း  ဘာသာရေးနဲ့တော့ ဘုရားကျောင်းကို တစ်ခေါက်မှ မတက်ဖူးခဲ့ပါဘူး။ ဒီကနေ့ ယေရှု ရှင်ပြန်ထမြောက်ခြင်းနဲ့ ပတ်သက်တဲ့ ရုပ်ရှင်ကို ကြည့်ပြီးနောက် ဧဝံဂေလိဆရာနှင့် ခဏသာ စကားပြောခဲ့ပါတယ်။ ဧဝံဂေလိဆရာက အာဒံ တစ်ယောက်တည်းကြောင့် ကျွန်တော်က အပြစ်လွန်ကျူးသည်ဖြစ်စေ မလွန်ကျူးသည်ဖြစ်စေ အပြစ်သားဖြစ်သွားပါပြီ ဖြောင့်မတ်သောသူဖြစ်တဲ့အရာလည်း ကျွန်တော်နဲ့ မဆိုင်ဘဲ ယေရှု၏ အသွေးတော်သွန်းလောင်းပြီး အသေခံပေးခြင်းအားဖြင့် ဖြောင့်မတ်သောသူဖြစ်သွားပြီဟု ပြောခဲ့ပါတယ်။ ရုပ်ရှင်ကြည့်ပြီးတော့မှ နှုတ်ကပတ်တော်ကို ပြန်လည်နားထောင်ကြည့်တဲ့အခါ နားလည်ဖို့လွယ်ကူပြီး မယုံကြည်ဘဲ နေလို့မရခဲ့ပါဘူး။ ဘုရားသခင်က ‌ဖြောင့်မတ်သောသူဆိုပြီး ပြောလို့ ကျွန်တော်ကတော့ ‌ဖြောင့်မတ်သောသူ မှန်ပါတယ်။ ဒုတိယမွေးခြင်း လက်ခံရရှိဖို့ လုပ်ပေးလို့ ကျေးဇူးတင်ပါတယ်။ “ ဆိုပြီး ပြောခဲ့ပါသည်။

Choi Young-mi – “ယောကျ်ားရဲ့ အလုပ်ကို ကူညီဖို့အတွက် ရုံးတက်ခဲ့ပေမဲ့ ရုံခန်းမှာ Park Sang- tae (Daegu ဘုရားကျောင်း)က မကြာခဏ ဘုရားကျောင်းအကြောင်း၊ ယေရှုအကြောင်းကို ပြောပြပေးခဲ့ပါတယ်။ ဘုရားသခင်နဲ့ပတ်သက်ပြီး ယုံကြည်ချင်တဲ့စိတ်၊ သိချင်တယ်ဆိုတဲ့စိတ် မရှိခဲ့ပါဘူး။ သေသွားမယ်ဆိုရင် ဘယ်ကိုသွားမလဲ ဆိုတာလည်း မစဥ်းစားခဲ့ဖူးပါဘူး။ ဧဝံဂေလိတရားကတော့ အရင်ကလည်း တစ်ခေါက် နားထောင်ခဲ့ဖူးပါတယ်။ ရုပ်ရှင်ကြည့်ပြီး ဧဝံဂေလိဆရာနဲ့ စကားအပြန်အလှန်ပြောတဲ့အခါ ယေရှုက လက်ဝါးကပ်တိုင်မှာ သံမှိုရိုက်ခံရတဲ့ ပုံစံများနဲ့ ဧဝံဂေလိတရား နားထောင်တဲ့အရာက လိုက်ဖက်နေတာကြောင့် မျက်ရည်ကျခဲ့ပါတယ်။ ဟေရှာယ ၅၃ ‘ ထိုသူသည် ငါတို့လွန်ကျူးခြင်း အပြစ်များကြောင့်၊ နာကျင်စွာထိုးခြင်း၊ နှိပ်စက်ခြင်းကို ခံရလေ၏။’ ဆိုတဲ့ နှုတ်ကပတ်တော်ကို ကြားတဲ့အခါ ကျေးဇူးတင်ခဲ့ပါတယ်။ အမျိုးသားကို ‘ ငါကတော့ ကယ်တင်ခြင်းရပြီး ကောင်းကင်သွားမှာ ဖြစ်တယ်။ ယောကျ်ားကို ဘယ်လို လုပ်ရမလဲ။ ‘လို့ ပြောခဲ့ပါတယ်။ အမျိုးသားလည်း ကယ်တင်ခြင်း လက်ခံပြီး ကောင်းကင်နိုင်ငံ သွားရရင် ကောင်းမှာပဲ ဆိုတဲ့ စိတ်ဖြစ်ပေါ်လာခဲ့ပါတယ်။ “ ဆိုပြီး ခံစားရတဲ့အရာကို ပြောခဲ့သည်။

Ahn Mi Kyung Sister – “ကယ်တင်ခြင်းရပြီး ပထမဦးဆုံးအကြိမ် ကြုံတွေ့ရတဲ့ ရှင်ပြန်ထမြောက်ခြင်းပွဲနေ့ ဖြစ်တယ်။ ရုပ်ရှင်မှာ ကြည့်ရင် ‘ ထိုသူသည် ငါတို့လွန်ကျူးခြင်း အပြစ်များကြောင့်၊ နာကျင်စွာ ထိုးခြင်း၊ နှိပ်စက်ခြင်းကို ခံရလေ၏။ ငါတို့၏ ငြိမ်သက်ခြင်းချမ်းသာကို ဖြစ်စေသော ဆုံးမခြင်းသည် သူ့အပေါ်သို့ရောက်၍၊ သူခံရသော ဒဏ်ချက်အားဖြင့် ငါတို့သည် အနာပျောက်လျက်ရှိကြ၏။ ‘ ဆိုတဲ့ ကျမ်းပိုဒ်ရှိပါတယ်။ အဲဒီ နှုတ်ကပတ်တော်ကို အရမ်း ကျေးဇူးတင်ပြီး ယေရှုခရစ်တော်က ကျွန်တော့် ကိုယ်စား နာကျင်စွာ အသေခံသွားတဲ့ အရာက စိတ်ထဲမှာ နာကျင်ခဲ့ပေမဲ့လည်း ယေရှုခရစ်တော် ရှင်ပြန်ထမြောက်သွားတဲ့ အခန်းကို ကြည့်တဲ့အခါ ကျွန်တော့်ကယ်တင်ခြင်းက အရမ်းကို ကျေးဇူးတင်စရာကောင်းပါတယ်။ မိသားစုပြဿနာနဲ့ ပင်ပန်းနေပြီး စိတ်နှလုံးသား လေးလှံနေတဲ့အချိန်မှာ ရုပ်ရှင်ကြည့်ပြီး အရမ်း ခံစားခဲ့ရပါတယ်။ ခန္ဓာကိုယ်က သိပ်မ‌ကောင်းလို့ မသွားဖို့ လုပ်ခဲ့ပေမဲ့လည်း သွားလိုက်တာ အရမ်းကောင်းပါတယ်။ ဖိတ်ခေါ်ပေးလို့လည်း အရမ်းကို ကျေးဇူးတင်ရှိပါတယ်။ ကျွန်မတစ်ယောက်တည်း ကြည့်ရတာ စိတ်မကောင်းလို့ ကျွန်မ အမေနဲ့ သားကိုလည်း ခေါ်လာပြီး ထပ်လာခဲ့တာဖြစ်ပါတယ်။ အရမ်းကို ကျေးဇူးတင်ပါတယ်။ “ ဆိုပြီး ခံစားရတဲ့အရာကို ပြောခဲ့ပါသည်။

Kim Soon Ae Sister – “မကြာသေးခင်က Bible Seminar မှာ ပါဝင်ပြီး ကယ်တင်ခြင်း လက်ခံရရှိခဲ့ပါတယ်။ ကျမ်းစာအားဖြင့် စာဖြင့်သာ ကြည့်ခဲ့တဲ့ မြင်ကွင်းတွေကို ဗီဒီယိုမှတစ်ဆင့် ကြည့်လို့ စိတ်ထဲမှာ ပိုပြီးခံစားခဲ့ရပါတယ်။ Choir အဖွင့်ရဲ့ သရုပ်ဆောင်ချက်နဲ့ သီချင်းကတော့ တကယ်ကို စိတ်ထဲမှာ ထိမိသွားခဲ့ပါတယ်။ လက်ဝါးကပ်တိုင်တွင် သံမှိုရိုက်ခံရတဲ့ ယေရှုကို ကြည့်ရင်း ကျွန်မတို့ဆိုရင် အပ်တစ်ချောင်းနဲ့ ထိုးရင်တောင် နာကျင်နေတာကို အဲဒီလို နာကျင်ခြင်းကို ခံပြီး ကျွန်မကိုယ်စား အသေခံသွားပေးတဲ့ အရာကို ကြည့်တဲ့အခါ စိတ်ထဲမှာ အရမ်း နာကျင်ပြီး ကျေးဇူးတင်ခဲ့ပါတယ်။ ကျွန်မတို့ ဖြောင့်မတ်ဖို့အတွက် ထပ်မံပြီး ရှင်ပြန်ထမြောက်ပေးခဲ့တဲ့ သခင်ယေရှုကို ကျေးဇူးတင်ရှိပါတယ်။ “ ဆိုပြီး ခံစားရတဲ့အရာကို ပြောခဲ့ပါတယ်။

Daegu Gyeongbuk – ဒေသခံအသင်းတော်များကတော့ “ အဘယ်သူမျှ ကျွန်တော်တို့ကို အပြစ်ထဲမှ မကယ်တင်ပေးနိုင်ပေမဲ့လည်း ဘုရားသခင်က ယေရှုခရစ်တော်ကို ဤ လောကသို့ ပို့ဆောင်ပေးပြီး ကျွန်တော်တို့ အပြစ်ကို ဖြေရှင်းပေးခဲ့ပါတယ်။ ယေရှုခရစ်တော်က ၃ ရက် မြောက်နေ့မှာ ရှင်ပြန်ထမြောက်ပြီး ကောင်းကင်ဘုံသို့ တက်သွားခဲ့ပေမဲ့လည်း ကျွန်တော်တို့ ဘေးမှာ အမြဲတမ်း အတူရှိနေပါတယ်။ ဒါပေမဲ့ ကျွန်တာ်တို့ကတော့ ကျွန်တော်တို့ရဲ့အားနည်းချက်နဲ့ လိုအပ်ချက်တွေကြောင့် ဧဝံဂေလိတရားရဲ့အမှုကနေ ပြန်လှည့်သွားတဲ့အချိန်တွေ ရှိခဲ့ပါတယ်။ “ ဆိုပြီး “ အခု ကျွန်တော်တို့ပုံစံကို မကြည့်ဘဲ ယေရှုက ဆွဲခေါ်ပေးတဲ့ ဘဝအသက်တာနဲ့ အသက်ရှင်ရင်း အသင်းတော်အားဖြင့်ပေးတဲ့ ဧဝံဂေလိတရားကို စိတ်နှလုံးသားထဲမှာ အပြည့်ဖြည့်ပြီး သခင်ယေရှုရဲ့ ချစ်ခြင်းမေတ္တာကို ဟောပြောရင်း အသက်ရှင်မယ်“ဆိုပြီး ခံစားရတဲ့အရာကို ပြောခဲ့ပါသည်။

နောက်ဆုံးတင်ထားသော ပို့စ်များ