November 21, 2024

မုသာနဲ့ပြည့်နက်‌နေသော လူသား

#အပတ်စဉ်စိတ်ဝိညာဉ်ခွန်အား

တစ်ရက်မှာ ရောမဩဝါဒစာဖတ်ခြင်းအားဖြင့် ကျွန်တော့်စိတ်နှလုံးထဲမှာ ခွန်အား‌တွေပြည့်လာခဲ့ပါတယ်။ အစပိုင်းမှာ‌တော့ ကျွန်တော်က ကျမ်းစာဖတ်တဲ့အရာကို အရမ်းငြီးငွေ့ခဲ့ပါတယ်။ ဒါပေမဲ့ ဆရာကြီး Ock Soo Park ရဲ့ လက်အောက်မှာသာသနာပြုကျောင်း တက်ရင်း၊ ယုံကြည်ခြင်းသင်ယူတဲ့အခါမှာ သမ္မာကျမ်းစာကိုကြည့်တဲ့ ကျွန်တော့်ရဲ့အမြင်က ပွင့်လာပါတယ်။ အဲ့ဒီအချိန်ကစပြီး သမ္မာကျမ်းစာကို ဖတ်တဲ့အခါ အရမ်းစိတ်ဝင်စားစရာ ကောင်းလာပါတယ်။

ဆာလံကျမ်းမှာ‌ရေးထားတဲ့အတိုင်း ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ဆိုတာ ပျားသကာတို့ထက် ချိုတယ်ဆိုတာ ခံစားမိလာပါတယ်။ ကျွန်တော့်ဘဝမှာ ကျေးဇူးတင်တဲ့အရာ ပြောရမယ်ဆိုရင်၊

  • ပထမအချက်အနေနဲ့ ယေရှုနဲ့တွေ့ပြီး ကယ်တင်ခြင်းလက်ခံရရှိတယ်။
  • ဒုတိယအချက်အနေနဲ့ အသက်ရှင်နေတဲ့ ဘုရားသခင်ရဲ့အသင်းတော်နဲ့ တွေ့ဆုံခွင့်ရတဲ့အရာ ဖြစ်တယ်။
  • တတိယအချက်က‌တော့ ဘုရားသခင်နဲ့အတူ ဧဝံဂေလိတရားကို အစေခံတဲ့ဘုရားကျွန်နဲ့ တွေ့ခွင့်ရတဲ့အရာ ဖြစ်ပါတယ်။

တကယ်လို့ ကျွန်တော်က အသင်း‌တော်၊ ဘုရားသခင်ကျွန်နဲ့ တွေ့ဆုံခွင့်မရခဲ့ဘူးဆိုရင်၊ ဘဝတခုလုံး ဘာသာရေးသမားအနေနဲ့ အသက်ရှင်နေရမှာဖြစ်ပါတယ်။ ဒါပေမဲ့ဘုရားသခင်ရဲ့ အသင်းတော်၊ ဘုရားသခင်ကျွန်နဲ့တွေ့ဆုံပြီး ဘုရားသခင်ရဲ့စိတ်ကိုသင်ယူခွင့်ရတယ်။ တိကျတဲ့ဧဝံဂေလိတရားကိုနားထောင်ခွင့်ရပြီး အပြစ်လွတ်ခြင်းရခဲ့ပါတယ်။ အရမ်းပျော်ရွင်ပါတယ်။ ဘုရားသခင်ကျွန်ကိုလည်း အရမ်းကျေးဇူးတင်ပါတယ်။ ရောမဩဝါဒစာ လေ့လာကြည့်မယ်ဆိုရင် အရမ်းစိတ်ဝင်စားဖို့ကောင်းပါတယ်။ ဒီ‌နေ့ရောမဩဝါဒစာအခန်းကြီး (၄) ကို ဖတ်ခဲ့ပါတယ်။

ဒီထဲမှာဘုရားသခင်က ကျွန်တော်တို့ကို ပြောပြချင်တဲ့အကြောင်းရှိပါတယ်။‌ ရောမအသင်းတော်ဆိုတာ ယုဒလူမျိုးအနည်းငယ်ပါဝင်ပေမဲ့၊ တပါးအမျိုးသားတွေအများစုပါဝင်တဲ့ အသင်းတော်ဖြစ်ပါတယ်။ ဒီတပါးအမျိုးသားဆိုတာက အားလုံးအပြစ်သားဖြစ်ပါတယ်။ အားလုံးစာတန်လိမ်စားခြင်းခံ နေရပါတယ်။ ဒါကြောင့် ရောမဩဝါဒစာ အခန်းကြီး (၁) နဲ့ (၂) မှာက အားလုံးအပြစ်သားဖြစ်တယ်လို့ ဖော်ပြထားတယ်။ ယုဒလူမျိုးတွေရော၊ တပါးအမျိုးသားတွေရော အားလုံးကိုဆိုလိုချင်တာ ဖြစ်ပါတယ်။

အခန်းကြီး (၃) မှာ‌‌တော့ “လူဆိုတာက အစဉ်မပြတ်ဆိုးညစ်ခြင်းသက်သက်ပဲရှိတယ်။ လူဆိုတာအားလုံးမုသာဖြစ်တယ်” လို့ဖော်ပြထားပါတယ်။ မိတ်ဆွေတို့က ဒီကျမ်းပိုဒ်တခုကိုပဲ သေသေချာချာနားလည်မယ်ဆိုရင် အံသြစရာပြောင်းလဲလာလို့ရပါတယ်။ ဒါပေမဲ့ လူတွေက ဒီအရာကိုကိုနှုတ်အားဖြင့်၊ ခေါင်းအားဖြင့်သာသိပြီး စိတ်နှလုံးသားထဲမှာ “လူဆိုတာမုသာဖြစ်တယ်” ဆိုတာ လက်မခံပါဘူး။ ကိုယ်ကမုသာပဲဆိုတာ လက်မခံတဲ့အခါမှာ လင်မယားကြားမှာဖြစ်ဖြစ်၊ ညီကိုမောင်နှမကြားမှာဖြစ်ဖြစ် စကားများပြီးတယောက်ကို တယောက်ကအပြစ်တင်လာပါတယ်။ ကိုယ်ကမုသာဖြစ်တယ်။ လူဆိုတာသစ္စာမရှိဘူးဆိုတာကို နားလည်ပြီး ကိုယ့်အကြံအစည်ကိုမယုံကြည်ဘဲ နှုတ်ကပတ်တော်ကိုပဲ ယုံကြည်တဲ့အခါ ပျော်ရွင်စွာအသက်ရှင်လို့ရပါတယ်။

(24.4.2022 Rev. Kim Jong Ho ၏ Sunday နှုတ်ကပတ်တော်မှ ကောက်နှုတ်တင်ပြခြင်း)

နောက်ဆုံးတင်ထားသော ပို့စ်များ