May 9, 2024

Hope ကိုယ်ပိုင်အထက်တန်းကျောင်းဖွင့်လှစ်ပွဲ

 ၂၀၂၂ ခုနှစ် ၆ လပိုင်း ၂၄ ရက်နေ့၊ နေ့လည် ၂ နာရီမှ ညနေ ၄ နာရီအထိ Hope ကိုယ်ပိုင်အထက်တန်းကျောင်းဖွင့်ပွဲ ပြုလုပ်ကျင်းပခဲ့ပါသည်။ ဖွင့်ပွဲတွင် ကျောင်းအုပ်ဆရာမကြီး နော်သောဂေးမှ ကြိုဆိုနှုတ်ခွန်းဆက် အမှာစကားပြောကြားပေးခဲ့ပြီး Hope Private High School ၏ Founder ဖြစ်သော ဆရာဦးသောမတ်မှလည်း ကျောင်းသူကျောင်းသားများအတွက် မိန့်ခွန်းအမှာစကားပြောကြားခဲ့ပါသည်။

Hope Private High School သည် အသင်းတော် ဘုရားသခင်ကျွန် လမ်းပြခြင်းအားဖြင့် ၂၀၂၁ မှ တရားဝင်စတင်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်တွင် ကျောင်းသားများအတွက် မျှော်လင့်ခြင်းအိပ်မက်များ အကောင်အထည်ဖော်ပြီး ပြောင်းလဲခြင်း၊ စိန်ခေါ်ခြင်း၊ ပေါင်းစည်းခြင်းဖြင့် အနာဂတ်တွင် ခေါင်းဆောင်ကောင်းများ ဖြစ်လာစေရန် ရည်ရွယ်ပြီး Hope Private High School အား ဖွင့်လှစ်ခဲ့ပါသည်။

Hope Private School တွင် ကျောင်းစာပေပညာရပ်များအပြင် အနုပညာဘာသာရပ်များအဖြစ် Music Theory , Violin , Cello , Piano , Dance , Song စသဖြင့်ပါဝင်ပြီး English Speaking , Korea Speaking များလည်း သင်ကြားပေးလျက်ရှိနေပါသည်။

ယခု ဖွင့်ပွဲတွင် ကျောင်းသား၊ ကျောင်းသူများမှလည်း ကပြသီဆို ဖျော်ဖြေမှုများ တင်ဆက်ပြီးနောက် ဆရာကြီး Kim Jong Ho မှလည်း ဆရာမ Annie Sullivan အားဖြင့် Helen Keller ဘဝအသက်တာ ပြောင်းလဲလာပုံကို သာဓကပေးပြီး Mind Lecture ဟောပြောပို့ချခဲ့ပါသည်။  ဆရာ၊ ဆရာမများကိုလည်း ကျောင်းသူ၊ ကျောင်းသားများ၏ စိတ်ထဲတွင် မျှော်လင့်ချက်စိုက်ပျိုးပေးခြင်းဖြင့် ဆွဲခေါ်ပေးနိုင်ရန် ခွန်အားပေးခဲ့ပါသည်။

Hope Private School ကျောင်းကို မြန်မာနိုင်ငံတွင် အကောင်းဆုံးကျောင်းဖြစ်သည့်အရာကို ပြောကြားခဲ့ပြီး ကျောင်းသူကျောင်းသားများ၏ စိတ်ထဲတွင် အကောင်းဆုံး ကျောင်းသူ၊ ကျောင်းသားများအား ယုံကြည်ခြင်းနှင့် မျှော်လင့်ခြင်းများ စိုက်ပျိုးပေးခဲ့ပါသည်။

               ထို့နောက် ဒုကျောင်းအုပ်ကြီး ဆရာ ဦးစောမင်းနိုင်အောင်ချစ်မှ ကျေးဇူးတင်စကားပြောကြားခဲ့ပြီး Hope Private School  ဖွင့်ပွဲအခန်းအနားအား အောင်မြင်စွာပြီးခဲ့ပါသည်။  

နောက်ဆုံးတင်ထားသော ပို့စ်များ