January 15, 2025

(New York) အလုံးစုံတို့ကိုပြန်ရမည် – 2022 CLF World Conference (1)

 “ယုံကြည်ခြင်းအားဖြင့်သာ၊ နှုတ်ကပတ်တော်အားဖြင့်သာ”၊ “Only the word, only faith” ဟူသော ဆောင်ပုဒ်အားဖြင့် ၂၀၁၇ ခုနှစ် မတ်လတွင် CLF World Conference ကို ပထမဦးဆုံးအနေဖြင့် New York တွင် ပြုလုပ်ကျင်းပခဲ့ပြီး သင်းအုပ်ဆရာအပါး ၇၀၀ ပါဝင် တက်ရောက်ခဲ့ပါသည်။ ယခုအခါ နိုင်ငံတကာမှ အမှုတော်ဆောင် သင်းအုပ်ဆရာအပါး (၈၂၀,၀၀၀) နှင့်အတူ ကွဲပြားလျက်၊ ပျက်ပြားလျက်ရှိနေသော ခရစ်ယာန်များကို ဖလှယ်ခြင်း၊ ပေါင်းစည်းခြင်းများ ဖြစ်ပေါ်လာစေလျက် ရှိနေပါသည်။

အထူးသဖြင့် New York CLF အဖွဲ့အနေဖြင့် ကိုရိုနာကပ်ရောဂါကြောင့် လွတ်လပ်စွာသွားလာလှုပ်ရှားခွင့်၊ စုဝေးခွင့်မရသော်လည်း Online CLF Conference အားဖြင့် ပို၍မြှောက်များလှစွာသော အမှုတော်ဆောင်များ ပါဝင်ခွင့်ရရှိကာ၊ အသစ်သောအမြင်များနှင့် အမျိုးမျိုးသော Program များကို ဖန်တီးပြုလုပ်ပြီး နိုင်ငံတကာမှ ခရစ်ယာန်အဖွဲ့အစည်းများ အတူတကွလက်တွဲသွားရမည့် ဦးတည်ချက်များကို အဆိုပြုခဲ့ပါသည်။

၂၀၂၂ နှစ်အတွင်း ပြန်လည်ပြုလုပ်ကျင်းပသော CLF World Conference ၏ ဆောင်ပုဒ်မှာ ၁ရာ ၃၀း၈ “ဆက်ဆက်မှီ၍ အလုံးစုံတို့ကိုပြန်ရမည် (Recover)” ဆိုသောအရာ ဖြစ်ပါသည်။ ကိုရိုနာကပ်ရောဂါကာလအတွင်း အမေရိကန်မှ သင်းအုပ်ဆရာ 40% က အမှုတော်ဆောင်ခြင်းကို လက်လျော့လိုက်ပြီး၊ ဘုရားကျောင်းပြန်တက်သည့် အသင်းသားများမှာလည်း 24% ခန့်သာရှိကြောင်း စာရင်းဇယားထွက်ပေါ်လာပြီးနောက် မြှောက်များလှစွာသော သင်းအုပ်ဆရာများ အမှုတော် ဆောင်ရွက်လိုသောစိတ်နှင့် မျှော်လင့်ခြင်းပျောက်ဆုံနေသော ယခုလိုအချိန်တွင် “ဆက်ဆက်မှီ ၍ အလုံးစုံတို့ကိုပြန်ရမည်” ဟူသောဆောင်ပုဒ်အားဖြင့် ကျင်းပမည့် CLF Conference က သူတို့ကို အသစ်သော မျှော်လင့်ခြင်းများ ဖြစ်ပေါ် စေလျက်ရှိပါသည်။

Empowerment Talk နှင့် CLF Summit Forum အားဖြင့် ဧရာမကြီးမားလှသော အသင်းတော် သင်းအုပ်ဆရာနှင့်အသင်းအဖွဲ့များ၏ ကိုယ်စားပြုပုဂ္ဂိလ်များကိုဖိတ်ခေါ်ခြင်း

ကိုရိုနာကပ်ရောဂါကာလအတောအတွင်း ကျင်းပပြုလုပ်သော CLF online conference သည် နေရာဒေသနှင့် အချိန်နာရီဆိုသည့် ကန့်သတ်ဘောင်ကိုကျော်လွန်ကာ ကမ္ဘာတစ်ဝှမ်း ကျယ်ပြန့်စွာသင်းအုပ်ဆရာများကို ဖိတ်ခေါ်နိုင်ခဲ့သည်။ အသင်းအဖွဲ့ဂိုဏ်းဂဏကိုကျော်လွန်ကာ “ကျမ်းစာနှုတ်ကပတ်တော်အားဖြင့်သာ ဆွေးနွေးဖလှယ်ခြင်းပေါင်းစည်းခြင်း” ဆိုသည့် CLF ၏ ရည်ရွယ်ချက်အားဖြင့်အစပြုသော Empowerment Talk လှုပ်ရှားမှုသည် အမေရိကန်နှင့် နိုင်ငံတကာမှ ထင်ပေါ်ကျော်ကြားသေ ာသင်းအုပ်ဆရာများကို ဖိတ်ခေါ်ဆွေးနွေးခွင့်ရရှိခဲ့ပြီး ခရစ်ယာန်ခေါင်းဆောင်များအတွက် နိုင်ငံတကာတွင် အကြီးမားဆုံးသော Conference အနေဖြင့် ပြုလုပ်ကျင်းပနိုင်ခဲ့ပါသည်။

 ဤအကြိမ်တွင် ပြုလုပ်ကျင်းပခဲ့သော CLF Conference တွင် Empowerment Talk အပြင် ခရစ်‌ယာန်များကြုံတွေ့နေ‌သော လက်ရှိအခြေအနေနှင့် အနာဂတ်တွင်ကြုံတွေ့လာနိုင်သော အကျပ်အတည်းကို အောင်မြင်ကျော်လွှားနိုင်ဖို့ရန် “လူငယ်နှင့် ယုံကြည်ခြင်း” ခေါင်းစဥ်အားဖြင့် CLF Summit Forum ကို ပထမဦးဆုံးအကြိမ်အနေနှင့် ပြုလုပ်ကျင်းပသောအခါ ကြီးမားသောအသင်းတော်မှ သင်းအုပ်ဆရာများ၊ ကြီးမားသောအဖွဲ့အစည်းမှ ကိုယ်စားပြုခေါင်းဆောင်များ ပါဝင်တက်ရောက်ခဲ့ကြပါသည်။

ကိုရိုနာကပ်ရောဂါကာလနောက်ပိုင်း ပထမဦးဆုံးအနေဖြင့် offline ဖြင့်ပြုလုပ်သော CLF Conference တွင် New York အသင်း‌တော်မှ Rev.Youngguk Park သည် တက်ရောက်လာသူများကို တရားဟောရာကျမ်း အခန်းကြီး ၇ မှ နှုတ်ကပတ်တော် ဝေငှါပေးခဲ့ပါသည်။ ဘုရားသခင်မျှော်လင့်သည့်အရာမှာ ကျွန်ုပ်တို့မှ conference အတွက် အ‌ကောင်းဆုံးပြင်ဆင်ပြီး လူများစွာဖိတ်ခေါ်သည့်အရာမဟုတ်ဘဲ ဘုရားသခင်၏နှူတ်ကတ်တော်နှင့် မိမိအကြံအစည်ကိုရောနှောခြင်း မပြုရန်သာဖြစ်ကြောင်း၊ ဘုရားသခင် ဧကန်အမှန် ကူညီပေးမည်ဟု ယုံကြည်ပြီးအပ်နှံ့ဖိုရန်သာဖြစ်ကြောင်း ဟောပြောခဲ့ပါသည်။

New York မှ မြောက်မြားလှစွာသော အသင်းတော် သင်းအုပ်ဆရာများသည် ကိုရိုနာကပ်ရောဂါကာလ အတောအတွင်း မိမိအသင်းသူအသင်းသားများကို ဆုံးရှုံးသွားရသောအရာနှင့် လူကိုယ်တိုင်စုဝေးပြီး ဝတ်ပြုကိုးကွယ်သောအခါ အသင်းသူအသင်းသားများ ဘုရားကျောင်းပြန်မတက်သည့် အခက်အခဲများနှင့် ရင်ဆိုင်နေရပါသည်။ သင်းအုပ်ဆရာများစွာသည် အမှုတော်ဆောင်ခြင်းကို လက်‌လျော့လိုက်ပြီး ဘုရားကျောင်းတံခါးများကိုလည်း ပိတ်ထားရပါသည်။ သို့သော်လည်း မိမိအကြံအစည်ကို မရောနှောဘဲ ဘုရားသခင်ကို ယုံကြည်အပ်နှံသည့်အခါတွင် ဘုရားသခင်က အံသြဖွယ်ကောင်းအောင် လမ်းများကိုပွင့်စေခဲ့ပါသည်။

ကိုရိုနာကပ်ရောဂါကာလမတိုင်ခင်မှစ၍ CLF တွင် ပါဝင်ခဲ့သော သင်းအုပ်ဆရာများသည် လတ်တလောတွင် အမှုတော်ဆောင်အဖွဲ့အစည်း၏ ဥက္ကဌ၊ ဒုတိယ ဥက္ကဌ များအဖြစ်‌ ရွေးကောက်ခြင်းခံခဲ့ရကာ CLF ကို ကူညီပေးပြီး CLF conference အတွက် လူဖိတ်ခေါ်သောကဏ္ဍတွင် ကူညီပေးခဲ့ပါသည်။ သင်းအုပ်ဆရာ Asare သည် ဂါနာအမှုတော်ဆောင်အဖွဲ့၏ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး CLF နှင့် မိဿဟာရဖွဲ့ကာ နှုတ်ကပတ်တော်ကို နှစ်အတန်ကြာ နားထောင်ခဲ့ပါသည်။ 2022 ခုနှစ်တွင် သင်းအုပ်ဆရာ Asare သည် ဂါနာအမှုတော်ဆောင်အဖွဲ့အစည်း၏ ဥက္ကဌ ဖြစ်လာပြီး CLF ကိုကူညီပေးခဲ့ပါသည်။ CLF နှင့် အတူလက်တွဲ လျက်ရှိသော ယခင်ဂါနာခရစ်ယာန်အဖွဲ့အစည်း ဥက္ကဌဟောင်းဖြစ်သူ သင်းအုပ်ဆရာကလည်း မိမိအသင်းသူ အသင်းသားများကို ကျွန်ုပ်တို့ဆီမှ သင်ယူထားသော ဧဝံဂေလိတရားကို ဟော‌‌ပြောသင်ကြားပေးလျက်ရှိနေပါသည်။ ကိုရီးယား CLF ပါဝင်တက်ရောက်ခဲ့ဖူးသော Jerome Pastor လည်း ဟေတီခရစ်ယာန်အဖွဲ့ချုပ် ဒုတိယဥက္ကဌဖြစ်လာပြီး ဟေတီအသင်းတော်မှ အမှုတော်ဆောင်အသင်းအုပ်ဆရာများကို CLF နှင့် ဆက်သွယ်ပေးလျက်ရှိနေပါသည်။ ထိုမျှမက New York မှ မြောက်မြားလှစွာသော အသင်းတော်များသည် CLF conference တွင် ပါဝင်လျက်ရှိနေပါသည်။ – Pastor Eun Chong Park / Manhatan, NewYork.

သင်းအုပ်ဆရာများကို CLF Conference သို့ ဖိတ်ခေါ်ခြင်း

CLF World Conference စတင်ခြင်း

CLF ဥက္ကဌ Young Kok Park ၏ ဆုတောင်းဆက်ကပ်ခြင်း၊ Pastor Keith Reed နှင့် Pastor John Wilkerson ၏ ဂုဏ်ပြုစကားပြောဆိုခြင်းဖြင့် အစပြုခဲ့ပါသည်။ Pastor Young Kok Park မှ ဆုတောင်းခြင်းအားဖြင့် မျှော်လင့်ချက်မဲ့ခြင်း၊ ပျက်စီးခြင်းထဲမှာ နှစ်မြုပ်သွားတဲ့ ဒါဝိဒ်ကိုပေးသော ကတိတော်သည် ကျွန်ုပ်တို့ကိုပေးတဲ့ မျှော်လင့်ခြင်းကတိတော်ဖြစ်ပြီး၊ ယုံကြည်ခြင်းအသက်တာ ဆုံးရှုံးသွားတဲ့ အမေရိကန်ကို တဖန်ပြန်လည်ကာ ဧဝံဂေလိတရားဖုံးလွှမ်းစေရန် သင်းအုပ်ဆရာများ၏ စိတ်နှလုံးသားကို နှုတ်ကပတ်တော်အားဖြင့် ပြည့်ဝလာရန် ဆုတောင်းခဲ့ပါသည်။

Gracias Choir ၏ လှပသော ဖျော်ဖြေတင်မှုအပြီး CLF Founder, CLF World Conference ၏ main speaker Ock Soo Park ဆရာကြီးမှ နှုတ်ကပတ်တော်ဟောပြောခြင်း

LA CLF Conference နှင့် Maxico Easter ပွဲတော် အဆုံးသတ်ပြီး New York ကို ရောက်ရှိလာတဲ့ Pastor Ock Soo Park Conference ပထမနေ့ညနေခင်းမှာ ရှင်လုကာခရစ်ဝင် အခန်းကြီး ၁၀ မှ “ဓါးပြတိုက်ခံရသောသူ” အကြောင်းအားဖြင့် စတင်ဟောပြောခဲ့ပါသည်။

အခန်းကြီးထဲမှာ အပြည့်ထိုင်နေကြသော သင်းအုပ်ဆရာများကို “ဓါးပြတိုက်ခံရတဲ့သူက ကယ်တင်ခြင်းရဖို့ ဘာလုပ်ခဲ့တာရှိလဲ?” ဆိုတဲ့ မေးခွန်းနဲ့ အစပြုကာ Pastor Ock Soo Park မှ ဝတ်ပြုရာကျမ်း အခန်းကြီး ၄၊ ယေရမိ အခန်းကြီး ၁၇၊ ဟေဗြဲ အခန်းကြီး ၉၊ ၁၀ အားဖြင့် ဘာလုပ်ဆောင်မှုမှ မပါဘဲ ယေရှုခရစ်တော်၏ အသေခံခြင်းအားဖြင့်၊ ကျေးဇူးတော် ဧဝံဂေလိတရားကို ဝေငှခဲ့ပြီး ပါဝင်တက်ရောက်သူများက အားပါးတရ လက်ခုပ်တီး အားပေးခဲ့ကြပါသည်။

ဝတ်ပြုရာကျမ်းမှ အပြစ်ဖြေရာယဇ်ပူဇော်ခြင်းက အနာဂတ်မှာ ကျွန်ုပ်တို့ရဲ့အပြစ်များကို လက်ဝါးကပ်တိုင်မှာ အသေခံပေးမည့် ယေရှုခရစ်တော်ရဲ့အရိပ်ဖြစ်ပြီး၊ ဥပုသ်နေ့ကတော့ လေ့လာတဲ့ အပြစ်ရဲ့ဝန်ကို ထမ်းနေရတဲ့ ကျွန်ုပ်တို့က ယေရှုခရစ်တော်အားဖြင့် အပြစ်ရဲ့ဝန်မှ လွတ်မြောက်သွားမှာဖြစ်တဲ့အကြောင်း ဖော်ပြတဲ့အရိပ်ဖြစ်ပါသည်။ ယေရှုခရစ်ဆီရောက်ရင် ငါ့ရဲ့အပြစ်ဝန်တွေအားလုံးမှ လွတ်မြောက်မည်ဖြစ်သည်။ ဥပုသ်နေ့ဆိုသည် ထိုအရာကို သင်ပေးနေတာဖြစ်ပါသည်။ အပြစ်မှ လွတ်မြောက်ခြင်းရရှိဖို့ရန် ကျွန်တော်တို့လုပ်ရမည့်အရာ ဘာမှမရှိပါဘူး။ ဘုရားသခင်က ကျွန်တော်တို့ကို ဘာအကျင့်မှမတောင်းဆိုပါဘူး။ ဥပုသ်နေ့ရဲ့သခင်ဖြစ်တဲ့ ယေရှုခရစ်ကသာ လုပ်ဆောင်ပေးခဲ့တာဖြစ်ပါသည်။

ဇိကလတ်မြို့ မီးလောင်သွားပြီး မိသားစုအားလုံး စစ်သုံ့ပန်းအဖြစ် ဖမ်းခေါ်သွားခြင်းခံရပြီး မျှော်လင့်ချက်မဲ့ စိတ်ပျက်စရာကောင်းတဲ့ အခြေအနေထဲမှာ ဒါဝိဒ်မင်းကြီးက ဆုံးရှုံးသွားတဲ့အရာအားလုံး ပြန်သိမ်းပိုက်နိုင်ခဲ့တဲ့ အကြောင်းပြချက်မှာ “ဆက်ဆက်မှီ၍၊ အလုံးစုံတို့ကို ပြန်ရမည်” ဆိုတဲ့ ဘုရားသခင်ရဲ့ ကတိတော်ကို ယုံကြည်တဲ့အတွက်ကြောင့် ဖြစ်ပါသည်။ ကိုရိုနာကပ်ရောဂါကြောင့် အသင်းသူ အသင်းသားတွေကို ဆုံးရှုံးလိုက်ရပြီး အမှုတော်ဆောင်ဖို့ မျှော်လင့်ခြင်းပျောက်ရှုံးနေတဲ့ မြောက်များလှစွာသော သင်းအုပ်ဆရာများ၏ ရှုံးဆုံးသွားတဲ့အရာအားလုံးကို ပြန်လည်ရရှိစေမည့် 2022 CLF World Conference သည် လူတွေရဲ့ နှလုံးသားထဲကို ယုံကြည်ခြင်း၊ မျှော်လင့်ခြင်းတွေနဲ့ ဖြည့်ဆည်းပေးမည့် ဘုရားသခင်ရဲ့ ပြုပြင်ခြင်းတွေကို မျှော်လင့်လျှက်ရှိနေပါသည်။

နောက်ဆုံးတင်ထားသော ပို့စ်များ