January 15, 2025

Zimbabwe CLF, “အမှုပြီးပြီ”

zimbabwe-clf

Zimbabwe (၂) ည (၃) ရက် ခရီးစဥ်ထဲမှ ဒုတိယနေ့ရက်ဖြစ်သော မတ်လ (၂၆) ရက် (စနေနေ့) နံနက်ပိုင်း (၁၀) နာရီတွင် Public Lecture (Celebration Center) ပွဲကျင်းပရေးစင်တာ၏ ပင်မခန်းမ၌ ကျင်းပခဲ့ပါသည်။


အဆိုပါပွဲကို Zimbabwe Harare ခရိုင် (၁၀) ခု ( Chitungwiza, Domboshava, Bodily, Fwealth, တွေ့ဆုံစကားပြောသူများ စသော) ၌ ကျင်းပခဲ့ပြီး လူပေါင်း (၁၅၀၀) ကျော် ပါဝင်ခဲ့ကြပါသည်။Harare ဝန်ကြီး အပါအဝင် မြို့တော်ခန်းမမှ တာဝန်ရှိသူများ၊ အထွေထွေ ညွှန်ကြားရေးမှူးတို့ အပါအဝင် ပညာရေးဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ သမ္မတရုံးဝန်ထမ်းများ၊ Zimbabwe (ဇင်ဘာဘွေ) နိုင်ငံ ဂိုဏ်းခွဲအဖွဲ့ဝင်အသီးသီးမှ ကိုယ်စားလှယ် အမှုတော်ဆောင်များနှင့် နိုင်ငံသားများ တတ်ရောက်ခဲ့ကြပါသည်။


ပွဲအတွက် လက်ရှိ ဇင်ဘာဘွေ အသင်းတော်နှင့် ဆက်သွယ်ခဲ့သော CLF အမှုတော်ဆောင်များသည် ဒေသတစ်ခုစီမှ ပါဝင်တက်ရောက်သူများကို ဖိတ်ခေါ်ခဲ့ပြီး ကြော်ငြာပရိုမိုးရှင်းတွင် အာရုံစိုက်ခဲ့ကြပါသည်။ လွန်ခဲ့သော ဖေဖော်ဝါရီလမှ စုဝေးလာကြသော စေတနာ့ဝန်ထမ်း အယောက် (၁၀၀) ကျော်လည်း အတူလုပ်ဆောင်ပြီး ဧည့်ကြိုခြင်း၊ ထမင်းဝေခြင်း၊ သန့်ရှင်းရေးလုပ်ခြင်း စသည့် အမျိုးမျိုးသော အခန်းကဏ္ဍများတွင် အစီအစဥ်ချောမွေ့စွာလည်ပတ်နိုင်စေရန် ကူညီပေးခဲ့ပါသည်။


CLF ပရိုမိုးရှင်းဗီဒီယိုနှင့် အတူ ပွဲကို စတင်ခဲ့ပြီး၊ Zimbabwe (ဇင်ဘာဘွေ) ခရစ်ယာန်ဧဝံဂေလိဆရာများပေါင်းစည်းခြင်း (ZCMA) ဘီးရှောပ့် Christopher Choto ဥက္ကဌက ဆုတောင်းပေးခဲ့ပါသည်။

Gracias Choir အဖွဲ့၏ တင်ဆက်မှုသည် နှုတ်ကပတ်တော်မစမှီ လူပရိသတ်၏စိတ်ကို ဖွင့်စေခဲ့ပါသည်။ အထူးသဖြင့် ဒေသ ရှိုနာဘာသာစကား (ဇင်ဘာဘွေ ရှိုနာလူမျိုးကသုံးတဲ့ မိခင်ဘာသာစကား) သီချင်းဖြစ်တဲ့ (Ndoda) သီချင်းကို ဆိုလိုက်သောအချိန်တွင် ပါဝင်တက်ရောက်သူအားလုံးက ထိုင်နေရာမှထပြီး သီချင်းကို အတူဆိုရင်း အားပေးခဲ့ကြပါသည်။

ယခုပွဲ၏အဓိက ဟောပြောသူ ဆရာကြီး Ock Soo Park သည် ရှင်ယောဟန် အခန်းကြီး (၅) ၌ပါသော ဗေသေဒလရေကန်မှ (၃၈) နှစ် ရောဂါသည်အကြောင်းကို အသုံးပြုပြီး ယေရှုသည် ရောဂါသည်ကို ‘ထလော့၊ ကိုယ့်အိပ်ယာကို ဆောင်၍လှမ်းသွားလော့။’ ဟု နှုတ်ကပတ်တော်ကို ပြောသောအချိန်တွင် မိမိစိတ်နှင့် မကိုက်ညီသော်လည်း ထိုစိတ်ကို လွှတ်ချလိုက်ပြီး ယေရှုခရစ်တော်၏နှုတ်ကပတ်တော်ကို ယုံကြည်ပြီး နောက်လိုက်သွားတဲ့အချိန်မှာ အဲဒီ တန်ခိုးတော်ကို အရသာခံစားရသကဲ့သို့ အပြစ်သားဖြစ်သော ကျွန်ုပ်တို့ကို ဖြောင့်မတ်သောသူဖြစ်သည်ဟုပြောသော ယေရှုခရစ်တော်၏နှုတ်ကပတ်တော်က ကျွန်ုပ်တို့ အကြံအစည်နှင့် မတူညီသော်လည်း အဆိုပါနှုတ်ကပတ်တော်ကို လက်ခံရမည်ဟု ဟောပြောခဲ့ပါသည်။နှုတ်ကပတ်တော်အဆုံးသတ်ခါနီးတွင် ဆရာကြီး Ock Soo Park က ဒီအထဲမှာ သက်သေခံလိုသောသူရှိလားဟု မေးသောအခါ ပါဝင်သူအချို့က စင်ပေါ်တက်လာပြီး သက်သေခံခဲ့ကြပါသည်။


ထိုအထဲမှ တစ်ယောက်က “ကျမကတော့ တစ်ဘဝလုံး အပြစ်သားလို့ ခံစားခဲ့ပေမဲ့ ဒီကနေ့ နှုတ်ကပတ်တော်ကို နားထောင်ပြီး ကျမက အပြစ်သား မဟုတ်တော့ဘူးဆိုတဲ့ အမှန်တရားကို သိရှိခွင့်ရရှိခဲ့ပါတယ်။ ကျမကတော့ အခု လွတ်လပ်သွားပါပြီ။ ကျမကတော့ အပြစ်ကနေ လွှတ်မြောက်ခြင်းကို လက်ခံရရှိပြီးပါပြီ” ဟုဆိုပြီး ပီတိဖြစ်ခဲ့ပါသည်။


ဆက်လက်ပြီး CLF အားဖြင့် ကယ်တင်ခြင်းလက်ခံပြီး အတူပါဝင်ကူညီခဲ့သော Nyavereka ဆရာမကမူ ရောဂါရှိလို့ နှစ်ပေါင်းများစွာ ဝေဒနာခံစားပြီးနောက် စိတ်နှလုံးသားမှောင်မိုက်စွာ အသက်ရှင်ခဲ့ပါသည်။ လွန်ခဲ့သော (၂) နှစ်က ဆရာကြီး Ock Soo Park ၏ အစာအိမ်နာရာမှ ပျောက်ကင်းသွားသော သက်သေခံချက်ကို နားထောင်ပြီး ရှင်မာကု (၁း၂၄) နှုတ်ကပတ်တော်ကို ယုံကြည်လိုက်သောအခါမှာ ယုံကြည်သည့်အတိုင်း ခြေထောက်လည်း ကောင်းသွားပြီး ယခုကျန်းကျန်းမာမာနှင့် လမ်းလျှောက်နိုင်ပြီး ဧဝံဂေလိတရားကို ဟောပြောနေသည်ဟု သက်သေခံခဲ့ပါသည်။ နံနက်ပိုင်း နှုတ်ကပတ်တော်ကို အဆုံးသတ်ပြီးနောက် နေ့လယ်စာစားကာ ညနေပိုင်း (၂) နာရီမှစပြီး ညနေပိုင်း အစီအစဥ်ကို ပြုလုပ်ခဲ့ပါသည်။


ဘီးရှောပ့် Christopher Choto (ဇင်ဘာဘွေ ခရစ်ယာန်ဧဝံဂေလိဆရာများပေါင်းစည်းခြင်း ZCMA ဥက္ကဌ)“ကျေးဇူးတင်ပါတယ်။ ဒီကနေ့ Good News Mission အသင်းတော်၊ ဆရာကြီး Ock Soo Park နဲ့အတူ နှစ်ဦးသဘောတူစာချုပ်ချုပ်ဆိုတဲ့ အရာက အရမ်းကို လှပတဲ့အချိန်ဖြစ်ခဲ့ပါတယ်။ ဒီစာချုပ်အားဖြင့် အချင်းချင်း ခွန်အားတွေပေးပြီး အမျိုးအမျိုးသော အခန်းကဏ္ဍတွေမှာ အလုပ်လုပ်နိုင်သွားပြီ ဖြစ်ပါတယ်။ ဒီအရာအားဖြင့် အသင်းတော် အမှုတော်ဆောင်တွေလည်း ကြီးကျယ်ခမ်းနားပြီး ဘုရားသခင်ရဲ့ Mission မှာ ပိုပြီး ထိထိရောက်ရောက် တုံ့ပြန်နိုင်မယ်လို့ ထင်တယ်။ အဲဒီအရာက ဇင်ဘာဘွေ အသင်းတော်ရဲ့ အမှုတော်ဆောင်ဆရာတွေအတွက် အရေးကြီးတယ်လို့ စဥ်းစားမိပါတယ်။ အမှုတော်ဆောင်ဆိုတာ ဒေသနာဟောပြောရုံသာမက ဘုရားကျောင်းမလာကြသူများထံ ဆက်သွယ်ခြင်းသာဖြစ်ကြောင်း စဥ်းစားမိလို့ ဒီနားလည်မှုစာချွန်လွှာက ပိုပြီးအဓိပ္ပါယ်ရှိတယ်လို့ ထင်ပါတယ်။ ကျနော်တို့ရဲ့ အမှုတော်ဆောင်၊ ဧဝံဂေလိဆရာ၊ သာသနာပြုဆရာတွေအားလုံး အကြုံးဝင်ပါတယ်။ ကျနော်တို့က လုပ်ဖော်ကိုက်ဖက် ဖြစ်လာပြီး Zimbabwe သာမက Good News Mission အသင်းတော်နဲ့ CLF အားဖြင့် အာဖရိကတိုက်ကြီး တစ်ခုလုံးမှာ အတူတကွ အလုပ်လုပ်နိုင်ပြီ ဖြစ်လို့ ဒီ နားလည်မှုစာချွန်လွှာကတော့ တကယ်ကို ခွန်အားရှိတာ ဖြစ်ပါတယ်။ Good News Mission အသင်းတော်နဲ့ Zimbabwe ခရစ်ယာန်ဧဝံဂေလိဆရာများ ပေါင်းစည်းခြင်းက အတူတကွ အလုပ်လုပ်ရင် အာဖရိက တစ်တိုက်လုံး ကယ်တင်ခြင်းလက်ခံကြမယ်လို့ စဥ်စားမိပါတယ်။ ကျေးဇူးတင်ပါတယ်။”ညနေပိုင်း (၂) နာရီကနေ ပြုလုပ်ခဲ့သော အစည်းအဝေးတွင် CLF အစည်းအဝေးအားဖြင့် အတူတကွ အလုပ်လုပ်နေသော Zimbabwe ဧဝံဂေလိအသင်း၏ ဒုတိယဥက္ကဌ ဘီးရှောပ့် Deirat ၏ ဆုတောင်းပေးခြင်းဖြင့် အစပြုခဲ့ပါသည်။

အဓိကဟောပြောသူ ဆရာကြီး Ock Soo Park ကတော့ ကယ်တင်ခြင်းလက်ခံပြီးနောက် ဘုရားသခင်သည် ဘဝအသက်တာ၏ အရာအားလုံးကို အသေးစိတ် ဆွဲခေါ်ပေးပြီး ကူညီမစပေးသော သက်သေခံချက်ကို ပြောရင်း Eswatini ဘုရင်ကို မထင်မှတ်ဘဲ ဘုရားသခင်၏ မြင့်မြတ်မှုနှင့် ဆွဲခေါ်မှုကြောင့် တွေ့ဆုံခွင့်ရခဲ့ကြောင်းကို ပြောရင်း လူသားမလုပ်နိုင်သောအလုပ်ကို ဘုရားသခင်က အံ့သြစရာကောင်းအောင် ဆွဲခေါ်ပေးခဲ့သည်ဟု သက်သေခံခဲ့ပါသည်။

နှုတ်ကပတ်တော်ကို နားထောင်ခဲ့သော ပါဝင်တက်ရောက်သူများက လက်ထောင်ပြီး အာမင်ဟု ကြွေးကြော်ကာ လက်ခုပ်သီးရင်း ဘုရားသခင်က အံ့သြစရာကောင်းအောင် အလုပ်လုပ်ပေးတဲ့အရာကို အားပေးခဲ့ကြပါသည်။

(၃) လပိုင်း (၂၆) ရက်တွင်မူ Zimbabwe (ဇင်ဘာဘွေ) ၏ ရွေးကောက်ပွဲနေ့ဖြစ်၍ နိုင်ငံရေးတင်းမာမှုများ၊ ဝါဒဖြန့်မှုများကြောင့် လူအများ စုဝေးဖို့ရန် ခက်ခဲလိမ့်မည်ဟု စိုးရိမ်မှုများလည်း ရှိခဲ့သော်လည်း ဘုရားသခင်သည် Zimbabwe (ဇင်ဘာဘွေ) လူတွေကို ချစ်သောကြောင့် မနက်ပိုင်း၊ ညနေပိုင်းတို့တွင် ၂၅၀၀ ခန့်ရှိသော လူများကို တန်ဖိုးရှိသော ဧဝံဂေလိတရားကို ကြားနားစေခဲ့ပါသည်။ ဆက်လက်၍ Zimbabwe (ဇင်ဘာဘွေ) အမျိုးသား ရုပ်သံလှိုင်းပေါ်တွင် ဆရာကြီး Ock Soo Park ၏ အလည်အပတ်ရောက်ရှိလာခြင်း ခရီးစဥ်ကို မိတ်ဆက်ပေးပြီး လူထုအကြားတွင် ကျေးဇူးတော်၏ ဧဝံဂေလိတရားက ပျံ့နှံ့သွားသော အံ့ဖွယ်နေ့လေးတစ်နေ့ ဖြစ်ခဲ့ပါသည်။ ယခုတစ်ခေါက် ဆရာကြီး Ock Soo Park ၏ Zimbabwe (ဇင်ဘာဘွေ) အလည်အပတ်ရောက်ရှိလာခြင်းအားဖြင့် ကြဲခဲ့သော ဧဝံဂေလိတရား မျိုးစေ့သည် ကြီးထွားလာပြီး Zimbabwe (ဇင်ဘာဘွေ) လူထုအားလုံးကို ဧဝံဂေလိတရား ပျံ့နှံ့သွားဖို့ရန် မျှော်လင့်မိပါသည်။


🔹🔹🔹

နောက်ဆုံးတင်ထားသော ပို့စ်များ